/
node/4652

လက်သည်းခွံကပြောတဲ့ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူအချို့မှာ မျိုးရိုးဗီဇအရ လက်သည်းအောက်ခြေနေရာက ခုံးနေလေ့ရှိတတ်ပါတယ်။ ဒါပေမယ့် လက်သည်းပန်းကုံးနားက လက်သည်းခွံက ရုတ်တရက်ရောင်ရမ်းလာပြီး ဇွန်းမှောက်ထားသလို ခုံးနေမယ် ဆိုရင်တော့ ပြဿနာတစ်ခုခုကြောင့်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက နှလုံးနဲ့ အဆုတ်ရောဂါ ကဲ့သို့သော ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့် လည်းဖြစ်နိုင်ပါတယ်။ လက်သည်းခွံကိုကြည့်ပြီး ခန့်မှန်းနိုင်တဲ့ ရောဂါ 6 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. Melanoma ဟုခေါ်သော အရေပြားကင်ဆာတစ်မျိုး

        လက်သည်းမှာ အစင်းကြောင်းတွေပေါ်နေတာက ဖြစ်လေ့ဖြစ်ထရှိပြီး အသားမည်းတဲ့ သူတွေမှာ တွေ့ရ များပါတယ်။ ဒါပေမယ့် ဒီလက်သည်းပေါ်က အမည်းကြောင်းတွေက ကင်ဆာရောဂါလက္ခဏာ တစ်ခု လည်းဖြစ်နိုင်ပါတယ်။ အများစုက အရေပြားကင်ဆာရောဂါဟာ အရေပြားကစတယ်လို့ထင်ကြပေမယ့် လက်သည်းခွံအောက် အထူးသဖြင့် လက်မ၊ လက်ညှိုးနဲ့ ခြေမတွေရဲ့ ခြေသည်းခွံအောက်ကနေလည်း စဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် တကယ်လို့ လက်သည်းခွံမှာ အညိုရောင်၊ အနက်ရောင် အစင်းကြောင်းတွေနဲ့ အတူ လက်သည်းခွံပတ်လည်က အရေပြားမှာလည်း အညိုရောင်ပိုများနေတယ် ဆိုရင် ရောဂါတစ်ခု ခုကြောင့်လားဆိုတာကိုသိဖို့ အရေပြားဆရာဝန်နဲ့သွားပြရပါမယ်။

2. သွေးအားနည်းရောဂါ

        လက်သည်းခွံ ခွက်ဝင်နေမယ်ဆိုရင် (ဆိုလိုတာက လက်သည်းခွံပေါ်ရေတစ်စက်လောက် တင်ကြည့်တဲ့အခါ ရေကအောက်ကိုပြုတ်ကျမသွားဘူး) သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

3. ရောင်ရမ်းခြင်းနှင့်ဆိုင်သောရောဂါများ

        လက်သည်းခွံချိုင့်ဝင်နေခြင်းက psoriasis လို့ခေါ်တဲ့ နာတာရှည်အရေပြားရောဂါ တစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဆံပင်တွေကျွတ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ Alopecia areata ဆိုတဲ့ရောဂါရဲ့လက္ခဏာလည်းဖြစ်နို်င်ပါတယ်။

4. သိုင်းရွိုက်ရောဂါ

        လက်သည်းခွံကျွတ်ဆတ်ပြီး ကွာခြင်း၊ ကွဲခြင်းတွေက သိုင်းရွိုက်ဂလင်း အလုပ်ကောင်းကောင်း မလုပ်နိုင်ခြင်းနဲ့ အသားဓာတ်ချို့တဲ့ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

5. သတ္တုဆိပ်သင့်ခြင်း

        လက်သည်းခွံပေါ်က အဖြူစင်းတွေက ပုံမှန်လည်းဖြစ်နိုင်သလို ထိခိုက်မှု တစ်ခုခုကြောင့် လည်းဖြစ်နိုင်ပါတယ်။ လက်သည်းထိပ်မှာ လခြမ်းပုံစံအဖြူကွက်ကတော့ စိန်အဆိပ် (သို့) အခြားသတ္တုဓာတ် တစ်မျိုးမျိုးအဆိပ်သင့်ခြင်းကြောင့် စြဖ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး လည်းဖြစ်နိုင်ပါတယ်။

6. လက်သည်းနီအကြာကြီးဆိုးထားခြင်း

        လက်သည်းနီဆိုးတာကြာရင်လည်း လက်သည်းခွံဝါတတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ လက်သည်းနီ မဆိုးဘဲထားရင် ရက်အနည်းငယ်ကြာရင် သူ့အလိုလိုပုံမှန်အရောင်ပြန်ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ အချိန်အတော်ကြာအောင် လက်သည်းတွေဆက်ဝါနေရင်တော့ မှိုစွဲနေလားသိဖို့အတွက် ဆရာဝန်ကိုပြသပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com