/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပျိုပျိုမေတို့-သွေးဆုံးမစောဖို့

ပျိုပျိုမေတို့ သွေးဆုံးမစောဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကျန်​းမာ​ရေးနဲ့ညီညွတ်​မျှတစွာ စားသုံးခြင်​းက ​သွေး​စေ​ာ​စောဆုံးခြင်​းကို ကာကွယ်​တားဆီး​ပေးနိုင်​တယ်​လို့ ဆိုပါတယ်​။ ကျန်​းမာ​ရေးနဲ့ညီညွတ်​တဲ့အဆီဓာတ်​ကြွယ်​ဝတဲ့ငါး​တွေနဲ့ ပဲ​တွေဟာ အမျိုးသမီး​တွေ​သွေး​စော​စောမဆုံး​အောင်​ တားဆီး​ပေးနိုင်တယ်​လို့ ဆိုပါတယ်​။

ပူရှိန်​းရှိန်​းဖြစ်​ခြင်​း၊ စိတ်​အတက်​အကျမြန်​ခြင်​း၊ ရာသီမမှန်​ခြင်​းစတာ​တွေဟာ ​သွေးဆုံးလက္ခဏာ​တွေ ဖြစ်​ပါတယ်​။ အမျိုးသမီးအများစုဟာ အသက်​ ၄၅ မှ ၅၅ အတွင်​း ​သွေးဆုံးတတ်​​ပေမယ်​့ တစ်​ချို့အမျိုးသမီး​တွေဟာ ပုံမှန်​ထက်​ပို​စောတာ၊ ​နောက်​ကျတာ​တွေ ဖြစ်​နိုင်​ပါတယ်​။

အင်္ဂလန်​မှတက္ကသိုလ်​တစ်​ခုရဲ့​လေ့လာမှုအရ အစားအ​သောက်​တစ်​ချို့က ​သွေးဆုံးတဲ့အသက်​အ​ပေါ် သက်​​ရောက်​မှုရှိနိုင်တယ်​လို့ ဆိုပါတယ်​။

>> ​သွေးဆုံးခြင်​းအစ

 

​လေ့လာသူ​တွေဟာ အသက်​ ၃၅ နှစ်​မှ ၆၉ နှစ်​အတွင်​းရှိ ဗြိတိန်​အမျိုးသမီး ၁၄,၁၅၀ တို့အား​ ​မျိုးဆက်​ပွားမှုရာဇဝင်​အပြင်​ နေထိုင်​ရာ​နေရာ၊ ကိုယ်​အ​လေးချိန်​နဲ့ လှုပ်​ရှားမှု​တွေကိုပါ ​မေးမြန်​းပြီး ၄နှစ်​အကြာမှာ ​သွေးဆုံးသူအမျိုးသမီး​တွေရဲ့ စား​သောက်​ပုံကို​လေ့လာကြည်​့ခဲ့ကြပါတယ်​။

          အစမ်​းသပ်​ခံသူ​တွေထဲမှ အမျိုးသမီး ၉၀၀ ခန်​့ဟာ ၄ နှစ်​အကြာပြန်​စစ်​​ဆေးတဲ့အခါ ​သွေးဆုံး​နေကြပါတယ်​။ ၁၂ လလုံးလုံး ဓမ္မတာရပ်​တန်​့သွားပြီး ကင်​ဆာ၊ ခွဲစိတ်​မှု၊ ​ဆေးဝါးကုသမှု​တွေ​ကြောင်​့မဟုတ်​ဘဲ သဘာဝအ​လျောက်​ ​သွေးဆုံးကြခြင်​းဖြစ်​ပါတယ်​။

​လေ့လာမှုအရ ကျန်​းမာ​ရေးနဲ့ညီညွတ်​တဲ့ အဆီထူငါးနဲ့ ပဲမျိုးစုံတို့ကို များများ​စား​ပေးခြင်​းက ​သွေးဆုံးတာကို​ နှေး​စေ​ကြောင်​း​တွေ့ရပြီး အဆီများငါးများများစားသူ​တွေဟာ ၃နှစ်​​လောက်ထိ​သွေးဆုံး​နှောင့်​နှေး​ကြောင်​း ​တွေ့ရပါတယ်​။

တစ်​ဖက်​မှာလည်​း အ​ရောင်​ချွတ်​ထားတဲ့ဂျုံ​တွေ၊ ဆန်​​တွေကို စားသုံးကြသူ​တွေမှာ ၁နှစ်​၁နှစ်​ခွဲ​လောက်​ ​စောပြီး​သွေးဆုံးတတ်​ကြ​ကြောင်​း သိရပါတယ်​။

 

>> ကျန်​းမာ​ရေး​ကောင်​းကျိုးဆိုးကျိုးများ

 

ဒီလိုအစားအ​သောက်​နဲ့​သွေးဆုံးချိန်​ဆက်​နွယ်​မှုကို သိရှိခြင်​းက ​သွေးဆုံးခြင်​းနဲ့ပတ်​သတ်​ပြီး​ နောက်​ဆက်​တွဲဆိုးကျိုးဖြစ်​နိုင်​​ခြေများသ​ူ​တွေ၊ မိသားစုရာဇဝင်​ရှိသူ​တွေအဖို့ အားတက်​စရာဖြစ်​ပါတယ်​။

 

အရင်​့အရင်​​လေ့လာမှု​တွေမှာ ပုံမှန​်​​သွေးဆုံးချိန်​ဟာ မျိုးရိုးဗီဇ၊ အပြုအမူအ​နေအထိုင်​နဲ့ ပတ်​ဝန်​းကျင်​အ​ခြေအ​နေ​တွေအ​ပေါ်မူတည်​​နေ​ကြောင်​း ​ဖော်​ပြခဲ့ကြ​ပေမယ့်​ ဒီလိုအစားအ​သောက်​နဲ့ ဆက်​နွယ်​မှု​ရှိ​ကြောင်​းပြသတာက​တော့ ဒီ​လေ့လာမှုကပထမဆုံးဖြစ်​ပါတယ်​။

 

​စော​စော​သွေးဆုံးခြင်​းက အရိုးသိပ်​သည်​းဆကိုနည်​း​စေကာ အရိုးပွ​စေပြီး နှလုံး​ရောဂါဖြစ်​နှုန်​းများ​စေနိုင်​ပါတယ်​။ ​နောက်​ကျမှ​သွေးဆုံးဖြင်​့ကလည်​း ရင်​သားကင်​ဆာ၊ သားဥအိမ်​ကင်​ဆာ၊ သားအိမ်​ကင်​ဆာ​တွေ ဖြစ်​​စေတတ်​ပါတယ်​။

 

ဒါ​ပေမယ်​့ ​နောက်​ကျမှ​သွေးဆုံးခြင်​းဟာ အီစထရိုဂျင်​ထုတ်​လုပ်​မှုကို ဆက်​လက်​ဖြစ်​​စေတဲ့အတွက်​ နှလုံး၊ ဦး​နှောက်​၊ အရိုး၊ မျိုးဆက်​ပွားကျန်​းမာ​ရေးနဲ့ အဆစ်​အမြစ်​​တွေအတွက်​ ​ကောင်​းမွန်​တယ်​လု့ိ သိရပါတယ်​။

 

www.drmyanmar.com

(Unicode)




 


 





 


 


 


 


 


 

www.drmyanmar.com