အပူရှောင်နည်းလမ်းများ
ပူပြင်းတဲ့နွေဥတုကို ရောက်လာတဲ့အခါ လူငယ်၊ လူကြီးတွေကအစ တိရစ္ဆာန်တွေအဆုံး အပူဒဏ်ကို အနည်းနဲ့အများ ခံစားရပါတယ်။ ဒီလိုအပူဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ အပူရှောင်နည်းလမ်းများကို ပြောပြပေးလိုက်ပါတယ်။
● နေရောင်ပြင်းချိန်မှာ အပြင်သွားတာ လျှော့ပါ။
● အပြင်သွားရမယ့်အလုပ်တွေကို မနက်ခင်းနဲ့ ညနေပိုင်းတွေမှာ လုပ်ပါ။
● ရေများများသောက်ပါ။ ကဖိန်းဓာတ်မပါတဲ့ အဖျော်ရည်များ သောက်ပါ။
● အဝတ်အစားကို အရောင်ဖျော့ဖျော့ချည်သား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။
● အပြင်ထွက်ရင် နေရောင်ကာခရင်မ် လိမ်းပါ။ နေလောင်တဲ့အခါ ခန္ဓာကိုယ်ဟာ မအေးမြဘဲ ပူစပ်ပူလောင် ဖြစ်နေနိုင်ပါတယ်။
● အိမ်မွေးတိရစ္ဆာန်များ၊ ကလေးများနဲ့ လူကြီးသူမများကို အလုံပိတ်ကားထဲမှာ အကြာကြီးထားတာမျိုးကို ရှောင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























