ရင်သားကင်ဆာ ကာကွယ်နိုင်တဲ့ အစားအစာများ
ဘယ်အစားအစာက ကင်ဆာကို ကာကွယ်နိုင်တယ်လို့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အာဟာရပညာရှင်တွေရဲ့ အကြံပေးချက်တွေအရ အောက်ပါအစားအစာတွေကို နေ့စဉ်စားသုံးမယ်ဆိုရင် ရင်သားကင်ဆာကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ ရင်သားကင်ဆာဖြစ်ပွားနိုင်စွမ်းကို သိသိသာသာ လျော့ကျထိန်းချုပ်နိုင်မယ့် အစားအသောက်တွေ ရှိနေပါတယ်နော်။
● မွှေးကြိုင်တဲ့စိမ်းမြမြ လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန် ကျရုံတင်မကဘဲ သွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။ လက်ဖက်စိမ်းရည်မှာ ပိုလီဖီနောနဲ့ ကာတက်ချင်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။
● သလဲသီးဖျော်ရည်မှာ ပိုလီဖီနောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာကြောင့် ရင်သားကင်ဆာနဲ့ တခြားကင်ဆာတွေကို ကောင်းစွာကာကွယ်နိုင်ကြောင်း တိကျတဲ့သုတေသနတွေ ထွက်ရှိထားပါတယ်။
● စတော်ဘယ်ရီသီးတွေမှာလည်း ဓာတ်တိုးဆန်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ဗီတာမင်စီမှာ ထပ်ပေါင်း ပါဝင်တာကြောင့် ရင်သားကင်ဆာ ကာကွယ်ပါသတဲ့။
● ဆီးသီးနဲ့ မက်မွန်သီးဟာ ကင်ဆာဆဲလ်တွေ ပွားများမှုကို ထိရောက်စွာ ကာကွယ်ပေးပါသတဲ့။
အောက်ပါအသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင်စီ ဗီတာမင်အီးနဲ့ ဗီတာမင်ကေ အုပ်စုတွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ပေါကြွယ်တဲ့အပြင် ဂလူကိုစီနောလိတ်လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခု ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းဟာ ကင်ဆာအတော်များများကို တိုက်ဖျက်နိုင်ပါတယ်တဲ့။
● ပန်းဂေါ်ဖီစိမ်း
● မုန်လာထုပ်
● ပန်းမုန်လာ
● ခရမ်းသီး
အစိမ်းရင့်ရင့် အရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့အပြင် အမျှင်ဓာတ်တွေ ကြွယ်ဝလို့ ကင်ဆာ ကာကွယ်ပါတယ်။
● ကန်ဇွန်းရွက်
● မှို
● မုန်လာဥဖြူ
● မုန်လာဥနီ
စိမ်းရင့်ရောင်အပြင် အဝါရောင်အသီးအနှံတွေ အနီရဲရဲ အသီးတွေမှာ ဗီတာမင်အေ၊ လူသီယင်း၊ ဘီတာကယ်ရိုတင်းနဲ့ လိုက်ကိုပင်းတွေ ပါဝင်ပါတယ်။
● မုန်လာဥနီ
● ခရမ်းချဉ်သီး
● ကန်ဇွန်းဥတို့ ဖြစ်ပါတယ်။
အေပီဂျီနင်လို့ခေါ်တဲ့ ဖလေဗနွိုက်ဓာတ်ဟာ အသီးအနှံ အတော်များများမှာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အပြင် ရောင်ရမ်းခြင်းကိုပါ လျော့စေပါတယ်။
● ကညွတ်
● ကယ်မိုလိုင်း
● ပူစီနံ
● ကန်ဇွန်းရွက်
● ပင်စိမ်းရွက် တွေမှာ ပါဝင်လေ့ရှိပါတယ်။
ငါးကြီးဆီ အိုမီဂါသရီးဟာ ရင်သားကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ပါတယ်။
ဆော်လမွန်ငါး၊ ဆာဒင်းငါးတွေမှာ ပါဝင်တဲ့အပြင် ငါးကြီးဆီဆေးလုံးတွေလည်း မှီဝဲပေးနိုင်ပါတယ်။
လစ်ဂနင်နဲ့ ဆာပိုနင်ကတော့ နောက်ထပ်အသုံးကျတဲ့ စစ်သူကြီးနှစ်ဦးပေါ့။ သူတို့ကို ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ပဲနီလေး၊ မတ်ပဲတွေမှာ အများဆုံး တွေ့ရပါတယ်။
ပဲမျိုးရင်းအုပ်စုဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပရိုတင်း၊ ဖောလိပ်နဲ့ အမျှင်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။
ဆနွင်းမှာ ကာကူမင်ဓာတ် ပါဝင်ပြီး အားကောင်းတဲ့ ရောင်ရမ်းကျဆေးပါတဲ့။
ကြက်သွန်ဖြူမှာ ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် အသုံးကျပြီး နေ့စဉ် လတ်လတ်ဆတ်ဆတ် ဝါးစားသင့်တဲ့ အစာပါတဲ့။ ပူစပ်တဲ့ဓာတ်ဟာ ငရုတ်သီးစိမ်းတွေမှာ ပါဝင်ပြီး ရင်သားကင်ဆာ ခံစားနေရသူတွေမှာ ကင်ဆာဆဲလ်တွေ ပွားများမှုကိုနှေးကွေးစေတဲ့ ကင်ဆာဆန့်ကျင်ဓာတ် ဖြစ်ပါတယ်။
မြန်မာတွေစားနေကျ အစားအစာတွေအနက် ဆန်လုံးညို၊ ကွေကာအုပ်၊ ပြောင်းဖူးတွေမှာ ကင်ဆာတိုက်ဖျက်ရေး ပိုလီဖီနောတွေအပြင် မဂ္ဂနီဆီယမ်နဲ့ ပရိုတင်း၊ အမျှင်ဓာတ်တွေပါ ပြည့်ဝပါဝင်လို့ ရင်သားကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























