/
node/10456

သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွားကိုက်ခြင်းဟာ သွားပိုးဝင်ခြင်း၊ သွားကျိုးခြင်း/ပဲ့ခြင်း၊ သွားအမြစ်များပေါ်ခြင်းစတဲ့ ပြဿနာတွေကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ သွားယာယီကိုက်ခြင်းအတွက် အောက်ပါအိမ်တွင်းနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

(၁)  ရေခဲကပ်ခြင်း
သင့်သွားကိုက်ခြင်းဟာ သွားဖုံးရောင်ခြင်း သို့မဟုတ် သွားဖုံးဒဏ်ရာကြောင့်ဖြစ်ပါက ရေခဲကပ်ခြင်းဖြင့် သွားကိုက်ခြင်း သက်သာစေပါတယ်။

Bio Adult 1

(၂)  ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
သွားပိုးပေါက်များအတွင်းနှင့် သွားတစ်ခုနှင့်တစ်ခုကြားရှိ အညစ်အကြေးတွေကို ပြောင်စင်စေတဲ့အပြင် အရောင်ကျစေခြင်းနှင့် အနာကျက်မြန်စေခြင်း အာနိသင်ရှိပါတယ်။ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။

(၃)  အကိုက်အခဲပျောက်ဆေးသောက်ခြင်း
ပါရာစီတမော၊ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေ သောက်ခြင်းဖြင့် သွားကိုက်တာကို ယာယီသက်သာစေနိုင်ပါတယ်။

(၄)  ကြက်သွန်ဖြူ
ကြက်သွန်ဖြူကနေ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေမှာ သွားကိုက်ခြင်းကို သက်သာစေတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာဆိုရင် Allicin ဆိုတဲ့ ဘတ်တီးရီးယားတွေကို သေစေတဲ့ ဓာတ်တစ်ခုပါဝင်တဲ့အပြင် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းရှိတာမို့ သွားကိုက်တာ သက်သာစေတာပါ။ ကြက်သွန်ဖြူတစ်မွှာကို ချေပြီး ဆားနည်းငယ်နှင့် ရောစပ်ကာ သွားပေါ်သို့ အုံပေးပါ။

Bio Adult 2

(၅)  ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ခံတွင်းသန့်ဆေးရည်
ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ သွားကိုက်ခြင်းတွေအတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါသော ခံတွင်းသန့်ဆေးရည်တွေက ထိရောက်စွာ သက်သာစေပါလိမ့်မယ်။ ဒီဆေးရည်တွေကို ရေနှင့်ဆတူရောပြီး အသုံးပြုပါ။ ပါးစပ်ထဲမှာ စက္ကန့် ၃၀ လောက်ပဲ ငုံပါ။ ငုံပြီးပါကလည်း ရေဖြင့် သေချာပလုတ်ကျင်းပါ။

>>  သွားပိုးပေါက်တွေ ဖြစ်ပေါ်ခြင်းနှင့် သွားကိုက်ခြင်းဝေဒနာ ကင်းဝေးစေဖို့ ဒီအချက်တွေကို လိုက်နာကြနော်။
●  တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပေးပါ။ တစ်ခါသွားတိုက်ရင် အနည်းဆုံး၂ မိနစ် ကြာပါစေ။
●  အချိုများသော မုန့်နှင့်အရည်များကို ရှောင်ပါ။
●  သွားကြားထိုးသော အပ်ချည်မျှင်ကို အသုံးပြုပါ။
●  ဆေးလိပ်ဖြတ်ပါ။
●  ပုံမှန်သွားဆေးခန်းပြသပြီး သွားသန့်ရှင်းရေး ပြုလုပ်ပါ။

တကယ်လို့ သင့်မှာ (၂) ရက်ထက်ပိုပြီး သွားကိုက်တာ ခံစားရပါက သွားဆရာဝန်နှင့် ပြသဖု့ိ အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)