/
node/5408

ကိုလက်စထရော များစေတဲ့ အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးထဲမှာ အဆီ များစေလာနိုင်တဲ့ အကြောင်းရင်းတွေ အများအပြား ရှိနိုင်ပေမယ့် အစားအစာတွေကတော့ အဓိကအကြောင်းအရင်းတွေထဲမှာ ပါဝင်နိုင်ပါတယ်။

          ဒါကြောင့် အောက်ပါအစားအစာတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပါတယ်။

 

1.      အဆီပြည့်နို့

          အဆီပြည့်နို့တွေမှာ ပြည့်ဝဆီတွေ အများအပြား ပါဝင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ အဆီပြည့်နို့အစား အဆီထုတ်ထားတဲ့ နို့တွေကိုသာ သောက်သုံးသင့်ပါတယ်။

          အဆီပြည့်နို့နဲ့ နို့ထွက်ပစ္စည်းများဟာ -

•        အဆီပြည့်နို့

•        နို့ဆီ

•        ခရင်မ်

•        ထောပတ်နဲ့ မာဂျရင်းတို့ပဲ ဖြစ်ပါတယ်။

 

2.      ချိစ်

          ချိစ်တွေဟာ တစ်ခုနဲ့တစ်ခု ပါဝင်တဲ့ အာဟာရပမာဏ၊ အဆီပမာဏ မတူကြပါဘူး။ တချို့ ချိစ်တွေကတော့ အဆီပါဝင်မှု နည်းပါးပြီး တချို့မှာတော့ အဆီဓာတ် များပြားတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

 

3.      အသား

          ပုံမှန်စားသုံးနေကျ အစားအစာတွေမှာ အသားဟာ မပါမဖြစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဝက်သား၊ အမဲသား စတာတွေဟာ အဆီများတဲအတွက် တတ်နိုင်သမျှ လျှော့စားရပါမယ်။

     အဆီနည်း အသားများတဲ့ ကြက်သား၊ ဘဲသား စတာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

 

4.      ကလီစာ

          ကလီစာတွေမှာ ဗီတာမင် A, B နဲ့ D အပြင် ပိုတက်ဆီယမ်နဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ပြည့်ဝဆီတွေနဲ့ ကိုလက်စထရောတွေ များပြားတဲ့အတွက် ရံဖန်ရံခါမှသာ စားသုံးသင့်ပါတယ်။

 

5.      မရောနိစ်

          အသားညှပ်ပေါင်မုန့်တွေ၊ ဘာဂါတွေမှာ ထည့်စားလေ့ရှိတဲ့ မရောနိစ်ဟာလည်း အဆီနဲ့ ကိုလက်စစထရော၊ ကယ်လိုရီတွေ များပြားလှတဲ့အတွက် အမြဲတစေ မစားသင့်ပါဘူး။

 

6.      အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များ

          အသင့်စား ပေါင်မုန့်၊ ကိတ်မန့်တွေမှာ သကြား၊ ပြည့်ဝဆီတွေနဲ့ အဆီတွေ အများအပြား ပါဝင်ပါတယ်။

 

          ဒါတွေဟာ အားလုံးဟာ သွေးထဲမှာ အဆီဓာတ်ကို များပြားစေနိုင်ပြီး သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

          ဒါကြောင့် သွေးတွင်း ကိုလက်စထရော မတက်သးရင်တောင် ဒီအစားအစာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။ ဒါမှသာ သွေးကြောပိတ်၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်စတဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)