ခြေထောက်ကိုက်ခဲရခြင်း၏ အကြောင်းရင်းများနှင့် သက်သာစေမည့် နည်းလမ်းများ
မတ်တတ်အရပ်များသူတွေဟာ ခြေထောက်လေးခြင်း၊ ခြေထောက် နာကျင်ကိုက်ခဲခြင်းများကို မလွဲမသွေ ကြုံဖူးပါလိမ့်မယ်။
>> ခြေထောက်ကိုက်ခဲရတဲ့ အဓိကအကြောင်းရင်းတွေကတော့ -
(၁) ကြွက်သားနဲ့အရွတ်များ ဒဏ်ဖြစ်ခြင်း
ကြွက်သားနဲ့ အရွတ်နေရာတွေမှာ ဒဏ်ဖြစ်ပြီး ကိုက်ခဲရခြင်း ဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး (၃) လခန့် နာကျင် ခံစားရတတ်ပါတယ်။ နာလိုက်ပျောက်လိုက်လည်း ဖြစ်တတ်ပြီး အချိန်ကြာမြင့်စွာ နုံးချိခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အအိပ်မမှန်ခြင်းတို့နဲ့ တွဲဖြစ်တတ်ပါတယ်။
(၂) ကြွက်တက်ခြင်း
မဂ္ဂနီစီယမ် (Magnesium) ဓာတ် ချို့တဲ့မှုကြောင့် အဖြစ်များပြီး ကယ်စီယမ် (Calcium), ဆိုဒီယမ် (Sodium) နဲ့ ရေဓာတ် ချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၃) ခြေထောက်တွင် ရေဓာတ်များ စုပုံနေခြင်း
အချိုဓာတ်၊ နို့ထွက်ပစ္စည်းများနဲ့ ကဆီဓာတ်များတဲ့ အစားအစာတွေ အစားများနေရင် ဖြစ်နိုင်သလို သွေးခဲပိတ်ခြင်း၊ အရိုးပိညပ်ပြီးကျိုးခြင်း၊ ကျောက်ကပ်နဲ့ အသည်းရောဂါတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Jointace 1
>> ခြေထောက်ကိုက်ခဲခြင်းကို သက်သာစေမယ့် နည်းလမ်းတွေကတော့ -
(၁) ခြေထောက်ကို မြှောက်ထားပေးပါ။
အိပ်ခါနီးမှာ ခြေထောက်ကို နံရံကိုကပ်ပြီး မြှောက်ထားပေးပါ။ အဲဒီလိုလုပ်ပေးခြင်းဖြင့် ခြေထောက်မှာ စုပုံနေတဲ့အရည်များ နှလုံးဆီသို့ ပြန်သွားခြင်းဖြင့် သက်သာစေပါတယ်။
(၂) နှိပ်နယ်ပေးပါ။
အသာအယာနှိပ်နယ်ခြင်းဖြင့် ကြွက်သားများကို ပြေလျော့စေပြီး ခြေထောက်တွင် အရည်များစုပုံနေခြင်းမှလည်း ကာကွယ်ပေးပါတယ်။
(၃) ရေများများသောက်ပါ။
ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်ပါတယ်။ ခြေထောက်တွင် ရေဓာတ် စုပုံနေပါကလည်း ဆီးပုံမှန်သွားနိုင်နေပါက ရေကို များများသောက်သုံးသင့်ပါတယ်။ ဒါမှ သွေးကြောထဲမှာ နည်းသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။
(၄) လှုပ်လှုပ်ရှားရှားနေပါ။
မလှုပ်ရှားဘဲ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းတို့ဟာ ခြေထောက်မှာ အရည်စုပုံခြင်းကိုဖြစ်စေပြီး နာကျင်ကိုက်ခဲစေပါတယ်။ ဒါကြောင့် မတ်တတ်ပဲဖြစ်ဖြစ်၊ ထိုင်လျက်ပဲဖြစ်ဖြစ် မကြာခဏေ ခြထောက်ကို လှုပ်ပေးနေပါ။
(၅) အစားအသောက်ကို ဂရုပြုပါ။
သွေးလှည့်ပတ်မှုကောင်းမွန်စေရန် အသီးအရွက် များများစားပေးပါ။ အစားအသောက်ကို ချင့်ချိန်စားခြင်းအကျိုးက အချိန်ယူရတာကြောင့် စိတ်ရှည်ရှည်ထားပေးဖို့တော့ လိုအပ်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Jointace 2
(Zawgyi)
မတ္တတ္အရပ္မ်ားသူေတြဟာ ေျခေထာက္ေလးျခင္း၊ ေျခေထာက္ နာက်င္ကိုက္ခဲျခင္းမ်ားကို မလြဲမေသြ ႀကဳံဖူးပါလိမ့္မယ္။
>> ေျခေထာက္ကိုက္ခဲရတဲ့ အဓိကအေၾကာင္းရင္းေတြကေတာ့ -
(၁) ႂကြက္သားနဲ႔အ႐ြတ္မ်ား ဒဏ္ျဖစ္ျခင္း
ႂကြက္သားနဲ႔ အ႐ြတ္ေနရာေတြမွာ ဒဏ္ျဖစ္ၿပီး ကိုက္ခဲရျခင္း ျဖစ္ပါတယ္။ အခ်ိန္အားျဖင့္ အနည္းဆုံး (၃) လခန႔္ နာက်င္ ခံစားရတတ္ပါတယ္။ နာလိုက္ေပ်ာက္လိုက္လည္း ျဖစ္တတ္ၿပီး အခ်ိန္ၾကာျမင့္စြာ ႏုံးခ်ိျခင္း၊ စိတ္ဓာတ္က်ျခင္းနဲ႔ အအိပ္မမွန္ျခင္းတို႔နဲ႔ တြဲျဖစ္တတ္ပါတယ္။
(၂) ႂကြက္တက္ျခင္း
မဂၢနီစီယမ္ (Magnesium) ဓာတ္ ခ်ိဳ႕တဲ့မႈေၾကာင့္ အျဖစ္မ်ားၿပီး ကယ္စီယမ္ (Calcium), ဆိုဒီယမ္ (Sodium) နဲ႔ ေရဓာတ္ ခ်ိဳ႕တဲ့ျခင္းတို႔ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
(၃) ေျခေထာက္တြင္ ေရဓာတ္မ်ား စုပုံေနျခင္း
အခ်ိဳဓာတ္၊ ႏို႔ထြက္ပစၥည္းမ်ားနဲ႔ ကဆီဓာတ္မ်ားတဲ့ အစားအစာေတြ အစားမ်ားေနရင္ ျဖစ္ႏိုင္သလို ေသြးခဲပိတ္ျခင္း၊ အ႐ိုးပိညပ္ၿပီးက်ိဳးျခင္း၊ ေက်ာက္ကပ္နဲ႔ အသည္းေရာဂါတို႔ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
>> ေျခေထာက္ကိုက္ခဲျခင္းကို သက္သာေစမယ့္ နည္းလမ္းေတြကေတာ့ -
(၁) ေျခေထာက္ကို ေျမႇာက္ထားေပးပါ။
အိပ္ခါနီးမွာ ေျခေထာက္ကို နံရံကိုကပ္ၿပီး ေျမႇာက္ထားေပးပါ။ အဲဒီလိုလုပ္ေပးျခင္းျဖင့္ ေျခေထာက္မွာ စုပုံေနတဲ့အရည္မ်ား ႏွလုံးဆီသို႔ ျပန္သြားျခင္းျဖင့္ သက္သာေစပါတယ္။
(၂) ႏွိပ္နယ္ေပးပါ။
အသာအယာႏွိပ္နယ္ျခင္းျဖင့္ ႂကြက္သားမ်ားကို ေျပေလ်ာ့ေစၿပီး ေျခေထာက္တြင္ အရည္မ်ားစုပုံေနျခင္းမွလည္း ကာကြယ္ေပးပါတယ္။
(၃) ေရမ်ားမ်ားေသာက္ပါ။
ဆုံးရႈံးသြားတဲ့ေရဓာတ္ကို ျပန္လည္ျဖည့္တင္းရန္ လိုအပ္ပါတယ္။ ေျခေထာက္တြင္ ေရဓာတ္ စုပုံေနပါကလည္း ဆီးပုံမွန္သြားႏိုင္ေနပါက ေရကို မ်ားမ်ားေသာက္သုံးသင့္ပါတယ္။ ဒါမွ ေသြးေၾကာထဲမွာ နည္းသြားတဲ့ေရဓာတ္ကို ျပန္လည္ျဖည့္တင္းႏိုင္မွာ ျဖစ္ပါတယ္။
(၄) လႈပ္လႈပ္ရွားရွားေနပါ။
မလႈပ္ရွားဘဲ အခ်ိန္ၾကာၾကာ မတ္တပ္ရပ္ျခင္း၊ ထိုင္ျခင္းတို႔ဟာ ေျခေထာက္မွာ အရည္စုပုံျခင္းကိုျဖစ္ေစၿပီး နာက်င္ကိုက္ခဲေစပါတယ္။ ဒါေၾကာင့္ မတ္တတ္ပဲျဖစ္ျဖစ္၊ ထိုင္လ်က္ပဲျဖစ္ျဖစ္ မၾကာခဏေ ျခေထာက္ကို လႈပ္ေပးေနပါ။
(၅) အစားအေသာက္ကို ဂ႐ုျပဳပါ။
ေသြးလွည့္ပတ္မႈေကာင္းမြန္ေစရန္ အသီးအရြက္ မ်ားမ်ားစားေပးပါ။ အစားအေသာက္ကို ခ်င့္ခ်ိန္စားျခင္းအက်ိဳးက အခ်ိန္ယူရတာေၾကာင့္ စိတ္ရွည္ရွည္ထားေပးဖို႔ေတာ့ လိုအပ္ပါတယ္။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)





























