/
node/10165

အထိုင်များခြင်းရဲ့အန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင်ဟာ လုပ်ငန်းခွင်မှာ အထိုင်များသူတစ်ယောက်လား။ ဒါမှမဟုတ် အိမ်မှာ သက်သောင့်သက်သာနေရပြီး တဖြည်းဖြည်း ဝဖြိုးလာပြီလား။ အထိုင်များခြင်းကြောင့် ဝဖြိုးရုံလောက်သာ မဟုတ်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို သယ်ဆောင်လာနိုင်ပါတယ်။
ကျွန်မတို့ဟာ နေ့စဉ်ဘဝမှာ မနက်ကနေ ညအထိ ကားထဲမှာထိုင်ရခြင်း၊ အလုပ်စားပွဲမှာထိုင်ခြင်း၊ တီဗီထိုင်ကြည့်ခြင်း၊ ညစာထိုင်စားခြင်း စသည်ဖြင့် လှုပ်ရှားမှုနည်းပါးစွာ ထိုင်နေရသည်က များပါတယ်။

>>  လေ့လာချက်များအရ အထိုင်များခြင်းကြောင့် -
●  ဝဖြိုးလာခြင်း သို့မဟုတ် အဝလွန်ခြင်း
●  သွေးတွင်းသကြားဓာတ် မြင့်မားစေခြင်းနှင့် ဆီးချိုဖြစ်နှုန်း မြင့်မားခြင်း
●  နှလုံးရောဂါဖြစ်နှုန်းမြင့်တက်စေခြင်း
●  အဝလွန်ရာကနေ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းတို့ ဖြစ်ရန်ရာနှုန်းမြင့်မားစေပါတယ်။

>>  အထိုင်များပေမယ့် Gym ပုံမှန်သွားပြီး လေ့ကျင့်ခန်းလုပ်ရင်ကော?
●  စစ်တမ်းများအရ သင့်အနေနှင့် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်သူဖြစ်ရင်တောင်မှ နေ့ခင်းဘက်တွင် အထိုင်နည်းအောင် ကြိုးစားခြင်းဖြင့်  ပိုမိုကျန်းမာနိုင်ပါလိမ့်မယ်။
●  တစ်နေကုန် အညောင်းထိုင်ရသူများအနေနှင့် မကြာခဏ မတ်တပ်ရပ်ပေးခြင်း၊ လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် နှလုံးရောဂါနှင့်ဆီးချိုဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။
●  အထိုင်များခြင်းကြောင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာမို့ တစ်နာရီထိုင်ပြီးတိုင်း ဆယ်မိနစ်ခန့် လမ်းလျှောက်ပေးခြင်း၊ ဓာတ်လှေကားအစား ရိုးရိုးလှေကား အသုံးပြုခြင်း၊ နေ့ခင်းနေ့လယ်မှာ လုှပ်ရှားမှုပြုပေးခြင်းတို့ဖြင့် ပိုမိုကျန်းမာသောဘဝကို တည်ဆောက်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)