/
node/10214

သွားကိုက်ခြင်းကို သက်သာစေတဲ့ နည်းလမ်းတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွားကိုက်ဝေဒနာဆိုတာ အင်မတန်ဆိုးရွားတဲ့ဝေဒနာတစ်ခု ဖြစ်တယ်ဆိုတာ ခံစားဖူးသူတိုင်း သိကြမှာပါနော်။ ဒီလိုသွားကိုက်တဲ့အခါ သက်သာအောင် နည်းလမ်းလေးတွေ ဝေမျှပေးပါ့မယ်။

>>  အရင်ဆုံး သွားကိုက်ရတဲ့အကြောင်းရင်းလေးတွေကို ကြည့်ရအောင်။
●  သွားပိုးစားခြင်း
●  သွားပိုးဝင်ခြင်း၊ အာရုံကြောပိုးဝင်ခြင်း
●  သွားပဲ့ခြင်း
●  သွားဖာထားတာ၊ ပြုပြင်ထားတာ အဆင်မပြေခြင်း
●  သွားကြိတ်ခြင်း
●  ခံတွင်းပိုးဝင်ခြင်း
ဒီလိုအကြောင်းရင်းအမျိုးမျိုးကြောင့် သွားကိုက်တတ်ပါတယ်။
သွားကိုက်တာအပြင် ဖျားတာ၊ ခံတွင်းအနံ့နံတာ၊ သွားတစ်ဝိုက် ရောင်ရမ်းတာတွေပါ ဖြစ်တတ်ပါတယ်။

>>  သွားဒဏ်ရာရတာကလည်း အကြောင်းရင်း အများကြီးရှိပါတယ်။
●  ချော်လဲတာ
●  ကားအက်ဆီးဒင့်ဖြစ်တာ
●  အားကစားလုပ်ရင်းခိုက်မိတာ
●  မာတာတစ်ခုခု ကိုက်မိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Bio Adult 1

>>  သွားဆရာဝန်နဲ့မပြဖြစ်သေးခင်မှာ ဒါလေးတွေ လုပ်ပေးထားလို့ရပါတယ်နော်။
သွားကိုက်တာပဲဖြစ်ဖြစ်၊ သွားဒဏ်ရာတစ်ခုခုရတာပဲဖြစ်ဖြစ် နာကျင်မှုဝေဒနာကို လျစ်လျူရှုလို့မရပါဘူး။ နာတယ်ဆိုတာ တစ်ခုခုဖြစ်နေကြောင်း ခန္ဓာကိုယ်က ဆန္ဒပြတာပါ။ ဒါကြောင့် ဒီလိုနာတာကျင်တာတစ်ခုခု ဖြစ်လာတာနဲ့ သွားဆရာဝန်နဲ့ပြဖို့ပြင်ပါ။

ဒီလိုမပြခင်မှာ နာတာ သက်သာအောင် -
●  အကိုက်အခဲပျောက်ဆေးသောက်ပါ။
●  ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းပါ။
●  ရေခဲ ပါးမှာ ကပ်ပေးပါ။
●  နာတာကို မှတ်တမ်းလေး လုပ်ထားပါ။
●  သွားကို သန့်ရှင်းအောင်ထားပါ။

Bio Adult 2

>>  သွားပဲ့သွားရင် -
●  ပဲ့သွားတဲ့သွားစောင်းက ပါးကိုမခြစ်မိအောင် ပီကေတို့၊ ဂွမ်းတို့နဲ့ ခံထားပါ။
●  နာနေရင် အကိုက်အခဲပျောက်ဆေး သောက်ပါ။

>>  သွားကျိုးသွားရင် -
●  သွားကို သွားအံထဲ ပြန်ပြီးဖွဖွလေး ဖိထည့်ထားပါ။ ဂွမ်းလေးနဲ့ဖြစ်ဖြစ် ဖိထားပေးပါ။ မမျိုချမိအောင်တော့ သတိထားပါ။
●  ပြန်ထည့်လို့မရရင်တော့ ခွက်လေးထဲ ထည့်ထားပေးပါ။
●  သွေးထွက်နေရင် ဂွမ်းလေး ဖိကိုက်ထားပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)