/
node/5011

Vitamin C

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        Vitamin C ဟာ ရေမှာပျော်၀င်တဲ့ဗီတာမင်ဖြစ်ပြီး ဆဲလ်တွေမှာဓာတ်တိုးပြီး ပျက်စီးတဲ့ဖြစ်စဉ်တွေကို ဟန့်တားပေးနိုင်တဲ့ အာနိသင်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါ၀င်ပါတယ်။ ဒါ့အပြင် Vitamin C က အနာကျက်စေပြီး အရေပြားအသစ်ဖြစ်စေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကိုအားပေးပါတယ်။ Vitamin C ကို ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့အတွက် Citrus သစ်သီးတွေဖြစ်တဲ့ ဂရိပ်ဖရု၊ လိမေ္မာ်သီး၊ ကီ၀ီသီးတို့လို သစ်သီးမျိုးတွေစားပေးမှသာ Vitamin C ပြည့်စုံလုံလောက်စွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်စုပ်ယူမှုအားကောင်းစေပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေကို ခုခံတိုက်ခိုက်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေကိုတိုးပွားစေပါတယ်။ Vitamin C ဟာ ခုခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် အဖြစ်များတဲ့ ဖျားနာမှုတွေနဲ့ တုပ်ကွေးရောဂါကို အမြစ်ပြတ်အောင်ကုသပေးနိုင်စွမ်းမရှိပေမယ့်လည်း ရောဂါလက္ခဏာပြင်းထန်မှုကိုတော့ သက်သာစေနိုင်ပါတယ်။

 

Vitamin C က ရရှိနိုင်တဲ့ အကျိုးကျေးဇူး

          သွေးတွင်းကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးပြီး မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တဲ့ Vitamin C မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ ရောဂါလက္ခဏာများစွာကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတိ္တတွေရှိနေပါတယ်။

(1)     ပါးရေတွန့်ခြင်း (သို့) နေလောင်ကွက်

(2)     အရက်နာကျခြင်း

(3)     ဓာတ်မတည့်မှုများ

(4)     အယ်ဇိုင်းမားစ်ရောဂါ

(5)     ပန်းနာရင်ကျပ်ရောဂါ

(6)     သွေးကြောလေးကျစ်ခြင်း

(7)     အော်တစ်ဇင် (အထီးကျန်စိတ်ေ၀ဒနာ)

(8)     ဘက်တီးရီးယားပိုးကူးစက်မှု

(9)     အိပ်ယာနာ

(10)    အဆုတ်ပြွန်ရောင်ရမ်းခြင်း

(11)    ပွန်းပဲ့ဒဏ်ရာ

(12)    အပူလောင်ဒဏ်ရာ

(13)    ကင်ဆာရောဂါ

(14)    နှလုံးသွေးကြောဆိုင်ရာရောဂါများ

(15)    အတွင်းတိမ်

(16)    အအေးမိဖျားနာခြင်း

(17)    ခရုန်းရောဂါ

(18)    အရေပြားရောဂါ

(19)    ဆီးချိုရောဂါ

(20)    နှင်းခူ

(21)    ပင်ပန်းနွမ်းလျခြင်း

(22)    အရိုးကျိုးခြင်း

(23)    သည်းခြေအိတ်ရောင်ရမ်းခြင်း

(24)    သည်းခြေကျောက်တည်ခြင်း

(25)    အစာအိမ်ရောင်နာ

(26)    သွားဖုံးရောင်နာ

(27)    ၀တ်မှုန်ကြောင့်ဖြစ်သောရောဂါ (နှာခေါင်းပိတ်ခြင်း၊ နှာချေဆတ်ခြင်း၊ မျက်လုံးနီရဲဲခြင်း)

(28)    နှလုံးရောဂါ

(29)    HIV/AIDS ရောဂါ

(30)    အင်ပျဉ်

(31)    သွေးတိုးခြင်း

(32)    ကိုယ်ခံစွမ်းအားကျဆင်းခြင်း

(33)    ရောင်ရမ်းခြင်း

(34)    တုပ်ကွေး

(35)    အိပ်မပျော်ခြင်း

(36)    သွေးဆုံးကိုင်ခြင်း

(37)    ရိုးဆက်ရောင်ရမ်းနာ

(38)    အရေပြားကင်ဆာ

(39)    အမာရွတ်

(40)    စိတ်ကစဥ့်ကလျားရောဂါ

(41)    စိတ်ဖိစီးမှု

(42)    ရောဂါပိုးကူးစက်မှု

(43)    ရေယုန်

(44)    ခါးနာခြင်း

(45)    အမြင်အာရုံချို့ယွင်းခြင်း

(46)    ထိပ်ခတ်နာ

(47)    အားကစားကြောင့် ထိခိုက်ဒဏ်ရာရခြင်း

Vitamin C ချို့တဲ့ခြင်း

          Vitamin C ကြွယ်၀တဲ့အစားအစာတွေ မစားလို့ဘဲဖြစ်ဖြစ်၊ စားတာနည်းလို့ပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးတွေ၊ ဖျားနာပျောက်ဆေးတွေနဲ့ ပဋိဇီ၀ပိုးသတ်ဆေးတွေကြောင့်လည်း Vitamin C ချို့တဲ့မှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ Vitamin C ချို့တဲ့ခြင်းဟာ သေဆုံးခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။

          Vitamin C ချို့တဲ့နေခြင်းကို သိရှိနိုင်မယ့်ရောဂါလက္ခဏာများ -

(1)     သွေးအားနည်းခြင်း

(2)     ခံတွင်းပျက်ခြင်း

(3)     အဆစ် (သို့) သွားဖုံးမှ သွေးထွက်ခြင်း

(4)     ထိခိုက်ဒဏ်ရာလွယ်ကူခြင်း

(5)     ကြွက်တက်ခြင်း

(6)     မှတ်ဉာဏ်ချို့တဲ့ခြင်း

(7)     စိတ်ဓာတ်ကျခြင်း

(8)     လေးလံထိုင်းမှိုင်းနေခြင်း

(9)     အသားအရေစိုပြည်မှုမရှိခြင်း

(10)    ပင်ပန်းနွမ်းနယ်ခြင်း

(11)    ဖျားနာခြင်း

(12)    သွေးမတိတ်ခြင်း

(13)    စိတ်ကယောင်ချောက်ခြားဖြစ်ခြင်း

(14)    ရောဂါပိုးကူးစက်ခံရမှုများမကြာခဏဖြစ်ပွားခြင်း

(15)    ရောင်ရမ်းခြင်း

(16)    အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း

(17)    နှာခေါင်းသွေးလျှံခြင်း

(18)    ကြွက်သားများနာကျင်ခြင်း

(19)    အနာမကျက်ခြင်း

(20)    ကိုယ်ခံစွမ်းအားကျဆင်းခြင်း

(21)    ရိုးဆစ်ရောင်ရမ်းခြင်း

(22)    အားအင်ချည့်နဲ့ဲခြင်း

(23)    အသက်ရှူမ၀ခြင်း

 

Vitamin C အဆိပ်သင့်စေမှု

          Vitamin C ဟာ သာမန်အားဖြင့်တော့ အဆိပ်အတောက်မဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ပမာဏထက်များလာမယ်ဆိုရင်တော့ ဘေးဖြစ်စေပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူ များ၊ ကျောက်ကပ်ကျောက်တည်နေသူများဟာ Vitamin C အများအပြားမှီ၀ဲခြင်းမှ ရှောင်ရှားသင့်ပါတယ်။

 

Vitamin C အဆိပ်သင့်မှု၏ ရောဂါလက္ခဏာများ

(1)     ၀မ်းဗိုက်ကြွက်သားများနာကျင်ခြင်း

(2)     ကိုယ်လက်အင်္ဂါများဖောရောင်ခြင်း

(3)     ဆီးသွားချိန်တွင် နာကျင်ခြင်း

(4)     ၀မ်းလျှောခြင်း

(5)     လေပွခြင်း

(6)     ပျို့ခြင်း

(7)     အဖုအပိမ့်များထွက်ခြင်း

(8)     ဗိုက်နာခြင်း

Vitamin C ကြွယ်၀သော အစားအစာများ

          ရှောက်သီး၊ သံပုရာမျိုး၀င်အသီး ဗီတာမင် C အကောင်းဆုံးရရှိနိုင်တဲ့ အရင်းမြစ်တွေဖြစ်ပေမယ့် သင်နဲ့ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် C ကြွယ်၀စွာပါ၀င်နေပါတယ်။

(1)     ပန်းသီး

(2)     ရေကညွတ်

(3)     ဘယ်ရီသီး

(4)     စပျစ်သီးခြောက်

(5)     ပဲလက်မ

(6)     ပန်းဂေါ်ဖီစိမ်း

(7)     ချယ်ရီသီး

(8)     ဂေါ်ဖီထုပ်

(9)     ပန်းဂေါ်ဖီ

(10)    ဖရဲသီး

(11)    သငေ်္ဘာသီး

(12)    တရုတ်နံနံ

(13)    မက်မွန်သီး

(14)    ငရုတ်ကောင်း

(15)    နာနတ်သီး

(16)    အာလူး

(17)    ဖရုံသီး

(18)    မုန်လာဥ

(19)    နှင်းဆီရိုင်းအသီး

(20)    ပဲပုပ်

(21)    ကိုက်လန်

(22)    ကီ၀ီသီး

(23)    ခါးဖုမုန်လာ

(24)    ကြက်သွန်မြိတ်

(25)    သရက်သီး

(26)    စတော်ဘယ်ရီသီး

(27)    ခရမ်းချဉ်သီး

(28)    တရုတ်မုန်လာ

(29)    သစ်ကြားသီး

ညစာစားပြီးတိုင်း လိမေ္မာ်ရည်တစ်ခွက်ကို နေ့စဉ်သောက်ပါက သံဓာတ်စုပ်ယူမှုအား ပိုကောင်းစေပါတယ်။ ပြုပြင်ဖန်တီးထားတဲ့ Vitamin C ထက် သဘာ၀Vitamin C က ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။

နေ့စဉ်မှီ၀ဲသင့်တဲ့ Vitamin C ပမာဏ

          Vitamin C နေ့စဉ်လိုအပ်ချက်ပမာဏနဲ့ပြည့်မီပြီး အဆမတန်များပြားခြင်းမှကာကွယ်ဖို့ အရွယ်ရောက်ပြီး အမျိုးသားတွေအနေနဲ့ 90mg၊ အမျိုးသမီးတွေအနေနဲ့ 75mg မှီ၀ဲပေးသင့်ပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ကတော့ ဆေးလိပ်မသောက်သူတွေထက် တစ်နေ့တာ Vitamin C ပမာဏ 35mg ပိုပြီး မှီ၀ဲပေး ဖို့လိုအပ်ပါတယ်။

 www.drmyanmar.com