/
node/10267

ဗီတာမင်အီးရဲ့ အသုံးဝင်ပုံများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်အီး ဆိုတာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင်အီး အပြည့်ဝဆုံး အစားအသောက်ကတော့ နေကြာစေ့၊ အယ်လ်မွန်စေ့၊ ဟေဇယ်စေ့တွေအပြင် မြေပဲထောပတ်ယို၊ ဟင်းနုနွယ်တွေကနေလည်း ရနိုင်ပါတယ်။
ပုံမှန်စားသောက်သူအတွက် ဗီတာမင်အီး ဖြည့်စွက်သောက်စရာ မလိုလောက်အောင် ပြည့်စုံချင် ပြည့်စုံနေကြပါလိမ့်မယ်။ ဒါပေမဲ့ ဗီတာမင်အီးကို အူကနေ စုပ်ယူဖို့ အဆီလိုတာကြောင့် အစာခြေစနစ် ချို့ယွင်းနေတဲ့လူတစ်ချို့မှာတော့ ဗီတာမင်အီး ချို့တဲ့နေတတ်ပါတယ်။
ဗီတာမင်အီးဟာ အလှအပအတွက် ကျော်ကြားပါတယ်။ ဗီတာမင်အီးပါတဲ့ လိုးရှင်းတွေ၊ ခရင်မ်တွေ လိမ်းပေးတာက အသားအရေကို အရောင်ကျစေပြီးတော့ နေရောင်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲထားတယ်ဆိုတဲ့ အမျိုးအစားကိုတော့ ရှောင်ပေးသင့်ပါတယ်။ သိပ်ပြီးတော့ မထူးတတ်လို့ပါ။ ပြီးတော့ သောက်ရုံနဲ့လည်း အသားအရေအတွက်ထူးပြီး အထောက်အကူမပြုပါဘူး။ သောက်ချင်ရင်တော့ ဗီတာမင်စီနဲ့ တွဲပြီးသောက်ပေးလို့ရတယ်။
ဗီတာမင်အီးဟာ အမာရွတ်တွေကိုရော ပျောက်နိုင်သေးလား? အသားအရေ၊ ဆံပင်၊ လက်သည်းတွေအတွက် ကောင်းတယ်ဆိုပေမယ့် အမာရွတ်တွေအတွက် ကောင်းမကောင်းကတော့ မသေချာဘူး။ တချို့တွေမှာ ဓာတ်မတည့်တာမျိုးတွေ ဖြစ်တတ်လို့ သတိထားဖု့ိ လိုတယ်နော်။

>>  ရောဂါတွေကိုရော ပျောက်စေနိုင်သလား?
ဗီတာမင်အီးဟာ နှလုံးရောဂါ၊ ကင်ဆာ အယ်ဇိုင်းမားလိုမျိုးရောဂါမျိုးတွေကိုပျောက်စေနိုင်တယ်လု့ိ ကြားဖူးထားကြပါသလား? တကယ်တော့ အသားအရေ၊ ဆံပင်၊ လက်သည်းခြေသည်းအတွက် ကောင်းတယ်လို့ ပြောကြပေမယ့်လည်း ဒီရောဂါတွေကိုပျောက်စေတယ်ဆိုတာတော့ တိကျတဲ့သက်သေပြချက် မရှိသေးပါဘူး။
တခြားဆေးတွေ သောက်နေတဲ့လူတွေမှာ ဆေးဓာတ်မတည့်တာတွေ ဖြစ်နိုင်လို့ ဗီတာမင်အီး မသောက်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ကြပါနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)