/
node/4810

ဘလက်ကော်ဖီသောက်ခြင်းဖြင့် အမျိုးအစား 2 သွေးချိုဆီးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့လျှင် ကော်ဖီသုံးခွက်နှင့်အထက်သောက်သူတွေဟာ ကော်ဖီတစ်နေ့တစ်ခွက်သောက် သူတွေထက် အမျိုးအစား 2 သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ 37 ရာခိုင်နှုန်းလျော့နည်းစေနိုင်ပါတ်ယ။ ဒါပေမယ့် ဆိုင်တွေမှာရောင်းချနေတဲ့ အသင့်ဖျော်ကော်ဖီမစ်ထုပ်တွေကို ၀ယ်ယူဖျော်သောက်ခြင်းဖြင့် ရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ကော်ဖီမှုန့်စစ်စစ်ကိုကိုယ်တိုင်နှပ်သောက်မှသာ ကျန်းမာရေးအတွက်ကောင်းကျိုးပြုမှာဖြစ်ပြီး အမျိုးအစား 2 သွေးချိုဆီးချိုရောဂါဖြစ်ခြင်းမှ လျှော့ ချပေးနိုင်မှာဖြစ်ပါတယ်။ မိမိသောက်တဲ့ကော်ဖီတစ်ခွက်ဟာ ကျန်းမာရေးနဲ့ညီညွတ်နေစေဖို့ နို့်များများ၊ သကြားများများနဲ့ပြည့်နှက်နေတဲ့ ကော်ဖီအစား နှပ်ပြီးမှ ဖျော်ထားတဲ့ အချိုတွေဘာမှမထည့်ထားတဲ့ ပူပူနွေးနွေး black coffee ကိုသောက်သင့်ပါတယ်။ တကယ်လို့ black coffee ကိုသောက်နေကျမဟုတ်ဘူး၊ သင့်အနေနဲ့ ကော်ဖီအရသာခါးသက်သက်ကိုမနှစ်မြို့သူဖြစ်မယ်ဆိုရင်တော့ အခါးအရသာလေး နည်းနည်းပေါ့သွားအောင်သာ သကြားအနည်းငယ်ထည့်သောက်သင့်ပြီး နို့အပြည့် ပါတဲ့ကော်ဖီကိုသောက်နေကျဖြစ်တဲ့သူ ဆိုရင်တော့ နို့မှုန့်၊ နို့ဆီတွေထည့်သောက်မယ့်အစား အဆီထုတ်ပြီးသား နွားနို့အနည်းငယ်ကိုသာ ထည့်သောက်သင့်ပါတယ်။

CMS

www.drmyanmar.com