/
node/5269

သွားကြိတ်ခြင်းအတွက် နည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွားကြိတ်ခြင်းကို ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေကတော့ ...

•        ကိုလာ၊ ချောကလက်၊ ကော်ဖီ စတဲ့ ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေနဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။

•        အရက်သေစာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ အရက်သောက်ပြီးတဲ့အခါမှာ သွားကြိတ်တာကို ပိုဖြစ်စေပါတယ်။

•        ခဲတံ (သို့) ဘော့ပင် (သို့) အစားအစာ မဟုတ်တဲ့ ဘယ်အရာကိုမှ ပါးစပ်က မကိုက်ပါနဲ့။ ပီကေ ဝါးစားခြင်းဖြင့် မေးရိုးကြွက်သားတွေကို အံကြိတ်တဲ့အကျင့် ပိုရစေပြီး အံကြိတ်မှုကို ပိုဖြစ်စေတဲ့အတွက် ပီကေ မဝါးပါနဲ့။

•        အံ မကြိတ်စေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပါ။ နေ့ဘက်မှာ အံကြိတ်တာကို သတိထားမိရင် လျှာထိပ်လေးကို သွားနှစ်ခုကြားမှာ ခံထားပါ။ ဒါက မေးရိုးကြွက်သားတွေကို ပြေလျော့စေပါတယ်။

•        ညဘက်မှာ ပါးပေါ်ကို ရေနွေးဝတ်သန့်သန့်နှင့် ဖိထားပြီး မေးရိုးကြွက်သားတွေကို ဖြေလျော့ထားပါ။

 Dr. Mya Myo Myo Swe (www.drmyanmar.com)