/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေ-သွေးဆုံးချိန်မှာ-နှလုံးရောဂါမဖြစ်အောင်

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

    သွေးဆုံးခါနီးနှစ်ပိုင်းထဲကို ဝင်လာပြီဆိုရင် နှလုံးကလည်း ပိုပြီးတော့ အထိအခိုက်မခံ ဖြစ်လာပါတယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ နှလုံးရောဂါနဲ့ အမျိုးသားတွေမှာဖြစ်တာ မတူပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ လိုပါတယ်။

1.    ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
    ကိုယ့်ရဲ့သွေးပေါင်ချိန်၊ သွေးတွင်း ကိုလက်စရောပမာဏတွေကို သိထားဖို့ လိုပါတယ်။ ဒီတော့ ဒါတွေသိဖို့ စစ်ဆေးပြီးတော့ ဒါတွေကိုကျန်းမာရေးနဲ့အညီ ထိန်းထားနိုင်ဖို့ ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပါ။

2.    လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
    တောင်တက်ခြင်း၊ အနီးအနားမှာပဲ လမ်းလျှောက်ခြင်း၊ ပန်းခြံထဲမှာ လမ်းလျှောက်ခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက သွေးလှည့်ပတ်မှုစနစ်ကို အလုပ်လုပ်ပြီးတော့ ပိုကောင်းစေပါတယ်။ ရက်တော်တော်များများမှာ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း ဘယ်လောက်လုပ်ရင် နှလုံးရောဂါဖြစ်နိုင်ချေကို အလျော့ကျဆုံး ဖြစ်နိုင်မလဲဆိုတာကို တိုင်းတာဖို့ ခက်ပေမယ့်လည်းပဲ လှုပ်ရှားမှုလုပ်လေ ကောင်းလေပါပဲ။ လှုပ်ရှားမှုများများလုပ်လေ ကျန်းမာရေးအတွက်ကောင်းလေပါ။

3.    ဆေးလိပ်ဖြတ်ပါ။
    နှလုံးအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာတစ်ခုကတော့ ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်သောက်လာတာ တော်တော်ကြာတဲ့သူတွေအတွက်တော့ ဖြတ်ဖို့ဆိုတာ အတော်ခက်မှာပါပဲ။ ဆေးလိပ်သောက်တယ်ဆိုတာက အလေ့အကျင့်သာမဟုတ်ဘဲနဲ့ စွဲလမ်းမှုတစ်ခု ဖြစ်လာတဲ့အတွက် အောင်အောင်မြင်မြင် ဖြတ်နိုင်ဖို့ဆိုရင် အကူအညီလိုပါတယ်။

4.    နှလုံးကျန်းမာရေးနဲ့ ညီညွတ်စေမယ့် စားသောက်မှုပုံစံကို ပြောင်းစားပါ။
    နှလုံးကို ပိုပြီးတော့ ကျန်းမာစေတဲ့ အစားအသောက်၊ အလေ့အကျင့်ကို တစ်ခါကိုတစ်မျိုး ပြောင်းလဲပြီး ကျင့်သုံးကြည့်ပါ။ စားနေကျအစားအစာမှာ လတ်ဆတ်တဲ့သစ်သီး ၂ မျိုး ပေါင်းထည့်ပြီးစားပါ။ ဆန်လုံးညို၊ ပေါင်မုန့်ညို စတာတွေ စားပါ။ အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကိုပဲ ဝယ်စားပါ။ စားပွဲပေါ်မှာ ဆားဘူးထားပြီး မစားပါနဲ့။ အရမ်းကြွပ်အောင် ကြော်ထားတာတွေ မစားပါနဲ့။ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

5.    စိတ်ဖိစီးမှုတွေကလည်း နှလုံးကို ထိခိုက်စေနိုင်ပါတယ်။
    စိတ်ဖိစီးမှုတွေက ဘဝမှာမလွဲမသွေ ကြုံတွေ့ကြရမှာပါပဲ။ ကားမတော်တဆမှုမဖြစ်အောင် ရှောင်နိုင်ဖို့၊ အလုပ်အင်တာဗျူးမှာ ကောင်းကောင်းဖြေနိုင်ဖို့ အတွက် ဖိစီးမှုလေး ခဏတာဖြစ်တာက ဘာပြဿနာမှ မရှိပေမယ့်လည်း ရက်သတ္တပတ်တွေကြာ၊ လတွေကြာတဲ့အထိ ဖိစီးမှုတွေရှိနေမယ်ဆိုရင် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ယခုလက်ရှိအခြေအနေမှာ အရမ်းတွေ စိတ်ဖိစီးမှုများနေရင် (သို့) အရမ်းဖိစီးမှုများတဲ့ အလုပ်မှာ ရှိနေရင်တော့ ဖိစီးမှုတွေကို ပြေလျော့စေမယ့်နည်းလမ်းတွေရှာပါ။ အသက်ကို ပြင်းပြင်းရှူပြီးတော့ စိတ်ဖိစီးမှုကို ပြေလျော့အောင်လုပ်နိုင်မယ့် နည်းလမ်းတွေကိုသင်ယူပါ။

6.    ကိုယ့်မိသားစုရဲ့ရောဂါရာဇဝင်ကို သိအောင်စုံစမ်းပါ။
    မိသားစုမျိုးရိုးရဲ့ ရောဂါရာဇဝင်ကို သိလည်း ပြန်ပြင်လို့မရပေမယ့် သိထားရင်တော့ ကိုယ့်မှာ ဘယ်လိုရောဂါတွေ မျိုးရိုးလိုက်နိုင်ချေရှိလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့ရတာပေါ့။ ဒီလိုသိထားရင် ကြိုပြီး ကာကွယ်ထားလို့ရတယ်။ ကိုယ့်မိသားစုထဲမှာ သွေးတိုး၊ သွေးတွင်းကိုလက်စရော မြင့်တက်တာတွေနဲ့ နှလုံးတိုက်ခိုက်ခံရတာတွေရှိတယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့်အနေနဲ့ ဒါတွေကို ဘယ်လိုကာကွယ်လို့ ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

7.    အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ နှလုံးရောဂါလက္ခဏာတွေကို လေ့လာပါ။
    အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်ရင် အမျိုးသားတွေမှာဖြစ်တဲ့ လက္ခဏာတွေနဲ့ မတူတာတွေ ရှိပါတယ်။ ဒီတော့ ရင်ပူတာ၊ စိုးရိမ်မှုတွေများတာ စတဲ့ လက္ခဏာတွေဖြစ်လာရင် ပေါ့ပေါ့ဆဆမနေဘဲနဲ့ ဆရာဝန်ပြသပြီး စစ်ဆေးမှုခံယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

    ေသြးဆံုးခါနီးႏွစ္ပိုင္းထဲကို ဝင္လာၿပီဆိုရင္ ႏွလံုးကလည္း ပိုၿပီးေတာ့ အထိအခိုက္မခံ ျဖစ္လာပါတယ္။ အမ်ိဳးသမီးေတြမွာျဖစ္တဲ့ ႏွလံုးေရာဂါနဲ႔ အမ်ိဳးသားေတြမွာျဖစ္တာ မတူပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ႀကိဳတင္ကာကြယ္မႈေတြ လုပ္ထားဖို႔ လိုပါတယ္။

1.    ဆရာဝန္နဲ႔ ျပသစစ္ေဆးပါ။
    ကိုယ့္ရဲ႕ေသြးေပါင္ခ်ိန္၊ ေသြးတြင္း ကိုလက္စေရာပမာဏေတြကို သိထားဖို႔ လိုပါတယ္။ ဒီေတာ့ ဒါေတြသိဖို႔ စစ္ေဆးၿပီးေတာ့ ဒါေတြကိုက်န္းမာေရးနဲ႔အညီ ထိန္းထားႏိုင္ဖို႔ ဘာေတြလုပ္သင့္တယ္ဆိုတာကို ေဆြးေႏြးတိုင္ပင္ပါ။

2.    ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ။
    ေတာင္တက္ျခင္း၊ အနီးအနားမွာပဲ လမ္းေလွ်ာက္ျခင္း၊ ပန္းၿခံထဲမွာ လမ္းေလွ်ာက္ျခင္းစတဲ့ ကိုယ္လက္လႈပ္ရွားမႈေတြက ေသြးလွည့္ပတ္မႈစနစ္ကို အလုပ္လုပ္ၿပီးေတာ့ ပိုေကာင္းေစပါတယ္။ ရက္ေတာ္ေတာ္မ်ားမ်ားမွာ တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ လမ္းေလွ်ာက္ေပးတာက ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။ ေလ့က်င့္ခန္း ဘယ္ေလာက္လုပ္ရင္ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို အေလ်ာ့က်ဆံုး ျဖစ္ႏိုင္မလဲဆိုတာကို တိုင္းတာဖို႔ ခက္ေပမယ့္လည္းပဲ လႈပ္ရွားမႈလုပ္ေလ ေကာင္းေလပါပဲ။ လႈပ္ရွားမႈမ်ားမ်ားလုပ္ေလ က်န္းမာေရးအတြက္ေကာင္းေလပါ။

3.    ေဆးလိပ္ျဖတ္ပါ။
    ႏွလံုးအတြက္ အေကာင္းဆံုး လုပ္ေပးႏိုင္တာတစ္ခုကေတာ့ ေဆးလိပ္ျဖတ္တာပါ။ ေဆးလိပ္ေသာက္လာတာ ေတာ္ေတာ္ၾကာတဲ့သူေတြအတြက္ေတာ့ ျဖတ္ဖို႔ဆိုတာ အေတာ္ခက္မွာပါပဲ။ ေဆးလိပ္ေသာက္တယ္ဆိုတာက အေလ့အက်င့္သာမဟုတ္ဘဲနဲ႔ စြဲလမ္းမႈတစ္ခု ျဖစ္လာတဲ့အတြက္ ေအာင္ေအာင္ျမင္ျမင္ ျဖတ္ႏိုင္ဖို႔ဆိုရင္ အကူအညီလိုပါတယ္။

4.    ႏွလံုးက်န္းမာေရးနဲ႔ ညီညြတ္ေစမယ့္ စားေသာက္မႈပံုစံကို ေျပာင္းစားပါ။
    ႏွလံုးကို ပိုၿပီးေတာ့ က်န္းမာေစတဲ့ အစားအေသာက္၊ အေလ့အက်င့္ကို တစ္ခါကိုတစ္မ်ိဳး ေျပာင္းလဲၿပီး က်င့္သံုးၾကည့္ပါ။ စားေနက်အစားအစာမွာ လတ္ဆတ္တဲ့သစ္သီး ၂ မ်ိဳး ေပါင္းထည့္ၿပီးစားပါ။ ဆန္လံုးညိဳ၊ ေပါင္မုန္႔ညိဳ စတာေတြ စားပါ။ အဆီပါဝင္မႈနည္းတဲ့ အစားအစာေတြကိုပဲ ဝယ္စားပါ။ စားပြဲေပၚမွာ ဆားဘူးထားၿပီး မစားပါနဲ႔။ အရမ္းႂကြပ္ေအာင္ ေၾကာ္ထားတာေတြ မစားပါနဲ႔။ အသင့္စား အစားအစာေတြကို တတ္ႏိုင္သမွ်ေရွာင္ပါ။

5.    စိတ္ဖိစီးမႈေတြကလည္း ႏွလံုးကို ထိခိုက္ေစႏိုင္ပါတယ္။
    စိတ္ဖိစီးမႈေတြက ဘဝမွာမလြဲမေသြ ႀကံဳေတြ႕ၾကရမွာပါပဲ။ ကားမေတာ္တဆမႈမျဖစ္ေအာင္ ေရွာင္ႏိုင္ဖို႔၊ အလုပ္အင္တာဗ်ဴးမွာ ေကာင္းေကာင္းေျဖႏိုင္ဖို႔ အတြက္ ဖိစီးမႈေလး ခဏတာျဖစ္တာက ဘာျပႆနာမွ မရွိေပမယ့္လည္း ရက္သတၱပတ္ေတြၾကာ၊ လေတြၾကာတဲ့အထိ ဖိစီးမႈေတြရွိေနမယ္ဆိုရင္ ႏွလံုးကို ထိခိုက္ေစႏိုင္ပါတယ္။ ယခုလက္ရွိအေျခအေနမွာ အရမ္းေတြ စိတ္ဖိစီးမႈမ်ားေနရင္ (သို႔) အရမး္ဖိစီးမႈမ်ားတဲ့ အလုပ္မွာ ရွိေနရင္ေတာ့ ဖိစီးမႈေတြကို ေျပေလ်ာ့ေစမယ့္နည္းလမ္းေတြရွာပါ။ အသက္ကို ျပင္းျပင္းရွဴၿပီးေတာ့ စိတ္ဖိစီးမႈကို ေျပေလ်ာ့ေအာင္လုပ္ႏိုင္မယ့္ နည္းလမ္းေတြကိုသင္ယူပါ။

6.    ကိုယ့္မိသားစုရဲ႕ေရာဂါရာဇဝင္ကို သိေအာင္စံုစမ္းပါ။
    မိသားစုမ်ိဳး႐ိုးရဲ႕ ေရာဂါရာဇဝင္ကို သိလည္း ျပန္ျပင္လို႔မရေပမယ့္ သိထားရင္ေတာ့ ကိုယ့္မွာ ဘယ္လိုေရာဂါေတြ မ်ိဳး႐ိုးလိုက္ႏိုင္ေခ်ရွိလဲဆိုတာကို ႀကိဳတင္ခန္႔မွန္းလို႔ရတာေပါ့။ ဒီလိုသိထားရင္ ႀကိဳၿပီး ကာကြယ္ထားလို႔ရတယ္။ ကိုယ့္မိသားစုထဲမွာ ေသြးတိုး၊ ေသြးတြင္းကိုလက္စေရာ ျမင့္တက္တာေတြနဲ႔ ႏွလံုးတိုက္ခိုက္ခံရတာေတြရွိတယ္ဆိုပါစို႔။ ဒါဆိုရင္ ကိုယ့္အေနနဲ႔ ဒါေတြကို ဘယ္လိုကာကြယ္လို႔ ရမလဲဆိုတာကို ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။

7.    အမ်ိဳးသမီးေတြမွာ ျဖစ္တတ္တဲ့ ႏွလံုးေရာဂါလကၡဏာေတြကို ေလ့လာပါ။
    အမ်ိဳးသမီးေတြမွာ ႏွလံုးေရာဂါျဖစ္ရင္ အမ်ိဳးသားေတြမွာျဖစ္တဲ့ လကၡဏာေတြနဲ႔ မတူတာေတြ ရွိပါတယ္။ ဒီေတာ့ ရင္ပူတာ၊ စိုးရိမ္မႈေတြမ်ားတာ စတဲ့ လကၡဏာေတြျဖစ္လာရင္ ေပါ့ေပါ့ဆဆမေနဘဲနဲ႔ ဆရာဝန္ျပသၿပီး စစ္ေဆးမႈခံယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)