/
node/4407

အိပ်ရေးဝဝအိပ်ပျော်အောင် ဘယ်လို မီးအလင်းရောင်ကိုသုံးသင့်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေရောင်ကဲ့သို့စူးရှသော မီးအလင်းရောင်တွေဟာ စိတ်ကိုတက်ကြွစေရုံမျှမက အားအင်ပြည့်ဝစေရန်လည်း ကူညီပေးနိုင်ပါတယ်။ ဒါဟာ နေ့လည်နေ့ခင်းအချိန်တွေအတွက် သင့်တော်ပေမယ့်လည်း Melatonin ဟော်မုန်းထုတ်လုပ်မှုကို ကျဆင်းစေပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိအိပ်ခန်းအတွက် မီးလုံးများရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် သေချာစဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။

1. ရိုးရိုးမီးသီးများ

        အများဆုံးအသုံးပြုလေ့ရှိသော မီးသီးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့်ဈေးမကြီးပေ။ အရောင်လည်းအရမ်းမစူးဘဲ နာရီ 1000 ကျော်မျှ အသုံးခံပါတယ်။ စွမ်းအင်ချေွတာပေးနိုင်သော အမျိုးအစားမဟုတ်သော်လည်း အနီရောင်မီးသီးပြီးလျှင် အိပ်ခန်း၌အသုံးပြုရန် ဒုတိယအကောင်းဆုံး မီးသီးမျိုးဖြစ်ပါတယ်။

2. ဟေလိုဂျင်မီးသီးများ

        ရိုးရိုးမီးသီးပုံစံနှင့်ဆင်တူပြီး နေ့အလင်းရောင်ကဲ့သို့ အလင်းမျိုးပေးစွမ်းနိုင်ဆုံးသော မီးသီးမျိုးဖြစ်ပါတယ်။ ထို့ကြောင့် ညအချိန်တွင် အသုံးပြုရန်မသင့်တော်ပါ။

3. သယ်ယူရလွယ်ကူသော အနုမြူမီးသီးများ

        စွမ်းအင်ချေွတာသော ကြောင်အိမ်လှေကားသဏ္႑ာန်မီးလုံးဖြစ်ပြီး ရိုးရိုးမီးသီးများထက် ဆယ်ဆခန့်ကြာရှည်ပိုခံပါတယ်။ သို့ရာတွင် အပြာရောင်မီးအလင်းရောင်ကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ခြင်းကြောင့် အိပ်ခန်းတွင်မသုံးဘဲ အခြားနေရာများတွင်သာ သုံးသင့်ပါတယ်။ အကယ်၍ မဖြစ်နိုင်ပါက မအိပ်မီ 2 နာရီအလိုအလောက်တွင် မီးပိတ်ထားခြင်း (သို့) ၎င်းမီးသီးကို ငါးပေအကွာခန့်တွင်သာ တပ်ဆင်ခြင်းများကိုပြုလုပ်နိုင်ပါတယ်။

4. LED မီးသီးများ

        ပုံမှန်သုံးစွဲနေကျ မီးသီးများထက် စွမ်းအင်ကို 75% ခန့်သက်သာစေပါတယ်။ သို့သော် အလင်းမှာ တစ်နေရာသို့သာ ရောက်ရှိနိုင်ခြင်းကြောင့် အိမ်ပတ်လည်တွင် အသုံးပြုရန်မှာ သိပ်အဆင်မပြေလှပေ။ ထို့ပြင် သာမန်မီးသီးများထက် LED က အပြာရောင်အလင်းများကို ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။

5. အနီရောင်မီးသီးများ

        အနီရောင်အလင်းတန်းများဟာ အိပ်စက်ခြင်းကို အထောက်အကူပြုစေနိုင်ကြောင်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ ထို့ကြောင့် ၎င်းအနီရောင် (သို့) ပန်းရောင်မီးသီးများကို အိပ်ခန်းများတွင် အသုံးပြုသင့်ပါတယ်။

 

Dr. Thinzar Wynn (drmyanmar.com)

www.drmyanmar.com