/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နို့တိုက်မိခင်တွေမှာ-ဆီးချိုဖြစ်နိုင်စွမ်း-ကျဆင်းသွားပါသတဲ့

နို့တိုက်မိခင်တွေမှာ ဆီးချိုဖြစ်နိုင်စွမ်း ကျဆင်းသွားပါသတဲ့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         ၂၀၁၈၊ မတ်လမှာ တင်ပြဆွေးနွေးလာတဲ့ နှစ်သုံးဆယ်ကြာ သုတေသနတစ်ခုအရ အသက် ၁၈ ကနေ ၃၀ ကြား မိခင်ပေါင်း တစ်ထောင်ကျော်ကို ပြုလုပ်ခဲ့တဲ့ တွေ့ရှိချက်တွေမှာ ဒီလိုလေးတွေ ပြောထားပါတယ်။ စိတ်၀င်စားစရာမို့ ဖတ်ကြည့်ကြပါနော်။

          နို့တိုက်မေမေတွေမှာ အမျိုးအစား ၂ ဆီးချိုရောဂါ အဖြစ်နည်းလာပါသတဲ့။

          မွေးဖွားတဲ့ကလေးကို အနည်းဆုံး ခြောက်လကြာ မိခင်နို့တိုက်ခဲ့တဲ့  အမျိုးသမီးတွေဟာ ဆီးချိုရောဂါဖြစ်နိုင်စွမ်း ကျဆင်းလာပြီး ခြောက်လအောက် နို့တိုက်ခဲ့တဲ့ မိခင်တွေကျတော့ ၂၅ ရာခိုင်နှုန်း ဆီးချိုဖြစ်နှုန်းကျဆင်းသွားပါသတဲ့။

          သုတေသနမှာ နို့တိုက်မိခင်တွေရဲ့ လူမျိုး၊ အစားအသောက်၊ အလေ့အထနဲ့ တခြားအခြေအနေတွေကိုတော့ ထည့်သွင်းမဆန်းစစ်ခဲ့ကြပေမယ့် အချက်တွေက လူတိုင်းအတွက် မှန်နေပြန်ပါတယ်။

          ရင်သွေးလေးကို နို့တိုက်ပေးတဲ့ မိခင်တွေဟာ ပြန်လည်ရရှိတဲ့ ဆုလာဒ်အနေနဲ့ ဆီးချိုရောဂါဖြစ်ပွားစေမယ့် အန္တရာယ် သိသိသာသာ ကျဆင်းသွားတာပါ။

          မိခင်နို့ဟာ မိခင်ရော ကလေးရောအတွက် အကျိုးရလဒ် အများကြီးရစေတယ်ဆိုတာ သေချာသလောက်ပါပဲ။ နို့တိုက်တဲ့အခါ နည်းလမ်းမှန်ပါစေ။

●        မွေးကင်းစလေးတွေကို တစ်ရက်ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ နို့တိုက်ပါ။ ၂ နာရီခြား တစ်ခါတိုက်ပါ။

●        နို်မတိုက်ခင် ရင်သားတွေမှာ ရေနွေးဝတ်လေးနဲ့ အသာအယာ အုပ်ပေးရင် နို့ချောင်းပွင့်စေပြီး နို့ပိုထွက်စေပါတယ်။

●        ဘေဘီလေးတွေကို ချိုလိမ်မပေးပါနဲ့။ ဗိုက်ထဲကို လေတွေ ဝင်သွားပြီး နို့ကောင်းကောင်း မစို့နိုင်တော့ပါဘူး။

●        နို့ဆာနေတဲ့ ဘေဘီဘေးက လက်ကလေးတွေ ဆုပ်နေတတ်ပြီး နို့၀တဲ့ကလေးကတော့ လက်ကလေးတွေ ဖြန့်ချည်ဆုပ်ချည် လုပ်နေတတ်ပါတယ်။

 

          မိမိကိုယ်တိုင်လည်း ဆီးချိုကင်းဝေး ကျန်းမာသက်ရှည်ဖို့ ရင်သွေးလေးလည်း ဉာဏ်ကောင်းထက်မြက်ဖို့ မွေးစကနေ ခြောက်လ၊ တစ်နှစ်အထိ ဘေဘီတို့ကို ဂရုတစိုက် နို့ချိုတိုက်ကျွေးကြပါစို့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)