/
node/4482

လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. နွယ်ချို

        နွယ်ချိုကို ရေစိမ်ပြီးတော့ ဒီအရည်နဲ့ပလုတ်ကျင်းခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေ ပါတယ်။ လေ့လာမှုအရ နွယ်ချိုက လည်ချောင်းရှင်းစေပြီး ခွဲစိတ်မှုအပြီးချောင်းဆိုးခြင်းများ ကို ပျောက်ကင်းစေ ပါတယ်။

2. ပျားရည်

        ပျားရည်ကိုလက်ဖက်ရည်ကြမ်းနဲ့ရောပြီး (သို့) ဒီအတိုင်း သောက်ခြင်းက လည်ချောင်းနာခြင်းကို သက်သာစေတဲ့ အသုံးများတဲ့အိမ်တွင်းဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ လေ့လာမှုအရ ပျားရည် ကချောင်းဆိုးပျောက်ဆေးတွေထက်ပိုပြီးတော့ ညဘက်ချောင်းဆိုးခြင်းတွေကို ပျောက်ကင်းစေပါတယ်။

3. ဆားရည်

        ဆားရည်ဖြင့်ပလုတ်ကျင်းခြင်းက လည်ချောင်းနာခြင်းအတွက် လူသိများတဲ့နည်းတစ်နည်းဖြစ်ပါတယ်။ ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်းက လည်ချောင်းနာသက်သာစေခြင်း၊ ချွဲပျော်စေခြင်း၊ ပိုသေစေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

          ရေနွေးတစ်ဖန်ခွက်ထဲမှာ ဆားလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်ထည့်ထားတဲ့ ဆားရေနွေးဖြင့် 3 နာရီတစ်ကြိမ် ပလုတ်ကျင်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းကိုသက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။

4. ပူရှိန်း

        ပူရှိန်းမှာ ချွဲပျော်စေပြီး လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းကိုသက်သာစေတဲ့ menthol ပါဝင်ပါတယ်။ ပူရှိန်းဆီပါဝင်တဲ့ ဖြန်းဆေးတွေက လည်ချောင်းနာခြင်းကိုသက်သာစေပါတယ်။

          2008 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပူရှိန်းမှာ အနာကျက်ခြင်းကိုမြန်စေတဲ့ အရောင်သက်သာစေသော၊ ပိုးသေစေသော၊ ဗိုင်းရပ်စ်ပိုးသေစေသော အစွမ်းသတ္တိတွေရှိတယ်လို့ ဆိုထားပါတယ်။

5. မုန့်ဖုတ်ဆော်ဒါအရည်

        ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းကို ပိုအသုံးများပေမယ့် ဆားရည်ထဲမှာမုန့်ဖုတ်ဆိုဒါပါရောထည့်ပြီး ပလုတ်ကျင်းခြင်းကလည်း လည်ချောင်းနာခြင်းကိုသက်သာစေတဲ့အပြင် ပိုးတွေသေစေပြီး မှို၊ တဆေးများပေါက်ဖွားခြင်းမှ ကာကွယ်ပေးပါတယ်။

          ရေနွေးတစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ¼၊ ဆားလက်ဖက်ရည်ဇွန်း 1/8 ထည့်ပြီး 3 နာရီတစ်ကြိမ် ပလုတ်ကျင်းနိုင်ပါတယ်။

Dr.Mya Myo Myo Swe

www.drmyanmar.com