/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာနေစဉ်-မိန်းကလေးတွေ-ပြုလုပ်မိတတ်တဲ့-အမှား-၅-မျိုး

ရာသီလာနေစဉ် မိန်းကလေးတွေ ပြုလုပ်မိတတ်တဲ့ အမှား (၅) မျိုး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

လစဉ်ရာသီလာချိန်တိုင်းဟာ အမျိုးသမီးတွေအတွက်တော့ ထူးဆန်းတဲ့ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့အချက်လေးတွေကိုတော့ မေ့မေ့ပျောက်ပျောက်နေလို့ မရပါဘူး။ ဒါတွေကတော့ -

(၁)  ရာသီသွေးအရောင်ကို သတိမထားခြင်း
ရာသီသွေးရောင်ဟာ အညိုကွက်ပုံစံနဲ့ စတင်တတ်ပြီး အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ရာသီပြီးခါနီးမှာတော့ အညိုရင့်ကနေ အချို့ဆို အရောင်ပိုရင့်လာတတ်ကြပါတယ်။ သင့်ရာသီသွေးဟာ ဒီသုံးရောင်ကနေ အခြားအရောင်ဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၂)  ရာသီစက်ဝန်းကို မမှတ်သားခြင်း
ရာသီစက်ဝန်းကို မှတ်သားထားခြင်းဟာ ကိုယ်ဝန်မရနိုင်အောင် တားဆီးနိုင်ဖို့တစ်ခုတည်းသာ အသုံးဝင်တာ မဟုတ်ပါဘူး။ ရာသီမမှန်ခြင်းရဲ့နောက်ကွယ်မှာ များပြားတဲ့ ကျန်းမာရေးပြဿနာတွေ ရှိတတ်တာမို့ မိမိရာသီစက်ဝန်းကို လစဉ်စောင့်ကြည့်ပြီး ပုံမှန်မဟုတ်ပါက သားဖွားမီးယပ်အထူးကုနဲ့ ပြသသင့်ပါတယ်။

(၃)  အမျိုးသမီးလစဉ်သုံးပစ္စည်း Pad သို့မဟုတ် tampon ပုံမှန် မလဲခြင်း
Pad အသုံးပြုသူများအနေနဲ့ ၆ နာရီတစ်ခါ လဲပေးနိုင်ပြီး အစပိုင်းရက်တွေလို ရာသီသွေးများတဲ့ ရက်မျိုးမှာတော့ စိုရွဲတာနဲ့ တစ်ပြိုင်နက် လဲပေးသင့်ပါတယ်။ တန်ပွန်သုံးသူတွေအနေနဲ့ကတော့ ၅ နာရီတစ်ကြိမ်လဲပေးဖို့ လိုမယ်နော်။

pH Care 1

(၄)  အရက်သောက်ခြင်း
ရာသီလာနေစဉ်မှာ ဝိုင်တစ်ခွက်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ သင့်တော်ပေမယ့်လည်း အရက်သောက်ရင်တော့ ရာသီလာစဉ်ကိုက်ခဲမှုနဲ့ စိတ်အတက်အကျမြန်မှုတွေကို ပိုဆိုးစေမှာမို့ ရှောင်သင့်ပါတယ်နော်။

(၅)  အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်း
ရာသီလာစဉ် လိင်ဆက်ဆံပါက လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ပိုမိုကူးစက်ရန် အခွင့်အလမ်းများပါတယ်။ ဒါတင်မကသေးပါဘူး ဘက်တီးရီးယားနဲ့ မှိုပိုးဝင်ခြင်းတွေလည်း ဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အကာအကွယ်ဖြင့်သာ လိင်ဆက်ဆံဖို့ အကြံပြုလိုပါတယ်။

လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)

pH Care 2

(Zawgyi)

လစဥ္ရာသီလာခ်ိန္တိုင္းဟာ အမ်ိဳးသမီးေတြအတြက္ေတာ့ ထူးဆန္းတဲ့ကိစၥတစ္ခု မဟုတ္ေတာ့ပါဘူး။ ဒါေပမဲ့ ရာသီလာျခင္းနဲ႔ ပတ္သက္ၿပီး ဂ႐ုစိုက္သင့္တဲ့အခ်က္ေလးေတြကိုေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ေနလို႔ မရပါဘူး။ ဒါေတြကေတာ့ -

(၁)  ရာသီေသြးအေရာင္ကို သတိမထားျခင္း
ရာသီေသြးေရာင္ဟာ အညိဳကြက္ပုံစံနဲ႔ စတင္တတ္ၿပီး အနီရင့္ေရာင္အျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ ရာသီၿပီးခါနီးမွာေတာ့ အညိဳရင့္ကေန အခ်ိဳ႕ဆို အေရာင္ပိုရင့္လာတတ္ၾကပါတယ္။ သင့္ရာသီေသြးဟာ ဒီသုံးေရာင္ကေန အျခားအေရာင္ျဖစ္လာၿပီဆိုရင္ေတာ့ မေပါ့ဆဘဲ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

(၂)  ရာသီစက္ဝန္းကို မမွတ္သားျခင္း
ရာသီစက္ဝန္းကို မွတ္သားထားျခင္းဟာ ကိုယ္ဝန္မရႏိုင္ေအာင္ တားဆီးႏိုင္ဖို႔တစ္ခုတည္းသာ အသုံးဝင္တာ မဟုတ္ပါဘူး။ ရာသီမမွန္ျခင္းရဲ႕ေနာက္ကြယ္မွာ မ်ားျပားတဲ့ က်န္းမာေရးျပႆနာေတြ ရွိတတ္တာမို႔ မိမိရာသီစက္ဝန္းကို လစဥ္ေစာင့္ၾကည့္ၿပီး ပုံမွန္မဟုတ္ပါက သားဖြားမီးယပ္အထူးကုနဲ႔ ျပသသင့္ပါတယ္။

(၃)  အမ်ိဳးသမီးလစဥ္သုံးပစၥည္း Pad သို႔မဟုတ္ tampon ပုံမွန္ မလဲျခင္း
Pad အသုံးျပဳသူမ်ားအေနနဲ႔ ၆ နာရီတစ္ခါ လဲေပးႏိုင္ၿပီး အစပိုင္းရက္ေတြလို ရာသီေသြးမ်ားတဲ့ ရက္မ်ိဳးမွာေတာ့ စို႐ြဲတာနဲ႔ တစ္ၿပိဳင္နက္ လဲေပးသင့္ပါတယ္။ တန္ပြန္သုံးသူေတြအေနနဲ႔ကေတာ့ ၅ နာရီတစ္ႀကိမ္လဲေပးဖို႔ လိုမယ္ေနာ္။

(၄)  အရက္ေသာက္ျခင္း
ရာသီလာေနစဥ္မွာ ဝိုင္တစ္ခြက္ေသာက္ျခင္းဟာ က်န္းမာေရးနဲ႔ သင့္ေတာ္ေပမယ့္လည္း အရက္ေသာက္ရင္ေတာ့ ရာသီလာစဥ္ကိုက္ခဲမႈနဲ႔ စိတ္အတက္အက်ျမန္မႈေတြကို ပိုဆိုးေစမွာမို႔ ေရွာင္သင့္ပါတယ္ေနာ္။

(၅)  အကာအကြယ္မသုံးဘဲ လိင္ဆက္ဆံျခင္း
ရာသီလာစဥ္ လိင္ဆက္ဆံပါက လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြ ပိုမိုကူးစက္ရန္ အခြင့္အလမ္းမ်ားပါတယ္။ ဒါတင္မကေသးပါဘူး ဘက္တီးရီးယားနဲ႔ မႈိပိုးဝင္ျခင္းေတြလည္း ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဒါေၾကာင့္ ရာသီလာေနစဥ္ အကာအကြယ္ျဖင့္သာ လိင္ဆက္ဆံဖို႔ အႀကံျပဳလိုပါတယ္။

ေလေျပႏုေသြး(ေဆး-၂) (www.drmyanmar.com)