ကျောက်ကပ်၌ ကျောက်တည်ခြင်း၏ ရောဂါလက္ခဏာများ
ကျောက်ကပ်အတွင်းမှာ ရှိနေတဲ့ကျောက်ဟာ ရွေ့လျားခြင်း၊ ကျောက်ကပ်နဲ့ ဆီးအိမ်ဆက်ထားတဲ့ ဆီးပြွန်အတွင်းသို့ ရောက်ရှိခြင်းတို့မှလွဲ၍ အခြားအချိန်များ၌ မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရပေ။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
♦ နံရိုးအောက်၊ ကျောဘက်နဲ့ ဘေးဘက်များတွင် ပြင်းထန်စွာ နာကျင်ခြင်း။
♦ ၀မ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံများထိအောင် နာကျင်ခြင်း။
♦ နာကျင်မှုမှာ လှိုင်းပုံသဏ္ဌာန်ဖြစ်၍ နာလိုက် သက်သာလိုက်ဖြစ်ခြင်း။
♦ ဆီးသွားစဉ် နာကျင်ခြင်း။
♦ ဆီးအရောင်မှာ ပန်းရောင်၊ အနီရောင် (သို့) အညိုရောင်ဖြစ်ခြင်း။
♦ ဆီးနောက်ခြင်း (သို့) ဆီးအနံ့ပြင်းခြင်း။
♦ ပျို့ခြင်း၊ အန်ခြင်း။
♦ အမြဲတစေ ဆီးသွားချင်နေခြင်း။
♦ ပုံမှန်ထက် ပို၍ဆီးသွားခြင်း။
♦ ရောဂါပိုး ၀င်နေပါက အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း။
♦ တစ်ကြိမ်ဆီးသွားလျှင် အနည်းငယ်သာသွားခြင်း။
ကျောက်ကပ်မှာရှိတဲ့ ကျောက်တုံးဟာ ဆီးလမ်းကြောင်းတစ်လျှောက် ရွေ့လျားနေတာကြောင့် နာကျင်မှုဟာ အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ (ဥပမာ - အခြားနေရာသို့ ရွေ့သွားခြင်း၊ နာလိုက် ပျောက်လိုက်ဖြစ်ခြင်း)
Dr. Thinzar Wynn (www.drmyanmar.com)




























