ရာသီလာစဉ်မှာ ကျန်းမာသန့်ရှင်းနေစေဖို့ ဒီအချက်တွေ လိုက်နာကြမယ်
အမျိုးသမီးများအနေနှင့် ရာသီလာစဉ်မှာ ကိုယ်ခန္ဓာကိုသာမက မိန်းမကိုယ်ကိုပါ အထူးဂရုစိုက်သင့်ပါတယ်။ ရာသီလာစဉ်မှာ သန့်ရှင်းကျန်းမာစေဖို့ လိုက်နာရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အမွေးနံ့ပါသော အိမ်သာသုံးစက္ကူများ၊ ဂွမ်းထုပ်များနှင့် Tampon များသုံးခြင်း ရှောင်ကြဉ်ပါ။ အရေပြားကို ယားယံခြောက်သွေ့စေပြီး ပိုးဝင်ခြင်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အနံံ့အသက်မပါတဲ့ ပစ္စည်းများကိုသာ ရွေးချယ်သင့်ပါတယ်။
(၂) ရာသီလာစဉ် ကိုက်ခဲခြင်းများအတွက် စောစောစီးစီး ဆေးသောက်ပါ။ ရာသီလာစဉ် နာကျင်ခြင်း ဖြစ်လေ့ရှိသူများအနေနှင့် ရာသီလာတဲ့အချိန်မှ ဆေးသောက်ခြင်းထက်မလာခင် ကြိုသောက်ထားပါ။
(၃) ရာသီစက်ဝန်းကို လစဉ်မှတ်သားပါ။ ရာသီလာခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးတစ်ခုလုံးနှင့် သက်ဆိုင်မှုရှိပါတယ်။ ဒီအတွက် ရာသီပုံမှန်လာဖို့ အရေးကြီးပြီး လစဉ်ရာသီလာရက်တွေနှင့် ကြာချိန်ကို မှတ်သားထားသင့်ပါတယ်။
(၄) မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောခြင်း ရှောင်ပါ။ ဒီလိုလုပ်ခြင်းဟာ pH မျှတမှုကို ပျက်စီးစေတဲ့အတွက် ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် မှိုစွဲခြင်းကို ဖြစ်စေပါတယ်။
Dolfenal 1

(၅) ကွန်ဒုံး အသုံးပြုပါ။ ရာသီလာချိန်မှာ လိင်ကတစ်ဆင့် ကူးစက်သောရောဂါများ ရနိုင်ချေမှာ သာမန်အချိန်ထက် မြင့်မားတဲ့အတွက် ကွန်ဒုံး အသုံးပြုသင့်ပါတယ်။
(၆) ဂွမ်းထုပ်များကို မကြာခဏလဲပေးပါ။ ဂွမ်းထုပ်၊ tampon များကို အချိန်ကြာမြင့်စွာ မလဲဘဲထားတာမျိုးကြောင့် ပိုးဝင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ၄-၆ နာရီတစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။
(၇) ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပါ။ ရာသီလာစဉ်မှာလေပွခြင်းနှင့် စိတ်အတက်အကျမြန်ခြင်းတို့ဟာ သာမန်အချိန်ထက် ပိုမိုဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အဆီနှင့်အချိုများသော အစာများကိုစားမယ့်အစား ကျန်းမာရေးနှင့်ညီညွတ်အောင် စားပေးသင့်ပြီး ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ သိပ်မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
Dolfenal 2

(Zawgyi)
အမ်ိဳးသမီးမ်ားအေနႏွင့္ ရာသီလာစဥ္မွာ ကိုယ္ခႏၶာကိုသာမက မိန္းမကိုယ္ကိုပါ အထူးဂ႐ုစိုက္သင့္ပါတယ္။ ရာသီလာစဥ္မွာ သန႔္ရွင္းက်န္းမာေစဖို႔ လိုက္နာရမယ့္အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အေမြးနံ႔ပါေသာ အိမ္သာသုံးစကၠဴမ်ား၊ ဂြမ္းထုပ္မ်ားႏွင့္ Tampon မ်ားသုံးျခင္း ေရွာင္ၾကဥ္ပါ။ အေရျပားကို ယားယံေျခာက္ေသြ႕ေစၿပီး ပိုးဝင္ျခင္း ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ အနံံ႔အသက္မပါတဲ့ ပစၥည္းမ်ားကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။
(၂) ရာသီလာစဥ္ ကိုက္ခဲျခင္းမ်ားအတြက္ ေစာေစာစီးစီး ေဆးေသာက္ပါ။ ရာသီလာစဥ္ နာက်င္ျခင္း ျဖစ္ေလ့ရွိသူမ်ားအေနႏွင့္ ရာသီလာတဲ့အခ်ိန္မွ ေဆးေသာက္ျခင္းထက္မလာခင္ ႀကိဳေသာက္ထားပါ။
(၃) ရာသီစက္ဝန္းကို လစဥ္မွတ္သားပါ။ ရာသီလာျခင္းဟာ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးတစ္ခုလုံးႏွင့္ သက္ဆိုင္မႈရွိပါတယ္။ ဒီအတြက္ ရာသီပုံမွန္လာဖို႔ အေရးႀကီးၿပီး လစဥ္ရာသီလာရက္ေတြႏွင့္ ၾကာခ်ိန္ကို မွတ္သားထားသင့္ပါတယ္။
(၄) မိန္းမကိုယ္အတြင္းပိုင္းထဲအထိ ေဆးေၾကာျခင္း ေရွာင္ပါ။ ဒီလိုလုပ္ျခင္းဟာ pH မွ်တမႈကို ပ်က္စီးေစတဲ့အတြက္ ဘက္တီးရီးယားပိုးဝင္ျခင္းႏွင့္ မႈိစြဲျခင္းကို ျဖစ္ေစပါတယ္။
(၅) ကြန္ဒုံး အသုံးျပဳပါ။ ရာသီလာခ်ိန္မွာ လိင္ကတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ား ရႏိုင္ေခ်မွာ သာမန္အခ်ိန္ထက္ ျမင့္မားတဲ့အတြက္ ကြန္ဒုံး အသုံးျပဳသင့္ပါတယ္။
(၆) ဂြမ္းထုပ္မ်ားကို မၾကာခဏလဲေပးပါ။ ဂြမ္းထုပ္၊ tampon မ်ားကို အခ်ိန္ၾကာျမင့္စြာ မလဲဘဲထားတာမ်ိဳးေၾကာင့္ ပိုးဝင္ျခင္းမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ ၄-၆ နာရီတစ္ႀကိမ္ေလာက္ လဲေပးသင့္ပါတယ္။
(၇) က်န္းမာေရးႏွင့္ညီၫြတ္ေအာင္ စားေသာက္ပါ။ ရာသီလာစဥ္မွာေလပြျခင္းႏွင့္ စိတ္အတက္အက်ျမန္ျခင္းတို႔ဟာ သာမန္အခ်ိန္ထက္ ပိုမိုျဖစ္ေပၚပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ အဆီႏွင့္အခ်ိဳမ်ားေသာ အစာမ်ားကိုစားမယ့္အစား က်န္းမာေရးႏွင့္ညီၫြတ္ေအာင္ စားေပးသင့္ၿပီး ေရမ်ားမ်ား ေသာက္ေပးဖို႔လည္း လိုပါတယ္။ သိပ္မျပင္းထန္ေသာ ကိုယ္လက္လႈပ္ရွားမႈေတြကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။






























