/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားဥအိမ်ကင်ဆာကို-စောစီးစွာ-တွေ့ရှိဖို့-ဖြစ်နိုင်လား

သားဥအိမ်ကင်ဆာကို စောစီးစွာ တွေ့ရှိဖို့ ဖြစ်နိုင်လား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         " အရမ်းမောမောနေတယ် ... တစ်ခုခုလုပ်လိုက်တိုင်း လူက ခွေကျသွားတော့မလိုဘဲ ... အိပ်ပဲ အိပ်ချင်နေမိတယ် ... အစာမကြေဘူး ...ဗိုက်တွေ တင်းနေတယ် ... ဗိုက်အောက်ပိုင်း ပူလာတယ် ...”

          ဖော်ပြပါ ရောဂါလက္ခဏာတွေက သားအိမ်နဲ့ သားဥအိမ် အကျိတ်အဖုရောဂါတွေမှာ ဖြစ်တတ်တဲ့ ပုံစံတွေနဲ့ ထပ်တူကျနေပါတယ်။

          သားဥအိမ်ကင်ဆာဆိုတာ စောစောရှာဖွေ တွေ့ရှိလေ ကုသရတာ လွယ်ကူလေပါပဲ။ ခွဲစိတ်ကုသမှုကတော့ ရှည်လျားထွေပြားပါတယ်။ သားအိမ် သားဥအိမ်နှစ်ဖက် သားအိမ်နဲ့ တွဲနေတဲ့ အူတွယ်ဆက်ကြောင်း အကုန်ဖြတ်ထုတ်ပစ်ရတာ ဖြစ်ပါတယ်။ ကင်ဆာအရိပ်အယောင် နည်းနည်းမှ မကျန်အောင် ပြန့်ပွားနိုင်ခြေရှိတဲ့နေရာတိုင်းကို ဖြတ်တောက်ပစ်ပါတယ်။ စောစောတွေ့လေ ကောင်းလေပါ။

          ပြဿနာက သားဥအိမ်ကင်ဆာကို ဘယ်လိုမြန်မြန်ဆန်ဆန် တွေ့ရှိအောင် ကြိုစားကြည့်မလဲဆိုတာ ဘဝအတွက် အရေးပါတဲ့ဗဟုသုတမို့ ဖတ်ကြည့်ကြရအောင်။

●        သားဥအိမ်ကင်ဆာကို ရှာဖွေတွေ့ရှိဖို့ လောလောဆယ် စိတ်အချရဆုံးနှစ်ခုကတော့ သားအိမ် သားဥပြွန်နဲ့ သားဥအိမ်တွေကို ရောင်ခြည်လွှတ်ပြီးရိုက်တဲ့ မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ အာထရာဆောင်း ဓာတ်ချောင်းလေး ဖြစ်ပါတယ်။ သားဥအိမ်မှာ အကျိတ်ရှိရင် ရှာဖွေတွေ့နိုင်ပြီး ကင်ဆာလား၊ ရိုးရိုးအကျိတ်လား ခွဲခြားနိုင်ဖို့ ခက်ခဲပါတယ်။

●        သွေးစစ်ကြည့်ခြင်းဖြစ်တဲ့ CA 125 ကတော့ တိကျတဲ့စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။ CA 125 မြင့်မားစွာရှိနေရင် သားဥအိမ်ကင်ဆာလို့ မှတ်ယူလို့ရပေမယ့် သေချာတဲ့ ရောဂါရှာဖွေ စစ်ဆေးချက်တော့ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် သွေးတွင်းမှာ အဲဒီဓာတ်မြင့်နေရင် အာထရာဆောင်းနဲ့ သွေးစစ်ဆေးချက်ကို ထပ်မံပြုလုပ်ဖို့ လိုအပ်ပါတယ်။

          သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေ မရှိသေးရင်တော့ မျိုးရိုးမရှိရင်တော့ စစ်ဖို့မလိုတတ်ပါဘူး။ ဒါပေမဲ့ မျိုးရိုးလည်း ရှိတယ်။ လက္ခဏာတွေလည်း ပေါ်နေရင်တော့ စစ်ကိုစစ်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။

          သားဥအိမ်က တခြားအကျိတ်တွေဖြစ်တဲ့ မျိုးရိုးဗီဇအကျိတ်နဲ့ စတိုမာအကျိတ်တွေ ဆိုရင်တော့ ပရိုတင်းမာကာတွေဖြစ်တဲ့ HCG နဲ့ AFP နှစ်မျိုးစစ်ဆေးပါတယ်။ ခွဲစိတ်ကုသတာ ဆေးသွင်းကုသမှုတွေ လုပ်ပြီးနောက်မှာတော့ ဒီဓာတ်တွေကို စစ်ဆေးပြီး ပြန်ဖြစ်၊ မဖြစ် ကြည့်ရမှာဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)