/
node/11029

ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်ရင် ဆောင်ထားသင့်တဲ့ Probiotics

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Probiotics ဆိုတာ လူ့ကိုယ်ခန္ဓာအပေါ်မှာ ကောင်းကျိုးများစွာပေးနေတဲ့ အကျိုးပြုပိုးမွှားလေးတွေပါ။ သူ့တို့ရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အိမ်တွင်းကုထုံးတစ်ခုအနေနဲ့ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ဝမ်းလျှောတာကို ကာကွယ်ကုသတဲ့နေရာမှာ Probiotics လေးတွေရဲ့ အလုပ်လုပ်ပုံနဲ့ ဝမ်းလျှောတာအတွက် ထိရောက်မှုရှိတဲ့ probiotics အမျိုးအစားတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

>>  Probiotics တွေက ဝမ်းလျှောတာကို ဘယ်လိုမျိုး ကာကွယ်ကုသပေးတာလဲ?
လူ့ခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ပိုးမွှားတွေ မပွားများလာအောင် ထိန်းသိမ်းပေးနေတာဟာ Probiotics ဆိုတဲ့ အကျိုးပြုပိုးမွှားလေးတွေပါပဲ။ ဒီအကျိုးပြုပိုးမွှားလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဖျက်ဆီးခံလိုက်ရရင် မကောင်းတဲ့ပိုးတွေ များပြားလာပြီး ဝမ်းလျှောတာလိုမျိုး အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ Probiotics ပါဝင်တဲ့ အစားအသောက်တွေ၊ ဖြည့်စွက်စာတွေဟာ အကျိုးပြုပိုးမွှားတွေကို ပြန်လည်များလာစေခြင်းဖြင့် အချို့သော ဝမ်းလျှောခြင်းအမျိုးအစားတွေကို ကာကွယ်ကုသပေးနိုင်ပါတယ်။

Probiotics တွေဟာ  -
●  အာဟာရဓာတ်တွေကို မကောင်းတဲ့ပိုးမွှားတွေဆီ မရောက်အောင် စားသုံးပေးခြင်း
●  ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း
●  မကောင်းတဲ့ပိုးမွှားတွေရဲ့ ရောဂါဖြစ်စေတဲ့စွမ်းဆောင်ရည်ကို မထုတ်လုပ်နိုင်အောင် အူလမ်းကြောင်းပတ်ဝန်းကျင်ကို ပြောင်းလဲပေးခြင်း စတဲ့ နည်းလမ်းသုံးမျိုးနဲ့ ရောဂါဖြစ်စေတဲ့ မကောင်းတဲ့ပိုးမွှားတွေကို တိုက်ထုတ်ပေးပါတယ်။

Bioflor IA 1

>>  Probiotics တွေကို ဘယ်လိုဝမ်းပျက်ဝမ်းလျှောရောဂါတွေမှာ အသုံးပြုနိုင်သလဲ?
Probiotics ဖြည့်စွက်ပေးခြင်းဖြင့် ကာကွယ်ကုသနိုင်တဲ့ ဝမ်းလျှောခြင်းအမျိုးအစားတွေကတော့ -
●  ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း
●  ပိုးသတ်ဆေးသောက်လို့ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း
●  ခရီးသွားစဉ် မသန့်ရှင်းတဲ့အစားအသောက်တွေ စားမိလို့ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း (Traveler's diarrhea)
●  တစ်နှစ်အောက်ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အူနံရံရောင်ရမ်းပြီး အူမှာရှိတဲ့ဆဲလ်တွေ ပျက်စီးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း (Nacrotizing enterocolitis) စတာတွေ ဖြစ်ပါတယ်။

Bioflor IA 2

>>  ဝမ်းပျက်ဝမ်းလျှောတာအတွက် အကောင်းဆုံးသော Probiotics အမျိုးအစားတွေက ဘာတွေလဲ?
နောက်ဆုံးရ သိပ္ပံနည်းကျတွေ့ရှိချက်တွေအရတော့ Probiotics အမျိုးအစားတွေ ရာနဲ့ချီပြီးရှိတဲ့အထဲမှာမှ -
●  Lactobacillus rhamnosus
●  Saccharomyces boulardii
●  Bifidobacterium lactis နဲ့
●  Lactobacillus casei တို့ဟာ ဝမ်းပျက်ဝမ်းလျှောတာအတွက် အထိရောက်ဆုံးပဲ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ Lactobacillus rhamnosus နဲ့ Saccharomyces boulardii တို့ဟာ ပိုးသတ်ဆေးတွေကြောင့် ဝမ်းလျှောတာဖြစ်နိုင်ချေကို ၅၁% အထိ လျှော့ချပေးနိုင်ပြီး Saccharomyces boulardii ကတော့ Traveler's diarrhea ဖြစ်နိုင်ချေကို ၂၁% အထိ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

အချုပ်ပြောရရင်တော့ Probiotics တွေဟာ ကလေးရော၊ လူကြီးမှာပါ ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အမျိုးအစားတွေကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။ ဒါကြောင့် မိမိတို့အတွက်ဖြစ်စေ၊ သားသားမီးမီးလေးတွေအတွက်ဖြစ်စေ Probiotics ဖြည့်စွက်စာလေးတွေကို အိမ်မှာဆောင်ထားကြဖို့ အကြံပြုချင်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)