အမျိုးသမီးတိုင်းကို ခြိမ်းခြောက်နေသော သားအိမ်အသားလုံးအကြောင်း
သားအိမ်အသားလုံးဆိုသော ဝေါဟာရနဲ့ အမျိုးသမီးတိုင်း စိမ်းကြမည်မဟုတ်ပါ။ အသက် ၅ဝ အထက် အမျိုးသမီး ရဝ ကနေ ၈ဝ ရာနှုန်းရဲ့သားအိမ်တွင် အသားလုံးများ ရှိတတ်ကြပြီး ထိုထဲကမှ ၂၀-၃ဝ ရာနှုန်းတွင်သာ ရောဂါလက္ခဏာများ တွေ့ရတတ်ပါတယ်။
ဟော်မုန်းအပြောင်းအလဲများကြောင့် သားအိမ်အသားလုံးများ ဖြစ်ပေါ်နိုင်ပြီး အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များနဲ့ သွေးဆုံးပြီး အမျိုးသမီးကြီးများတွင်တော့ ဖြစ်ပေါ်ခြင်းမရှိပါဘူး။ ဒါဆို သားအိမ်အသားလုံးနဲ့ ပတ်သက်ပြီး ဘာတွေသိသင့်လဲဆိုတာ လေ့လာကြည့်ရအောင်။
>> ရောဂါလက္ခဏာများ
● ရာသီများခြင်း၊ ရက်ရှည်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း
● ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုအကြား သွေးနည်းနည်းစီ ဆင်းလေ့ရှိခြင်း
● လိင်ဆက်ဆံစဉ် နာကျင်ခြင်း
● ခါး၊ ဗိုက်နဲ့ ဆီးအိမ်ပေါ်သို့ တစ်ခုခုနဲ့ ဖိထားသလိုဖြစ်ခြင်း
● မကြာခဏ ဆီးသွားခြင်း
● ဗိုက်အောက်နားတွင် အလုံးကဲ့သို့ ဖောင်းနေခြင်း
>> နောက်ဆက်တွဲဆိုးကျိုးများ
● ရာသီသွေး အဆင်းများသောကြောင့် သွေးအားနည်းခြင်း
● ကြီးမားသောအလုံးများကြောင့် ဆီးအိိမ်ကို ဖိမိပြီး ဆီး မကြာခဏသွားခြင်း၊ ဆီးကျန်သည်ဟု ခံစားရခြင်း
● ကလေး မရနိုင်ခြင်း
● ကလေး ပျက်ခြင်းနဲ့ ကလေး စောမွေးခြင်း
>> သားအိမ်အသားလုံး ရှိ? မရှိ ဘယ်လိုစစ်ဆေးကြမလဲ?
● Ultrasound ရိုက်ခြင်း
● သားအိမ်မှန်ပြောင်းကြည့်ခြင်း
>> ကုသနည်းများ
အလုံးအရွယ်အစား၊ အရေအတွက်နဲ့ တည်နေရာပေါ် မူတည်ပြီး
● စောင့်ကြည့်ခြင်း
● ဟော်မုန်းဆေးများသောက်ခြင်း
● MRI အကူအညီဖြင့် အာထရာဆောင်းရိုက်ခြင်း
● သားအိမ်ဝကနေတစ်ဆင့် မှန်ပြောင်းကြည့်ပြီး အလုံးကို ဖယ်ထုတ်ခြင်း
● ခွဲစိတ်နည်း
● သားအိမ်ထုတ်ခြင်း စသည့် ကုသနည်းလမ်းအမျိုးမျိုးဖြင့် ကုသနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























