/
node/5106

သငေ်္ဘာသီး၏ အကျိုးအာနိသင်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သငေ်္ဘာသီးကို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ၊ အူထဲမှာ ကပ်ပါးပိုး ဝင်ရောက်ခြင်း စတဲ့ရောဂါတွေကို ကာကွယ်ရန်၊ ကုသရန်နှင့် စိတ်ငြိမ်စေဖို့နဲ့ ဆီးဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ အာရုံကြော နာကျင်ခြင်းနဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ပြန်ရည်ကြော ရောင်ရမ်းခြင်းတွေအတွက်လည်း သုံးနိုင်ပါတယ်။ သငေ်္ဘာသီးမှာ အသားတွေကို နူးအိစေနိုင်တဲ့ papain ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဒီဓာတ်ဟာ သငေ်္ဘာသီးအမှည့်ထက် သငေ်္ဘာသီးအစိမ်းမှာ ပိုပြီးပြင်းအားများပါတယ်။

 

>>    သငေ်္ဘာသီးက ဘာတွေလုပ်ပေးလဲ?

        သငေ်္ဘာသီးမှာ ပါဝင်တဲ့ papain ဆိုတဲ့ဓာတ်က အသားဓာတ်၊ ကစီဓာတ်နဲ့ အဆီဓာတ်တွေကို ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အသားတွေ နူးအိစေဖို့အတွက် သုံးနိုင်ပါတယ်။ ဒါပေမဲ့ papain က အစာခြေရည်ကြောင့် ဓာတ်ပြောင်းနိုင်တဲ့အတွက် ပါးစပ်ကနေ စားမယ်ဆိုရင် ဆေးလို အကျိုးအာနိသင် ရနိုင်၊ မရနိုင် မေးခွန်းထုတ်နေကြပါတယ်။

          သငေ်္ဘာသီးမှာ carpain ဆိုတဲ့ ဓာတ်တစ်မျိုးလည်း ပါဝင်ပြီး ဒီဓာတ်က ကပ်ပါးပိုးအချို့ကို သတ်နိုင်ပြီး ဗဟိုအာရုံကြောစနစ်အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။

          သငေ်္ဘာသီးကို အစားအစာတွေမှာ တွေ့ရတဲ့ ပုံမှန်ပမာဏလောက်ပဲ စားမယ်ဆိုရင် စိတ်ချရပါတယ်။ ဆေးအဖြစ်နဲ့ သောက်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ပမာဏ အများကြီးစားမယ်၊ အစေးကို အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ စိတ်မချရပါဘူး။ သငေ်္ဘာသီးပမာဏ အများကြီးစားသုံးပါက အစာပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ သငေ်္ဘာသီးအစေးကို လိမ်းရင်လည်း ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။

 

>>    သတိထားရမည့်အချက်များ

        ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် - သငေ်္ဘာသီးကို ဆေးဖက်ဝင်မယ့် ပမာဏလောက်အထိ အများကြီး မသောက်ပါနဲ့။ သငေ်္ဘာသီးမှာ သဘာဝအတိုင်းတွေ့ရတဲ့ papain ဓာတ်က သနေ္ဓသားကို ထိခိုက်စေပြီး မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်စေနိုင်တယ်လို့ သုသေသနအချို့က ပြောပြတယ်။ နို့တိုက်နေတုန်း သောက်လို့ ရ၊ မရကတော့ မသေချာပါဘူး။ ဒါကြောင့် အစားအစာတွေမှာပါတဲ့ ပုံမှန်ပမာဏထက် ပိုပြီး အလွန်အကျွံ သောက်တာကို ရှောင်တာက အကောင်းဆုံးပါပဲ။

        ဆီးချိုရောဂါရှိသူများ - ကစော်ဖောက်ထားတဲ့ သငေ်္ဘာသီးက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ ဆီးချိုဆေးတွေ သောက်နေပါက သကြားဓာတ်ကို သေချာထိန်းညှိနိုင်ဖို့ လိုပါတယ်။

        သွေးတွင်းသကြားဓာတ်နည်းသူများ - ကစော်ဖောက်ထားတဲ့ သငေ်္ဘာသီးက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတဲ့အတွက် အရင်ကတည်းက သွေးတွင်းသကြားဓာတ် နည်းနေတဲ့သူတွေမှာ ဒီလိုပုံစံ သငေ်္ဘာသီးဆေး သောက်ပါက သကြားဓာတ် အလွန်အမင်း ကျဆင်းစေနိုင်ပါတယ်။

        Papain နှင့် ဓာတ်မတည့်ခြင်း - သငေ်္ဘာသီးမှာ ပါဝင်တဲ့ papain နဲ့ ဓာတ်မတည့်ပါက သငေ်္ဘာသီးနဲ့ သငေ်္ဘာသီး ပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်း မပြုပါနဲ့။

        အစေးနှင့် ဓာတ်မတည့်ခြင်း - အစေးနဲ့ ဓာတ်မတည့်ပါက သငေ်္ဘာသီးအစေးနဲ့လည်း ဓာတ်မတည့်နိုင်တဲ့အတွက် သငေ်္ဘာသီးနဲ့ သငေ်္ဘာသီးပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်း မပြုပါနဲ့။

        ခွဲစိတ်မှု - ကစော်ဖောက်ထားတဲ့ သငေ်္ဘာသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ သီအိုရီအရ ခွဲစိတ်မှု ပြုလုပ်နေစဉ်နဲ့ ခွဲစိတ်မှုပြီးနောက် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သငေ်္ဘာသီးဆေး သောက်နေပါက ခွဲစိတ်မှု မပြုလုပ်မီ 2 ပတ်မတိုင်ခင် ကတည်းက ဆေးသောက် ရပ်ထားသင့်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)