/
node/5429

နားနားနေနေ လေ့ကျင့်ခန်း လုပ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေကြောင်း လူအများစု သိကြပါတယ်။ ဒါပေမဲ့ အလုပ်တွေ များချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သီးသန့် မပေးနိုင်သူတွေအတွက် နည်းလမ်းကောင်းများကတော့ -

1.       နေ့လယ်စာ စားပြီးချိန်မှာ လမ်းခဏ လျှောက်ပါ။

2.       အရမ်းအမြင့်ကြီး မဟုတ်လျှင် ဓာတ်လှေကားမသုံးဘဲ ရိုးရိုးလှေကားမှ တက်ပါ။

3.       ဖုန်းပြောချိန် ခဏနားရင်း အင်တာနက်သုံးချိန်မှာ မတ်တတ်ရပ်၍ သုံးပါ။

4.       အလုပ်က ပြန်ချိန်မှာ အချိန်ရရင် တစ်မှတ်တိုင်စာလောက် ပိုလမ်းလျှောက်ကြည့်ပါ။

          ဟိုငေးဒီငေးနှင့် လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပါတယ်။

5.       အိမ်ပြန်ရောက်ချိန်မှာ ကလေးများနဲ့ ဆော့ကစားပါ။ ဟိုပြေးဒီပြေး ဆော့နေတဲ့ ကလေးနောက်ကို လိုက်နေခြင်းဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

Dr. Zero (www.drmyanmar.com)