/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာ-ကိုယ်အလေးချိန်တက်ပြီး-မဝလာစေဖို့

သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တက်ပြီး မဝလာစေဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

    သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တွေတက်ပြီး ဝလာတာက အမျိုးသမီးတွေအတွက်တော့ စိတ်ညစ်ရတဲ့အချက်ပါ။ သွေးဆုံးချိန်မှာဆိုရင် ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် 5-10 kg (10 ပေါင်ကျော်ကနေ ပေါင် 20 ကျော်အထိ) လောက် တက်လာတတ်ပါတယ်။ အဓိကကတော့ ဟော်မုန်းကြောင့်ဖြစ်ပြီးတော့ အစာစားချင်စိတ်၊ ဇီဝကမ္မဖြစ်စဉ်နဲ့ အဆီသိုလှောင်တာတွေအပေါ်တိုက်ရိုက်သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ်အလေးချိန်ထိန်းရတာ အရမ်းကိုခက်ပါတယ်။ ကိုယ်အလေးချိန်တေ ွတက်လာတော့ စိတ်ဓာတ်တွေကျ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်ရာကနေပြီးတော့ အပူဒဏ် မခံစားနိုင်တာ၊ အိပ်မပျော်တာတွေပါ ခံစားရပါလေရော။
    အီစရိုဂျင်ဆိုတဲ့ဟော်မုန်းက အသက်ကြီး သားဥမကြွေတော့တဲ့အခါမှာ ကျဆင်းလာပြီးတော့ ကိုယ်အလေးချိန် တက်တာတဲ့နေရာမှာ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သားဥအိမ်က အီစရိုဂျင်ထုတ်တာလည်း နည်းသွားရော ခန္ဓာကိုယ်က တခြားနေရာတွေကနေပြီးတော့ ရှာရပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီဆဲလ်တွေက အီစရိုဂျင်ထုတ်နိုင်တဲ့အတွက် ဒီအဆီဆဲလ်တွေကို ပြန်သိုလှောင်ရပါတယ်။ ဒီအဆီဆဲလ်တွေက ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်ဘဲနဲ့ မလိုအပ်ဘဲ ကိုယ်အလေးချိန်တွေပဲ တက်လာစေပါတယ်။
    ခန္ဓာကိုယ်မှာ ကစီဓာတ်တွေကို ချေဖျက်ပြီးတော့ အလုပ်ဆက်လုပ်နိုင်တဲ့ စွမ်းရည်ကျလာပြီးတော့ insulin resistance ကျလာတာကလည်း သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းတစ်ခုပါ။ ပေါင်မုန့်ဖြူ၊ ပါစတာ၊ ပြုပြင်ပြီး အသင့်ထုတ်ပိုးထားတဲ့ သရေစာတွေ၊ ဘီယာ၊ ဝိုင်တွေမှာတွေ့ရတဲ့ ရိုးရိုးကစီဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို တက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကစီဓာတ်တွေ များများစားတာကနေပြီးတော့ insulin resistance ဖြစ်စေပါတယ်။ ဒီအခါမှာ စားလိုက်တဲ့ ကယ်လိုရီ အတော်များများက အဆီအဖြစ်ကို ပြောင်းလဲသွားပါတယ်။

    စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်ကိုကျတာကို ဟန့်တားတဲ့ cortisol ဟော်မုန်းတွေ ထွက်လာစေပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာ ခန္ဓာကိုယ်က အဆီတွေများများကို စုထားပါတယ်။
    သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်ကျဖို့ မဖြစ်နိုင်ဘူးလို့မရှိပါဘူး။ ဘာကြောင့် ကိုယ်အလေးချိန် တက်ရလဲဆိုတာကို သိသွားပြီဆိုရင် ကိုယ်အလေးချိန်ကျဖို့အတွက် ပထမခြေလှမ်း လှမ်းပြီးသွားပါပြီ။
    သွေးဆုံးချိန်နဲ့ သွေးဆုံးပြီးချိန်တွေမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့ လိုပါတယ်။
    အပင်ကနေရတဲ့ အီစရိုဂျင်တွေပါတဲ့ အစားအစာတွေစားပေးတာက ဟော်မုန်းညီညွတ်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ အဆီတွေကျစေဖို့အတွက် phyto-estrogen ပါတဲ့ ပဲပိစပ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။ ဆီးသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မုန်လာဥနီ၊ သခွားသီး၊ ဆလတ်ရွက် စတာတွေကလည်း ဟော်မုန်းညီမျှစေပါတယ်။ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတာက သွေးဆုံးချိန်မှာ ကိုယ်အလေးချိန် ဖြည်းဖြည်းချင်း ကျစေဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

    ေသြးဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္ေတြတက္ၿပီး ဝလာတာက အမ်ိဳးသမီးေတြအတြက္ေတာ့ စိတ္ညစ္ရတဲ့အခ်က္ပါ။ ေသြးဆုံးခ်ိန္မွာဆိုရင္ ပ်မ္းမွ်အားျဖင့္ ကိုယ္အေလးခ်ိန္ 5-10 kg (10 ေပါင္ေက်ာ္ကေန ေပါင္ 20 ေက်ာ္အထိ) ေလာက္ တက္လာတတ္ပါတယ္။ အဓိကကေတာ့ ေဟာ္မုန္းေၾကာင့္ျဖစ္ၿပီးေတာ့ အစာစားခ်င္စိတ္၊ ဇီဝကမၼျဖစ္စဥ္နဲ႔ အဆီသိုေလွာင္တာေတြအေပၚတိုက္႐ိုက္သက္ေရာက္မႈေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ကိုယ္အေလးခ်ိန္ထိန္းရတာ အရမ္းကိုခက္ပါတယ္။ ကိုယ္အေလးခ်ိန္ေတ ြတက္လာေတာ့ စိတ္ဓာတ္ေတြက်၊ စိုးရိမ္ပူပန္မႈေတြ ျဖစ္ရာကေနၿပီးေတာ့ အပူဒဏ္ မခံစားႏိုင္တာ၊ အိပ္မေပ်ာ္တာေတြပါ ခံစားရပါေလေရာ။
    အီစ႐ိုဂ်င္ဆိုတဲ့ေဟာ္မုန္းက အသက္ႀကီး သားဥမေႂကြေတာ့တဲ့အခါမွာ က်ဆင္းလာၿပီးေတာ့ ကိုယ္အေလးခ်ိန္ တက္တာတဲ့ေနရာမွာ ႀကီးမားတဲ့အခန္းက႑က ပါဝင္ေနပါတယ္။ သားဥအိမ္က အီစ႐ိုဂ်င္ထုတ္တာလည္း နည္းသြားေရာ ခႏၶာကိုယ္က တျခားေနရာေတြကေနၿပီးေတာ့ ရွာရပါတယ္။ ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆီဆဲလ္ေတြက အီစ႐ိုဂ်င္ထုတ္ႏိုင္တဲ့အတြက္ ဒီအဆီဆဲလ္ေတြကို ျပန္သိုေလွာင္ရပါတယ္။ ဒီအဆီဆဲလ္ေတြက ကယ္လိုရီေတြ မေလာင္ကြၽမ္းႏိုင္ဘဲနဲ႔ မလိုအပ္ဘဲ ကိုယ္အေလးခ်ိန္ေတြပဲ တက္လာေစပါတယ္။
    ခႏၶာကိုယ္မွာ ကစီဓာတ္ေတြကို ေခ်ဖ်က္ၿပီးေတာ့ အလုပ္ဆက္လုပ္ႏိုင္တဲ့ စြမ္းရည္က်လာၿပီးေတာ့ insulin resistance က်လာတာကလည္း ေသြးဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္တက္ေစတဲ့ အေၾကာင္းတစ္ခုပါ။ ေပါင္မုန႔္ျဖဴ၊ ပါစတာ၊ ျပဳျပင္ၿပီး အသင့္ထုတ္ပိုးထားတဲ့ သေရစာေတြ၊ ဘီယာ၊ ဝိုင္ေတြမွာေတြ႕ရတဲ့ ႐ိုး႐ိုးကစီဓာတ္ေတြက ေသြးတြင္းသၾကားဓာတ္ကို တက္ေစပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ကစီဓာတ္ေတြ မ်ားမ်ားစားတာကေနၿပီးေတာ့ insulin resistance ျဖစ္ေစပါတယ္။ ဒီအခါမွာ စားလိုက္တဲ့ ကယ္လိုရီ အေတာ္မ်ားမ်ားက အဆီအျဖစ္ကို ေျပာင္းလဲသြားပါတယ္။
    စိတ္ဖိစီးမႈေၾကာင့္ ကိုယ္အေလးခ်ိန္ကိုက်တာကို ဟန႔္တားတဲ့ cortisol ေဟာ္မုန္းေတြ ထြက္လာေစပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့အခါမွာ ခႏၶာကိုယ္က အဆီေတြမ်ားမ်ားကို စုထားပါတယ္။
    ေသြးဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္က်ဖို႔ မျဖစ္ႏိုင္ဘူးလို႔မရွိပါဘူး။ ဘာေၾကာင့္ ကိုယ္အေလးခ်ိန္ တက္ရလဲဆိုတာကို သိသြားၿပီဆိုရင္ ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ ပထမေျခလွမ္း လွမ္းၿပီးသြားပါၿပီ။
    ေသြးဆုံးခ်ိန္နဲ႔ ေသြးဆုံးၿပီးခ်ိန္ေတြမွာ သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္ဖို႔ က်န္းမာေရးနဲ႔အညီ ေနထိုင္စားေသာက္ဖို႔ လိုပါတယ္။
    အပင္ကေနရတဲ့ အီစ႐ိုဂ်င္ေတြပါတဲ့ အစားအစာေတြစားေပးတာက ေဟာ္မုန္းညီၫြတ္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ အဆီေတြက်ေစဖို႔အတြက္ phyto-estrogen ပါတဲ့ ပဲပိစပ္၊ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားစားေပးပါ။ ဆီးသီး၊ စပ်စ္သီး၊ စေတာ္ဘယ္ရီ၊ ပန္းသီး၊ မုန္လာဥနီ၊ သခြားသီး၊ ဆလတ္႐ြက္ စတာေတြကလည္း ေဟာ္မုန္းညီမွ်ေစပါတယ္။ အမွ်င္ဓာတ္၊ အင္တီေအာက္ဆီးဒင့္နဲ႔ အာဟာရဓာတ္ေတြ ႂကြယ္ဝတဲ့ အစားအစာေတြ စားသုံးတာက ေသြးဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္ ျဖည္းျဖည္းခ်င္း က်ေစဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)