အစာအိမ်အချဉ်ပေါက်တဲ့အခါ သက်သာအောင် သောက်သုံးရမယ့်အရည်များ
အစာအိမ်အက်ဆစ်များ အထက်သို့ဆန်တက်ခြင်း သို့မဟုတ် စားချဉ့်ပြန်ရောဂါရှိသူများအနေနှင့် အစာ အတော်များများကို ရှောင်ရလေ့ရှိပါတယ်။
ရောဂါလက္ခဏာများကတော့ ချောင်းဆိုးခြင်း၊ ပျို့အန်ခြင်း၊ အသံသြလာခြင်း၊ လေချဉ်တက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အစာများ ပြန်အန်ထွက်ခြင်းတို့ ဖြစ်ပါတယ်။
Kremil-S 1
စားချဉ့်ပြန်ရောဂါရှိသူတွေ သောက်သုံးသင့်သောအရည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) လက်ဖက်ရည်ကြမ်း
● အစာကြေစေပြီး လေပွခြင်းနှင့် ပျို့ခြင်းကို သက်သာစေပါတယ်။
● လီကိုရိုက်စ်ပါတဲ့အတွက် အစာရေမျိုရှိ အချွဲအလွှာကို ထူစေတာမို့ အစာအိမ်အက်ဆစ်တွေ တိုက်စားခြင်းကို ကာကွယ်ပေးပါတယ်။
(၂) သစ်သီးဖျော်ရည်
● အချဉ်စူးသောအသီးတွေဟာ အစာအိမ်အက်ဆစ်ကို ပိုမိုထွက်စေတာမို့ အချဉ်နည်းသောအသီးတွေဖြစ်တဲ့ - မုန်လာဥနီ၊ ရှားစောင်းလက်ပတ်၊ ဂေါ်ဖီထုပ်၊ ဖရဲသီး စသည်တို့ကို ဖျော်ရည်ဖျော်သောက်နိုင်ပါတယ်။
(၃) ရေ
● ရေသန့်ကတော့ အလွယ်ကူဆုံးအရည်ဖြစ်ပြီး အစာအိမ်အက်ဆစ်တွေကို အားပျော့စေဖို့ သောက်သုံးနိုင်ပါတယ်။
(၄) အုန်းရည်
● အုန်းရည်မှာ ပိုတက်စီယမ်ပါဝင်တာမို့ ကိုယ်ထဲရှိ PH ကို မျှတစေပြီး အစာအိမ်အက်ဆစ်တွေကို ထိန်းချုပ်ပေးပါတယ်။
(၅) အပင်ကရသော နို့များ
● ပဲနို့၊ ဗာဒံစေ့နို့၊ သီဟိုစေ့နို့ နှင့် အုန်းနို့တို့ကို သောက်ပေးခြင်းဖြင့်လည်း အက်ဆစ်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။
Kremil-S 2
>> ရှောင်ရမည့် အရည်များကတော့ -
(၁) အချဉ်စူးသောသစ်သီးများနှင့် သစ်သီးဖျော်ရည်များ
(၂) ကော်ဖီ
(၃) အရက်၊ ဘီယာ
>> အစာအိမ်အက်ဆစ် ဆန်တက်ခြင်းကို သက်သာစေမယ့် အလေ့အကျင့်ကောင်းတွေကတော့ -
● မနက်စာနှင့် နေ့လယ်စာ မစားတာမျိုးကို ရှောင်ပါ။
● အိပ်ခါနီးတွင် အစာများများစားခြင်း၊ ကော်ဖီနှင့်အရက် သောက်ခြင်းကို ရှောင်ပါ။
● အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
● စပ်လွန်းသော အစာများစားခြင်းကို ရှောင်ပါ။
● အိပ်တဲ့အခါမှာ ခေါင်းအုံးမြင့်မြင့်ဖြင့် အိပ်ခြင်းဖြင့် ကမ္ဘာ့ဆွဲအားအရ အက်ဆစ်များ အထက်ဆန်ခြင်းကို တားမြစ်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























