သနေ္ဓတားဆေး သောက်ဆေးတွေနဲ့ ပတ်သက်သမျှ ကောင်းကျိုး၊ ဆိုးကျိုး
သနေ္ဓတားစေတဲ့ သောက်ဆေးတွေက အမျိုးသမီးဟော်မုန်းတွေကို ထည့်သွင်း ထုတ်လုပ်ထားတာပါ။ အီစတိုဂျင်နဲ့ ပရိုဂျက်စထရုန်း အရော သို့်မဟုတ် ပရိုဂျက်စတုန်း တစ်မျိုးတည်းလည်း ပါဝင်တတ်ပါတယ်။
သနေ္ဓတားဆေးတွေက ကိုယ်ဝန်မရအောင် ဘယ်လိုတားပေးလဲဆိုတော့ -
1. သားအိမ်ခေါင်းချွဲကို ထူထဲလာစေပါတယ်။
2. သားအိမ် အနားသားကိုလည်း အသားတက်လာပြီး ကောင်းစွာ ထူလာစေပါတယ်။ သားဥတွယ်ဖို့ ပိုခက်သွားစေတာပါ။
အရေးပေါ်သနေ္ဓတားဆေးတွေမှာ ပါဝင်တဲ့ ဟော်မုန်းတွေကတော့ ပြင်းအားပိုမြင့်ပါတယ်၊ အမြဲသုံးလို့တော့ အဆင်မပြေပါဘူး။ သားဥကြွေတာကို တားပေးပြီး သားဥနဲ့ သုတ်ကောင်ပေါင်းစပ်မှုကိုလည်း တားပေးပါတယ်။
>> သနေ္ဓတားဆေးတွေ သောက်ရတဲ့အခါ ဖြစ်တတ်တဲ့ဆိုးကျိုးတွေကတော့ -
● ရင်သား တင်းတာ၊ နာတာ
● ခေါင်းကိုက်တာ
● စိတ်အတက်အကျမြန်တာ
● လိင်စိတ် ကျဆင်းတာ
● ရာသီ မမှန်တာ
● သွေးတစ်စက်တစ်စက် ဆင်းတာ
● ရုတ်တရက် ပိန်တာ၊ ဝလာတာတွေ ကြုံရလေ့ရှိပါတယ်။
တချို့ဆေးတွေကတော့ လူနဲ့ တည့်ရင်တည့်သလို အဆင်ပြေပေမယ့် တချို့တွေကျ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို လနဲ့ချီ ခံစားရတတ်ပါတယ်။
နောက်အရေးအကြီးဆုံးပြဿနာက ဆေးသောက်တဲ့အခါ ခြေသလုံးသွေးကြောအတွင်း သွေးခဲတဲ့ရောဂါ ကြုံရတတ်ပါတယ်။ သွေးခဲဟာ အဆုတ်ကို သွားပိတ်ခဲ့ရင် သေဆုံးတဲ့အထိ ဖြစိသွားနိုင်တာကို သတိမူသင့်ပါတယ်နော်။ အသက် ၃၅ နှစ် အထက်လည်းဖြစ် သနေ္ဓတားဆေးတွေကိုလည်း ရေရှည်သုံးစွဲလာတဲ့အခါ အန္တရာယ် ပိုကြီးလာတတ်ပါတယ်။
မိမိနဲ့ သင့်တော်ကောင်းမွန်တဲ့ သနေ္ဓတားဆေးကို ရွေးချယ်တဲ့အခါ ဗိုက်ထဲမှာ နေလို့မကောင်းဖြစ်တဲ့ဆေးဆိုရင် ဟော်မုန်းပမာဏများနေတတ်လို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်စေလိုပါတယ်။
>> သနေ္ဓတားဆေး သောက်တဲ့အခါ -
● နေ့စဉ် အချိန်တစ်ခု သတ်သတ်မှတ် မှတ်ထားပြီး မပျက်မကွက်သောက်သုံးပါ။
● မေ့နေရင် မေ့နေတဲ့ဆေးလုံးကို ချက်ချင်းသောက်လိုက်ပါ။
● ဒီနေ့သောက်ရမယ့်ဆေးကိုလည်း သူ့အချိန်ရောက်ရင် သောက်လိုက်ပါ။
● အဲဒီညအတွက်တော့ ကွန်ဒုံးသုံးလိုက်ဖို့ အကြံပြုပါတယ်နော်။
ပျို့ချင်၊ အန်ချင်တာအတွက်တော့ အစားစားပြီး သို့်မဟုတ် အချိုမုန့်တစ်ခုခုစားပြီး မကြာခင်သောက်ဖို့ အကြံပြုပါတယ်။ လိုအပ်ရင် အအန်သက်သာဆေး ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ မာဗလွန်လိုမျိုး ပရိုဂျက်စတုန်း သီးသန့်ပါတဲ့ သနေ္ဓတားဆေးတွေက ပျို့အန်တဲ့ဆိုးကျိုး ပိုနည်းနေတတ်ပါသေးတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























