မိန်းမကိုယ်က အနံ့ဆိုးထွက်တဲ့အခါ လုံး၀ရှောင်ကြဉ်သင့်တာ ဘာတွေလဲ
မိန်းမကိုယ်က နံတယ်ဆိုပြီး မိမိဘာသာ ဆပ်ပြာတွေနဲ့ အတင်းပွတ်တိုက်ဆေးတာက မှန်ကန်တဲ့ လုပ်ဆောင်မှု မဟုတ်ပါဘူး။ မိန်းမကိုယ်အတွင်းပိုင်းကို သဘာဝအတိုင်း သန့်ရှင်းဖို့ ခန္ဓာကိုယ်က တာဝန်ယူပြီးသားပါ။
မိန်းမကိုယ် အတွင်းပိုင်းမှာ သဘာ၀က ဖန်တီးပေးထားတဲ့ အကာအကွယ် pH ဆိုတာ ရှိပါတယ်။ ဒီ pH လေးဟာ အမြဲမျှခြေတစ်ခုမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ပြင်ပဓာတုဗေဒ အစီအမံတွေနဲ့ ထုတ်လုပ်ထားတဲ့ ဆေးရည်မှန်သမျှဟာ မိန်းမကိုယ်အတွင်း pH မျှခြေကို ပျက်ပြားစေပါတယ်။
မိန်းမကိုယ်ဆေးကြောဖို့ ထုတ်ထားတဲ့ဆပ်ပြာတွေ အထူးဆေးရည်တွေကို သတိပြုပေးပါ။
● မိန်းမကိုယ်ကို ပိုလို့ခြောက်သွေ့စေပြီး ပိုးဝင်တတ်သလို
● ယောကျ်ားနဲ့နေတဲ့အခါ အတွင်းမှာ စိုစွတ်မှုနည်းပါးပြီး အရမ်းနာလာတတ်ပါတယ်။
မိန်းမကိုယ်အတွက် ထုတ်လုပ်ထားတဲ့ သန့်ရှင်းဆေးရည်တွေကို သုံးချင်သပဆိုရင် အပြင်မိန်းမကိုယ်ကို ဆေးဖို့ သုံးပါ။
သန့်ရှင်းဖို့ မိမိတာဝန်ယူပေးရမှာ မိန်းမအဂါၤ အပြင်ပိုင်းသာ ဖြစ်ပါတယ်။
● အမွေး ထူထူထဲထဲရှိရင် ရိတ်သင် ဖယ်ရှားနိုင်ပါတယ်။
● ရေပေါပေါများများ သုံးပြီး အပြင်ပိုင်းကို ဆေးလို့ရပါတယ်။
● အတွင်းကို နှိုက်မဆေးပါနဲ့။
● ဆေးပြီးတဲ့အခါ လူတိုင်း မေ့တတ်တာ ရေသုတ်ဖို့ပါ။
● တစ်ရှူးလေးနဲ့ ညင်ညင်သာသာ တို့ပြီး သုတ်ပေးပါ။ လုံချည်၊ တွေ့ကရာနဲ့ မသုတ်ပါနဲ့။ မသန့်ရှင်းတဲ့ အဝတ်တွေ၊ ထဘီတွေဟာ ပိုးဝင်ဖို့လမ်းကြောင်းပါပဲ။
မိန်းမတွေရဲ့ အဓိကနေရာလေးမှာ မွှေးကြိုင်နေဖို့ထက် သန့်ရှင်းကျန်းမာနေဖို့ အရေးကြီးတဲ့အတွက် ရှောင်ကြဉ်သင့်တာလေးတွေ သိထားဖို့ ဗဟုသုတ မျှေ၀လိုက်ပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























