/
news/အလှအပနှင့်ကျန်းမာရေး/နှုတ်ခမ်းသားလေး-ကျန်းမာနေစေဖို့-နည်းလမ်းကောင်းများ

နှုတ်ခမ်းသားလေး ကျန်းမာနေစေဖို့ နည်းလမ်းကောင်းများ

Category
အလှအပနှင့်ကျန်းမာရေး

1. ရေများများသောက်ပါ

          ရေသောက်ခြင်းဖြင့် ကျန်းမာစိုပြေသောအသားအရည်ကို ပိုင်ဆိုင်နိုင်ရုံမျှမက သဘာဝအလှတရားကိုလည်း ရရှိနိုင်ပါတယ်။ နှုတ်ခမ်းသားစိုပြေစေရန် ရေဓာတ်မှာအလွန်အရေးကြီးတာကြောင့် တစ်နေ့လျှင် ရေ 8 ဖန်ခွက် (2 လီတာ)ထိသောက်သုံးသင့်ပါတယ်။

          ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေများများစားပေးဖို့လည်း လိုအပ်ပါတယ်။ ဗီတာမင် E နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီး၊ သင်္ဘောသီး၊ ကီဝီနဲ့ ဘယ်ရီသီးတွေ စားပေးခြင်းဖြင့် နှုတ်ခမ်းသား အသားအရည်လှပလာမှာဖြစ်ပါတယ်။

          မကြာခဏအစိုဓာတ်ဖြည့်ဆည်းပေးပါ။ နှုတ်ခမ်းအဆီတောင့်ကို ပိုက်ဆံအိတ်ထဲအမြဲထည့်ထားပြီး လေးနာရီတစ်ကြိမ်လောက် ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းသားကိုစိုပြေစေရုံမျှမက နှုတ်ခမ်းသားမဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

 

2. လျှာဖြင့်သပ်ခြင်း (သို့) ကိုက်ခြင်းများမပြုလုပ်ပါနှင့်

        လုံးဝမကောင်းတဲ့အမူအကျင့်ဖြစ်တဲ့အပြင် နှုတ်ခမ်းကိုက်ခြင်းဖြင့် နှုတ်ခမ်းသားကို ကွဲစေရုံသာမက နှုတ်ခမ်းသားပါမဲလာပါလိမ့်မည်။ လျှာဖြင့်သပ်ခြင်းကြောင့်လည်း နှုတ်ခမ်းသားခြောက်သွေ့စေနိုင်ပါတယ်။

 

3. ဈေးပေါသော အလှပြင်ပစ္စည်းများကိုမသုံးစွဲပါနှင့်

        ဈေးသက်သာတဲ့နှုတ်ခမ်းနီတောင့်တွေဟာ နှုတ်ခမ်းသားကိုမဲ၍ ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ချယုံကြည်ရတဲ့ တံဆိပ်မျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။

 

Dr. Thinzar Wynn  (www.drmyanmar.com)