/
node/4719

သွားဖြူအောင်၊ သွားကောင်းအောင် ဘာတွေစားမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. အမျှင်ဓာတ်မြင့်မားစွာပါဝင်သော အသီးအနှံများ

        သစ်တော်သီး၊ ပန်းသီးကဲ့သို့ အမျှင်ဓာတ်များသော အသီးအနှံတွေဟာ သွားဖြူဖွေးစေရန် အကူအညီပေးနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို အထောက်အကူပြုတဲ့ တံတွေးထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင်ရုံသာမက အမျှင်တွေဟာ သွားမျက်နှာပြင်ကို ပွတ်တိုက်ခြင်းဖြင့် အချို့သော အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးမှာ သကြားဓာတ်ပါဝင်တဲ့အပြင် ကပ်စီးစီးခံစားမှုကို သဘောမကျပါက ပန်းသီးစားပြီးတိုင်း သွားတိုက်ပေးဖို့လိုအပ်ပါတယ်။

2. မုန့်ဖုတ်ဆိုဒါ

        သဘာဝအတိုင်းသွားများကို ဖြူဖွေးလိုပါက မုန့်ဖုတ်ဆိုဒါအမှုန့်တွေနဲ့ ပွတ်ပေးနိုင်ပါတယ်။ သွားပွတ်တံကိုရေစွတ်၍ ဆိုဒါမှုန့်တွေထဲနှစ်ပြီးတိုက်နိုင်ပါတယ်။ ဒါပေမယ့် မုန့်ဖုတ်ဆိုဒါရဲ့ တိုက်စားနိုင်တဲ့အစွမ်းသတ္တိကြောင့် ကြွေလွှာတွေပျက်စီးနိုင်တာကြောင့် နေ့စဉ်လုပ်ဖို့တော့အားမပေးပါဘူး။ တစ်ပတ်တစ်ခါတော့ လုပ်နိုင်ပါတယ်။

3. စတော်ဘယ်ရီ

        သဘာဝနည်းနဲ့ သွားတွေကိုဖြူဖွေးစေချင်ရင်တော့ စတော်ဘယ်ရီသီးက မရှိမဖြစ်ပါပဲ။ အနီရောင်ဘယ်ရီသီးတွေမှာ မယ်လစ်အက်ဆစ်ပါဝင်တာကြောင့် ထိုကဲ့သို့သွားတွေကိုဖြူစေနိုင်တာဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတွေကို မုန့်ဖုတ်ဆိုဒါနဲ့ ရောနယ်ပြီးတော့ အိမ်လုပ်သွားဖြူဆေးအဖြစ်သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သွားတွေကိုဖြူစေခြင်းတာ အပေါ်ယံကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုဖယ်ရှားလိုက်တာဖြစ်ပြီး ကြွေလွှာအတွင်းပိုင်းအထိ မထိုးဖောက်နိုင်တာကြောင့် ရေရှည်မခံပါဘူးလို့ သိရပါတယ်။

4. ဒိန်ခဲ

        သတင်းကောင်းတစ်ခုကတော့ အရသာရှိလှတဲ့ ဒိန်ခဲကိုစားပြီးသွားတွေကို ကျန်းမာအောင်ပြုလုပ်နိုင်တယ်ဆိုတာပါပဲ။ သုတေသနပြုလုပ်ချက်တွေအရ အကြံပြုထားတာကတော့ ဒိန်ခဲကဲ့သို့အစာများကို စားချင်ဟာ ပါးစပ်ထဲမှာ အက်ဆစ်ဓာတ်ကိုလျော့နည်းလာစေတာကြောင့် သွားပိုးပေါက်ဖြစ်ခြင်းကို လျှော့ချနိုင်ပါတယ်။

5. ရေ

        ရေဟာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ရုံသာမက သွားနှင့်ခံတွင်းကျန်းမာရေးအတွက်လည်း များစွာအထောက်အကူ ပြုပါတယ်။ အထူးသဖြင့် ဖလိုရိုက်ပါတဲ့ရေဟာ သွားများပျက်စီးခြင်းကိုဟန့်တားပေးနိုင်ပါတယ်။ အကယ်၍ အစာစားပြီးတဲ့အချိန်မှာ သွားမတိုက်နိုင်လျှင်တောင်မှ သကြားနဲ့ အက်ဆစ်ဓာတ်တွေကို ဖယ်ရှားဖို့ရေဖြင့် ပလုတ်ကျင်းသင့်ပါတယ်။

6. မြေပဲ

        မြေပဲဆံတွေဟာ သေးငယ်ပေမယ့်လည်း ကိုယ်အလေးချိန်ကျခြင်းကို အထောက်အကူပြုရုံသာမက အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တဲ့အထိ ကျန်းမာရေးကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ထို့ပြင် ပရိုတင်း (အသားဓာတ်) ပါဝင်တာကြောင့် သွားတွေကိုကာကွယ်ပေး၍ ခိုင်ခံ့စေပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ၎င်းမြေပဲဆံတွေကိုဝါးနေခြင်းက တံတွေးထွက်နှုန်းကိုမြင့်မားစေတာကြောင့် ခံတွင်းကိုသန့်ရှင်းစေပါတယ်။ ဒါပေမယ့် မကောင်းတဲ့အချက်အနေနဲ့ သုတေသနပြုလုပ်ချက်အချို့အရ မြေပဲဟာ သွားပျက်စီးခြင်းကိုဖြစ်စေ၍ ရှေးအစဉ်အဆက်ကပင် သွားနှင့်သွားဖုံးရောဂါတွေကို ခံစားရစေနိုင်တာကြောင်းသိရပါတယ်။ ဒါကြောင့် မြေပဲဆံတွေကို မစားသုံးမီ သွားဆရာဝန်ထံမှ အကြံဉာဏ်ရယူသင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com