ရာသီလာစဉ် အလွန်အမင်း နာကျင်ကိုက်ခဲခြင်း
Primary Dysmenorrhoea ဆိုတဲ့ ဘာအကြောင်းရင်းမှမရှိဘဲ နာကျင်ခြင်းတွေဟာ ဆယ်ကျော်သက်တွေမှာ ပိုအဖြစ်များပါတယ်။
Primary Dysmenorrhoea ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ prostaglandin လို့ခေါ်တဲ့ သားအိမ်ညှစ်စေနိုင်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ခါတလေ prostaglandin ဟာ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ရာသီလာစဉ် ပြင်းထန်စွာ ဗိုက်နာစေတတ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဒီလက္ခဏာတွေဟာ တစ်ရက်၊ နှစ်ရက်လောက်သာ ကြာမြင့်တတ်ပါတယ်။ Primary Dysmenorrhoea ကို ကုသဖို့ အကိုက်အခဲပျောက်ဆေးလောက်သာ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တာ၊ ရေနွေးသောက်တာ၊ သနေ္ဓတားဆေးတွေ သောက်တာတွေက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
ရောဂါတစ်ခုခုကြောင့် ဖြစ်တတ်တဲ့ Secondary Dysmenorrhoea ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ -
● သားအိမ်အတွင်းလွှာ နေရာ လွဲမှားရောက်နေခြင်း
● မျိုးဆက်ပွား အင်္ဂါအစုအဝေး ပိုးဝင်ခြင်း
● သားအိမ်အသားလုံးများ ဖြစ်နေခြင်း တို့ ဖြစ်ပါတယ်။
ဒီလိုရောဂါတွေ ဖြစ်နေခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး အကောင်းဆုံးသော ကုသမှု ခံယူရပါမယ်။
Dr. Emerald (www.drmyanmar.com)






























