ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ နေ့စဉ်လုပ်နေတဲ့ အမှားများ
ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေအတွက်တော့ ကြောက်စရာသတင်းဆိုးတစ်ခုပေါ့။ ဒီလိုကြောက်စရာကောင်းတဲ့ ရောဂါဆိုးကြီးကို ကာကွယ်ဖို့ လိုတယ်လေ။
ကျွန်မဟာ ရောဂါဖြစ်မှာ အင်မတန်ကြောက်တတ်တဲ့ လူတစ်ယောက်ပါ။ အကြောက်ဆုံးကတော့ ရင်သားကင်ဆာပေါ့။ ဒါနဲ့ ရင်သားကင်ဆာအကြောင်းကို လေ့လာကြည့်တော့ ရင်သားကင်ဆာဖြစ်စေတဲ့ မှားယွင်းနေတဲ့အချက်လေး (၁၂) ချက်ကို သွားတွေ့ပါတယ်။
၁။ ချိုင်းချွေးတောင့်တွေကို ပါဝင်ပစ္စည်းမကြည့်ဘဲ ဝယ်ခြင်း
စတိုးဆိုင်တွေမှာ တွေ့တွေ့နေရတဲ့ ချိုင်းချွေးတောင့်တွေမှာပါတဲ့ ဥပမာအားဖြင့် အလူမီနီယမ်ပါ ဓာတ်ပေါင်းတွေလိုမျိုးတွေဟာ ရင်သားနဲ့နီးတဲ့ ချိုင်းထဲထည့်ဖို့ မသင့်တော်ပါဘူး။ သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာမျိုးသာ သုံးပေးပါ။
အသေအချာ လေ့လာထားတာမျိုးတော့ မဟုတ်ပေမယ့်လည်း ကာကွယ်ထားတာတော့ မမှားဘူးပေါ့။
၂။ ဓာတုဆံပင်ဆိုးဆေးတွေ သုံးခြင်း
လူအများစုဟာ ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် စတိုးဆိုင်မှာ ဟိုလိုဒီလိုပဲ ဝယ်လိုက်ကြတာ များတယ်။ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်းတွေ ပါနိုင်တာကြောင့် အင်မတန်အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးမျိုးကိုသာ ဝယ်သုံးပေးပါနော်။
၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာ၊ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာတွေဟာ အင်မတန် အန္တရာယ် များပါတယ်။ တတ်နိုင်ရင် ရှောင်ပေးဖို့ လိုတယ်နော်။
၄။ ဘရာဆိုဒ်အမှားကြီး ဝတ်ဆင်ခြင်း
အမျိုးသမီးတွေကို ရင်သားကင်ဆာကနေ ကာကွယ်တဲ့အဖွဲ့အစည်းက ဘရာဆိုဒ်ကို သေချာမှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ရင်သားကိုကောင်းကောင်း မထောက်ပံ့ပေးနိုင်တဲ့အပြင် အရမ်းတင်းကြပ်သွားရင်လည်း လင့်ပြန်ကြောတွေကို ပြတ်တောက်သွားစေနိုင်ပါတယ်။
၅။ အိမ်သန့်ရှင်းရေး ဓာတုပစ္စည်းတွေ အသုံးပြုခြင်း
အိမ်သန့်ရှင်းရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေဟာ တော်တော်ဆိုးတယ်နော်။ ရင်သားကင်ဆာတင်မက၊ တခြားကင်ဆာတွေနဲ့ပါ တွဲနေတယ်။ ဒါ့အပြင် နာတာရှည ်အခြေအနေတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း စတဲ့ရောဂါတွေနဲ့လည်း ဆက်စပ်နေသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဗီနီဂါ၊ မုန့်ဖုတ်ဆော်ဒါနဲ့ တခြားသဘာဝပစ္စည်းတွေနဲ့သာ ဆေးကြောရင် အကောင်းဆုံးပါနော်။
၆။ ပရုတ်လုံးသုံးခြင်း
ပရုတ်လုံးနံ့လေး သင်းသင်းလေးဟာ ရင်သားကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်နော်။
၇။ မျက်နှာပေါ် သဘာဝမဟုတ်တဲ့ မိတ်ကပ်တွေ လိမ်းခြင်း
ပါရာဘန်လိုမျိုး ကင်ဆာဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ မိတ်ကပ်မျိုးကို ရှောင်ပေးဖို့လိုတယ်နော်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ပါရာဘန်မပါတဲ့ မိတ်ကပ်တွေကိုသာ လိမ်းပေးဖို့ တိုက်တွန်းချင်တယ်နော်။
၈။ ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုမစိုက်ခြင်း
လေ့လာမှုအရ အဆီတွေကြောင့် ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့အတွက် ကိုယ်အလေးချိန် ချပေးဖို့လိုတယ်။
၉။ အရက်သောက်ခြင်း
အရက်ဟာ ရင်သားကင်ဆာအပြင် အသည်းကင်ဆာ၊ နှလုံးကင်ဆာတွေပါ ဖြစ်စေနိုင်တာကြောင့် ရှောင်ရှားပေးဖို့လိုတယ်။
၁၀။ လေမွှေးဖြန်းဆေးများ ဖြန်းပေးခြင်း
အိမ်ထဲ၊ ကားထဲမှာ အနံ့လေး သင်းသင်းလေး မွှေးနေတာကို သဘောကျကြပေမယ့် လေမွှေးဖြန်းဆေးတွေမှာပါတဲ့ ဖိုင်သလိတ်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ပါတယ်။ ဒါကြောင့် သစ်ကြမ်းပိုးခေါက်ကို ရေထဲထည့်ပြုတ်ပြီး သဘာဝအနံ့ သင်းသင်းလေးကို ရယူပါနော်။
၁၁။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်သိမ်းထားခြင်း
ပလတ်စတစ်ဘူးတွေဟာ ရင်သားကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အထူးသဖြင့် မိုင်ခရိုဝေ့ထဲ ထည့်နွှေးတဲ့အခါမျိုးမှာပေါ့။ ပလတ်စတစ်ဘူးနဲ့ မဟုတ်ဘဲ ဖန်ဘူးလေးနဲ့ နွှေးပေးပါ။
၁၂။ သဘာ၀မဟုတ်တဲ့ အစားအသောက်တွေ စားခြင်း
အစားအသောက်တွေထဲမှာပါတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဟာ ပတ်ဝန်းကျင်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်။
တခြားလူတွေကတော့ ဒီလိုတွေပြောလို့ ကြောက်တတ်လိုက်တာဆိုပြီး ရယ်ချင်ရယ်ကြမယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့က အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ ဘယ်သူတွေ ဘယ်လိုလှောင်လှောင်ပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)






























