/
node/4881

ရေဓာတ်ခမ်းနေလားဆိုတာကို အလွယ်တကူဘယ်လိုစမ်းသပ်နိုင်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေထက်၀က်ခန့်ဟာ မိမိကိုယ်တိုင်တောင် သတိမထားမိဘဲ ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားနေရတတ်ပါတယ်။ ထိုကဲ့သို့ ရေဓာတ် မလုံလောက်ခြင်းကြောင့် အလွန်ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။

            မိမိခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှု ရှိ၊ မရှိနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားသင့်ပါတယ်။

♦ ရေဓာတ်ခန်းခြောက်စဉ် ဘာတွေလုပ်ဆောင်ဖို့ လိုပါသလဲ?

1. သာမန်နှင့် သာလွန်အဆင့် ရေဓာတ်ခန်းခြောက်ခြင်း ရောဂါလက္ခဏာများ

- ရေငတ်ခြင်း

- ပါးစပ်ခြောက်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- စိတ်ပူပန်ခြင်း၊ စိတ်တိုလွယ်ခြင်း

- ဆီးအရောင်ရင့်ခြင်း၊ ဆီးသွားနည်းခြင်း

- အသားအရည် မွဲခြောက်ခြင်း

- ၀မ်းချုပ်ခြင်း

- ခေါင်းမူးခြင်း

- ခေါင်းကိုက်ခြင်း

- ပါးစပ်မှ အနံ့ဆိုးထွက်ခြင်း

- သကြားဓာတ် တောင်းတခြင်း

- ကြွက်တက်ခြင်း

 

2. ဆိုးရွားစွာ ရေဓာတ်ခန်းခြောက်ကြောင်း ခံစားရနိုင်သော ရောဂါလက္ခဏာများ

- ရေအလွန်ငတ်ခြင်း

- နှလုံးခုန်မြန်ခြင်း

- သတိလစ်မေ့မျောခြင်း

- အသက်ရှူမြန်ခြင်း

- မျက်စိကြောင်ခြင်း

- သွေးပေါင်ကျခြင်း

- အသားအရည် အလွန်အမင်း မွဲခြောက်ခြင်း

- ဆိုးရွားစွာ ခေါင်းမူးခြင်း

- ဆီးအရောင် အလွန်ရင့်ခြင်း၊ ဆီးသွားမှု အလွန်နည်းခြင်း

- ပူပြင်းသောအချိန် (သို့) လေ့ကျင့်ခန်း ပြုလုပ်ချိန်၌ပင် ချေွးမထွက်ခြင်း

 

♦ ရေဓာတ်ခန်းခြောက်ခြင်းကို သိနိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်း

            လက်ဖဖိုးပေါ်မှ အရေပြားကို ဆွဲဆိတ်ကြည့်ပါ။ အကယ်၍ အရေပြားကချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားပါက ရေဓာတ်လုံလောက်နေတယ်လို့ သိနိုင်ပါတယ်။ ထိုကဲ့သို့မဟုတ်ဘဲ အရေပြားက ဆွဲဆိတ်ထားတဲ့ပုံအတိုင်း အချိန်အနည်းငယ်ကြာနေပါက ရေဓာတ်လုံလောက်မှု မရှိတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

 

♦ တစ်နေ့လျှင် ရေဘယ်လောက် သောက်သင့်ပါလဲ?

            ပျမ်းမျှအနေနဲ့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ နေ့စဉ် သောက်သုံးပေးဖို့လိုပါတယ်။ လူ့ရဲ့ခန္ဓာကိုယ်ကို ရေ ၆၀ - ၈၀% ဖြင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ်ပုံမှန် ရေလုံလောက်စွာ မသောက်သုံးပါက -

1. သွေးထဲမှရေများ ဆုံးရှုံးခြင်း (၈% အထိ) - အကျိုးဆက်အနေနဲ့ သွေးကြောများ ကျဉ်းမြောင်းခြင်း၊ သွေးခဲခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

2. ဆဲလ်တွေကြားမှာရှိတဲ့ နေရာလွတ်တွေထဲမှ ရေများဆုံးရှုံးခြင်း (၂၆% အထိ) - အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ် မြင့်တက်လာခြင်း၊ ဂေါက်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်၌ ကျောက်တည်ခြင်း၊ အရိုးများ ကြွတ်ဆတ်လာခြင်း၊ ခုခံအားစနစ် ကျဆင်းလာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

3. ဆဲလ်အတွင်းမှရေများ ဆုံးရှုံးခြင်း (၆၆% အထိ) - အကျိုးဆက်အနေနဲ့ ကိုလက်စထရော မြင့်တက်ခြင်း၊ ဇီ၀ဖြစ်စဉ်များ အားနည်းလာခြင်း၊ အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ရေဓာတ် မလုံလောက်တဲ့ ဆဲလ်တွေဟာ အဆီတွေကို ကောင်းစွာ မလောင်ကျွမ်းစေနိုင်တာကြောင့် အ၀လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com