/
node/10830

အဖြစ်များသော အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ အစာစားတဲ့အခါမှာ သွားတွေနှင့်ဝါးခြင်းကနေ အစာများကိုချေဖျက်ခြင်းအလယ် အညစ်အကြေးအဖြစ် စွန့်ထုတ်ခြင်းအထိဟာ အစာချေခြင်းဖြစ်စဉ် အစအဆုံး ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်နေရာရာတွင် ချို့ယွင်းမှုရှိပါက အစာချေစနစ်ဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာပါတယ်။ အခုဆောင်းပါးလေးမှာတော့ အဖြစ်များတဲ့ အစာချေစနစ်ရောဂါများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  စားချဉ့်ပြန်ခြင်း
အစာအိမ်တွင်းရှိ အစာတွေဟာ ပြောင်းပြန်အနေအထားဖြင့် ပါးစပ်ပေါ်သို့ ပြန်ဆန်တက်သောရောဂါ ဖြစ်ပါတယ်။

>>  ရောဂါလက္ခဏာအနေနှင့် -
●  အစာစားပြီး (သို့) လှဲနေရာကထလျှင် ရင်ပူခြင်း
●  အစာမျိုချရခက်ခြင်း
●  ဗိုက်အပေါ်ပိုင်းမအီမသာဖြစ်ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

Kremil-S 1

>>  ဖြစ်စေသောအကြောင်းရင်း
●  အစာရေမျိုတွင် ဒဏ်ရာရခြင်း
●  အဝလွန်ခြင်း
●  ဆေးလိပ်သောက်ခြင်း
●  စိတ်ရောဂါဆေးများသောက်ခြင်း
စသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။

>>  ကာကွယ်နည်း
●  ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
●  အိပ်နေစဉ်မှာ ခေါင်းအုံးမြင့်မြင့်ဖြင့်အိပ်ခြင်း
●  အစာကို ပုံမှန်စားခြင်း၊ အချိန်မှန်အိပ်စက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုနည်းပါးအောင် နေထိုင်ခြင်း
တို့ကြောင့် ဖြစ်ပါတယ်။

(၂)  အူအတွင်းဘက်အိတ်ငယ်များ ရောင်ခြင်း
အူနံရံအတွင်းဘက်တွင်ရှိသော အိတ်ငယ်များ ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းကြောင့် အစာချေစနစ်ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။

>>  ရောဂါလက္ခဏာအနေနှင့် -
●  ဝမ်းတွင်သွေးပါခြင်း
●  ဗိုက်ဘယ်ဘက်ခြမ်း အောင့်ခြင်း
●  ဖျားခြင်း
စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။

>>  ဖြစ်စေသောအကြောင်းရင်းများ
●  ဆေးလိပ်သောက်ခြင်း
●  အဝလွန်ခြင်း
●  အနီရောင်အသားတွေ အစားများခြင်းနှင့်
အမျှင်ဓာတ်စားသုံးမှုနည်းခြင်း
တို့ ဖြစ်ပါတယ်။

>>  ကာကွယ်နည်း
●  အမျှင်ဓာတ်များများစားခြင်း
●  ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း
●  ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
စသည်တို့ ပြုလုပ်ပေးသင့်ပါတယ်။

Kremil-S 2

(၃)  လက်တို့စ်ကို မချေဖျက်နိုင်ခြင်း (နို့မတည့်ခြင်း)
အစာထဲမှာပါသော လက်တို့စ်ကို အူလမ်းကြောင်းက မချေဖျက်နိုင်ခြင်းကြောင့်ဖြစ်သော ပြဿနာတစ်ခု ဖြစ်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  ဗိုက်နာခြင်း
●  လက်တို့စ်ပါသော အစာစားပြီးတိုင်း ဝမ်းပျက်ခြင်း
●  လေပွခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

>>  ဖြစ်စေသောအကြောင်းရင်း
●  ကိုယ်ခန္ဓာတွင် လက်တို့စ်ကို ချေဖျက်နိုင်တဲ့ လက်တေ့စ်အင်ဇိုင်းမပါသောကြောင့် ဖြစ်ရပါတယ်။

>>  ကုသနည်း
●  လက်တို့စ်ပါသောအစာများ ရှောင်ခြင်း
●  နို့နှင့် နို့ထွက်ပစ္စည်းများ မစားခြင်း
စသည်တို့ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)