/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဘယ်အရာတွေကအီစတိုဂျင်-estrogen-နဲ့-ပရိုဂျက်စတုန်း-progestrone

ဘယ်အရာတွေကအီစတိုဂျင် (estrogen) နဲ့ ပရိုဂျက်စတုန်း (progestrone) ဟော်မုန်းအပေါ် သက်ရောက်မှုရှိသလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        အီစထရိုဂျင် (estrogen)နဲ့ ပရိုဂျက်စတုန်း (progesterone) ဟော်မုန်းနှစ်မျိုးဟာ ရာသီစက်၀န်းအတွင်းရှိ လုပ်ငန်းများပုံမှန် ဆောင်ရွက်နိုင်ရန်အတွက် အရေးပါတဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ ရာသီစက်၀န်းအစပိုင်း လုပ်ငန်းတွေကိုအီစထရိုဂျင်ဟော်မုန်းက တာ၀န်ယူလုပ်ဆောင်ပေးပြီး ရာသီစက်၀န်းအလယ်ရှိ လုပ်ငန်းတွေကိုတော့ ပရိုဂျက်စတုန်းဟော်မုန်းကဆက်လက်လုပ်ဆောင်ပေးပါတယ်။ ၎င်းဟော်မုန်းနှစ်ခုညီညွတ်မျှတမှသာ ရာသီစက်၀န်းပုံမှန် လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟော်မုန်း(2) မျိုးလုံးရဲ့ ပမာဏညီညွတ်မျှတစေရန် ဘယ်အရာတွေကိုရှောင်သင့်ပြီး ဘယ်အရာတွေကို လိုက်နာသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

1.  လေ့ကျင့်ခန်း

          ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းထားခြင်းက ဟော်မုန်းပမာဏထိန်းညှိရာမှာ လွန်စွာအထောက်အကူပြု ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကိုလည်းပြေပျောက်စေတာကြောင့် ဟော်မုန်းပမာဏကို ညီညွတ်မျှတစေမှာဖြစ်ပါတယ်။

 

2.  စိတ်ဖိစီးမှု

          စိတ်ဖိစီးမှုကြောင့် ပရိုဂျက်စတုန်းဟော်မုန်းပမာဏကိုလျော့ကျစေပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် စိတ်နှလုံးတည်ငြိမ်အောင်ကြိုးစားသင့်ပါတယ်။

 

3.  ဓါတုပစ္စည်းများ

          အစားအစာများ၊ ပိုးသတ်ဆေးများနဲ့ ပလက်စတစ်ပစ္စည်းတွေမှာပါ၀င်တဲ့ ဓါတုပစ္စည်းတွေက အီစထရိုဂျင် ဟော်မုန်းပမာဏကို မြင့်တက်စေပါတယ်။ ဒါကြောင့် သဘာ၀ (အော်ဂဲနစ်)အစားအစာများကို စားသုံးဖို့နဲ့ ပလက်စတစ် ပစ္စည်းများအစားဖန်ထည်၊ ကြွေထည်များကိုသာအသုံးပြုသင့်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com