/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးမဆုံးပါဘဲ-သွေးဆုံးကိုင်ခြင်းများ

သွေးမဆုံးပါဘဲ သွေးဆုံးကိုင်ခြင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရုတ်​တရက်​တစ်​​ယောက်​​ယောက်​က အပူအိတ်​​လေးနဲ့ လာကပ်​လိုက်​သလို ဖိန်​းခနဲရှိန်​းခနဲ ဖြစ်​ရတဲ့အ​ကြောင်​းရင်​း​တွေဟာ ​သွေးဆုံးခါနီးနဲ့ ​သွေးဆုံးပြီးသူ​တွေမှာ အဓိကခံစားရတတ်​​ပေမယ်​့ တစ်​ခါတစ်​​လေ ​သွေးမဆုံးပဲလည်​း ခံစားရတတ်​ပါတယ်​။ ဒီလိုဖြစ်​တဲ့အခါ နှလုံး​တွေတုန်​ရင်​​တွေခုန်​ပြီး ပူရှိန်​းပူရှိန်​းဖြစ်​လာတတ်​ပါတယ်​။ ဒါတင်​မက အသား​တွေနီရဲလာပြီး တစ်​ကိုယ်​လုံး​ချွေး​တွေနဲ့ ချွဲချွဲစိုလာတတ်​ပါတယ်​။ ဒီလိုဖြစ်​​စေနိုင်​တဲ့ အ​ကြောင်​းရင်​း​တွေက​တော့

 

>> ​​သောက်​​ဆေးများ

 

     ဘိန်​း​ဆေးများ၊ စိတ်​ကျ​​ဆေးများနဲ့ အချို့ အရိုး​ပျော့​ရောဂါ​ဆေး​တွေဟာ ဖိန်​းတိန်​းရှိန်​းတိန်​း ဖြစ်​​စေတတ်​ပါတယ်​။ ​ဆေးအသစ်​တစ်​မျိုးမျိုး ​သောက်​ပြီး​နောက်​ပိုင်​းမှ ဒီလိုဖြစ်​လာတယ်​ဆိုရင်​ ​ဆေး​ကြောင်​့ဖြစ်​တာဖြစ်​နိုင်​ပါတယ်​။

ဘာလုပ်​သင်​့သလဲ : ဘာဖြစ်​​နေတယ်​ဆိုတာ ဆရာဝန်​ကို ​ပြောပြသင်​့ပါတယ်​။ ဆရာဝန်​က အာနိသင်​ချင်​းတူပြီး ဒီလို​သွေးဆုံးကိုင်​လက္ခဏာ​တွေမဖြစ်​​စေမယ်​့ အခြား​ဆေးတစ်​မျိုးမျိုးကို ​ပေးနိုင်သလို တစ်​ခါတစ်​​လေ ​ဆေးကိုကျင်​့သားရတဲ့အခါ သူ့အလိုလိုသက်​သာသွားနိုင်​တာ​ကြောင်​့ ​ဆေး​ပြောင်​းစရာ မလိုတာမျိုးလည်​း ရှိတတ်​ပါတယ်​။

 

>> ကိုယ်​အ​လေးချိန်​များခြငး်​

 

     ခန္ဓာကိုယ်​မှာရှိတဲ့ အဆီ​တွေဟာ ဇီဝကမ္မအလုပ်​လုပ်​နိုင်​တဲ့အတွက်​ အဝလွန်​သူ​တွေမှာ ကင်​​ဆာ​ရောဂါအချိ့ု ပိုဖြစ်​နိုင်တာကို ​တွေ့ရပါတယ်​။ ဒီလိုပဲ အဝလွန်​သူ​တွေမှာ ဇီဝကမ္မဖြစ်​စဉ်​​တွေ ပိုလုပ်​တာ​ကြောင်​့ ပူပူရှိန်​းရှိန်​းဖြစ်​နိုင်​ပါတယ်​။

ဘာလုပ်​သင်​့သလဲ : ကုသနည်​းက​တော့ လူတိုင်​းသိတဲ့အတိုင်​း အစားအ​သောက်​၊ ​လေ့ကျင်​့ခန်​း​တွေနဲ့ ကိုယ်​အ​လေးချိန်​​လျော့ချရပါမယ်​။ ကိုယ်​အ​လေးချိန်​များတဲ့အမျိုးသမီး​တွေထက်​စာရင်​ ကျန်​းမာ​ရေးနဲ့ညီညွတ်​စွာစား​သောက်​ပြီး တစ်​ပတ်​ကို မိနစ်​၂၀၀​လေ့ကျင်​့ခန်​းပြုလုပ်​သူ​တွေထက်​စာရင်​ ပိုပြီး အထက်​ပါလက္ခဏာ​တွေခံစားရတတ်​ပါတယ်​။

 

>> အစားအ​သောက်​ဓာတ်​မတည်​့ခြင်​း

 

      လူအများစုဟာ ပူပူစပ်​စပ်​စားတိုင်​းမှာ ပူပူရှိန်​းရှိန်​းခံစားရတတ်​ပါတယ်​။ ဒါ​ပေမယ်​့ အပူအစပ်​မပါပဲ တစ်​ခုခုစားပြီးချိန်​မှာ ပူရှိန်​းရှိန်​းဖြစ်​လာရင်​ အစားအ​သောက်​ဓာတ်​မတည့်တာ ဖြစ်​နိုင်​ပါတယ်​။

ဘာလုပ်​သင်​့သလဲ : အရက်​၊ ကဖိန်​းဓာတ်​နဲ့ sulfitesလို အဖြည်​့ပစ္စည်​း​တွေဟာ ဒိီလိုဓာတ်​မတည်​့လက္ခဏာ​တွေ ဖြစ်​​စေတတ်​ပါတယ်​။ ​နောက်​တစ်​ခါ ဒီအစားအစာ​တွေစားပြီးချိန်​မှာ ​ရောဂါလက္ခဏာ​တွေ ​ပေါ်မ​ပေါ်ကို ​စော့င်​ကြည်​ပြီး ဒီအစားအစာ​ကြောင်​့ ဟုတ်​မဟုတ်​ကို သိနိုင်​မှာပါ။ အကယ်​၍ မသက်​သာခဲ့ရင်​ ဆရာဝန်​နဲ့ ပြသသင့်ပါတယ်​။

 

​>> ပူပန်​​သောက Anxiety

 

      လူအများစုဟာ ​ပူပန်​​သောက၊ စိတ်​ဖိစီးမှု စတဲ့စကားလုံး​တွေကို အတူတူသတ်​မှတ်​ပြီး အလဲအလှယ်​သုံးတတ်​ကြ​ပေမယ်​့ စိတ်​အထူးကုဆရာဝန်​​တွေက​တော့ ်​ပူပန်​​သောက Anxietyဆိုတဲ့စကားလုံးကို စိတ်​ဖိစီးခြင်​း၊ ​ကြောက်​ရွံ့ခြင်​း၊ စိတ်​ပူခြင်​းစတဲ့ စိတ်​ခံစားမှု​တွေ​ကြောင်​့ ဖြစ်​​ပေါ်လာတဲ့ ကိုယ်​ခန္ဓာလက္ခဏာ​တွေအဖြစ်​ ရည်​ညွှန်​း​ပြောဆိုတတ်​ကြပါတယ်​။ နှလုံးခုန်​ခြငး်​၊ စိတ်​ဂနာမငြိမ်​ခြင်​း စတာ​တွေဟာ ​ပူပန်​​သောကများတဲ့ အဓိကလက္ခဏာရပ်​​တွေဖြစ်​ပါတယ်​။

ဘာလုပ်​သင်​့သလဲ : အသက်​ကိုဖြည်​းဖြည်​း ရှုသွင်​း၊ ရှုထုတ်​လုပ်​ခြင်​းဟာ ​သောကများခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။ ​လေ့ကျင်​့ခန်​း၊ တရားထိုင်​ခြင်​း၊ ​ယောဂ စတာ​တွေဟာလည်​း ​သောကများခြင်​းကို သက်​သာ​အောင်​ အ​ထောက်​အပံ့​ပေးပါတယ်​။ ဒါ​တွေနဲ့မှ အလုပ်​မဖြစ်​ရင်​​တော့ ​ပူပန်​​သောကများတဲ့​ရောဂါအကြီးစား ဖြစ်​နိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးဖို့ လိုပါတယ်​။

 

>> ​ရောဂါအ​ခြေအ​နေများ

 

       ​ဟော်​မုန်​းနဲ့ ​ဟော်​မုန်​းစနစ်​ကို ထိခိုက်​တဲ့ဘယ်​​ရောဂါမဆို ဒီလိုလက္ခဏာရပ်​​တွေ ခံစားရတတ်​ပါတယ်​။ အထူးသဖြင်​့ သိုငး်​ရွိုက်​​ဟော်​မုန်​း များခြင်​းဟာ ပူပူရှိန်​းရှိန်​းမကြာခဏ ဖြစ်​တတ်​ပါတယ်​။ ​ရောဂါပိုးမွား​တွေနဲ့ ဗိုင်​းရပ်​စ်​ပိုး​တွေ​ကြောင့်လည်​း ရတတ်​ပါ​သေးတယ်​။

ဘာလုပ်​သင်​့သလဲ : သိုင်​းရွိုက်​ပြဿ    နာဆိုရင်​ ပူရှိန်​းရှိန်​းဖြစ်​တာအပြင်​ နှလုံးတုန်​တာ၊ ကိုယ်​အ​လေးချိန်​ကျတာ၊ အိမ်​သာခဏခဏသွားရတာ၊ အင်​မတန်​နုံးချိ​နေတာ စတဲ့လက္ခဏာရပ်​​တွေပါ ခံစားရတတ်​ပါတယ်​။ ​ရောဂါပိုးမွား​တွေ​ကြောင်​့ ဖြစ်​တဲ့အခါ အဖျားဝင်​တာ၊ ဝမ်​း​လျောတာ၊ ဗိုက်​မအိမသာဖြစ်​တာ စတာ​တွေနဲ့ တွဲ​နေတတ်​ပါတယ်​။ ဒါ​ကြောင်​့ ဒီလက္ခဏာရပ်​​တွေနဲ့ တွဲ​တွေ့​နေရရင်​ ဆရာဝန်​နဲ့ အမြန်​ပြသသင်​့ပါတယ်​။

 

Dr. Emerald (www.drmyanmar.com)