/
node/5439

ကိုလက်စရောဓာတ် ကျစေသော အိမ်တွင်းနည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သွေးတွင်းမှာ ကိုလက်စရောတွေ များလာပါက ပြင်းထန်တဲ့ နှလုံးသွေးကြောပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် ကိုလက်စရောမတက်အောင် ထိန်းချုပ်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

          ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံမျိုး လိုအပ်ပါတယ်။ အဆီ အသင့်အတင့်သာ စားသုံးပြီး မကောင်းတဲ့ ကိုလက်စရောတွေကို သွေးတွင်းကနေ မောင်းထုတ်ပေးမယ့် အစားအစာတွေ စားသုံးပါ။

 

1.      ကြက်သွန်ဖြူနှင့် သံပရာသီး

          ပထမဆုံးအနေနဲ့ ကြက်သွန်ဖြူအစိမ်းနဲ့ သံပရာရည်တို့မှာ ကျွနု်ပ်တို့ သွေးကြောအတွင်း စုဝေးနေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ ဒီနှစ်မျိုးက သွေးကို သန့်စင်ပေးပြီး အလွန်အမင်း ရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

>>    ပါဝင်ပစ္စည်း

•        ကြက်သွန်ဖြူ အစိမ်းတစ်တက်

•        သံပရာသီးရည် (သံပရာသီးတစ်ခြမ်း)

>>    ပြုလုပ်နည်း

          ကြက်သွန်ဖြူ အစိမ်းတစ်တက်ကို ကြိတ်ချေပြီး သံပရာရည်နှင့် ရောပါ။

>>    သောက်သုံးနည်း

          ကြက်သွန်ဖြူနဲ့ သံပရာရည် အရောကို မနက်နိုးနိုးချင်း ဘာမှမစားမီ အနည်းဆုံး 3 ပတ်ကြာအောင် သောက်ပါ။

 

2.      ဝိုင်နှင့် နံနံပင်

          ဝိုင်နီနဲ့ နံနံပင် ကုထုံးက သွေးတွင်းကိုလက်စရောတွေကို လျော့ကျစေတဲ့ ရှေးဟောင်းကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက သွေးကြောများအတွင်း အဆီတွေဖြစ်တည်မှုကို ဟန့်တားပေးခြင်းအားဖြင့် သွေးကြောပိတ်ခြင်းနဲ့ သွေးတိုးခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        ဝိုင်နီ 2 ခွက် (400 ml)

•        နံနံပင် ကြိတ်ရည် လက်ဖက်ရည်ဇွန်း 3 ဇွန်း (30 g)

>>    ပြုလုပ်နည်း

•        ပထမဆုံး ဝိုင်နီကို ပုလင်း (သို့) ဖန်ဘူးထဲ လောင်းထည့်ပါ။ ပြီးနောက် နံနံပင်ကြိတ်ရည် ထည့်ပါ။

•        ဒီအရောကို 12 ရက်လောက် ထားထားပြီးမှ သောက်သုံးပါ။

>>    သောက်သုံးနည်း

•        အစာ မစားမီ ခွက်တစ်ခွက် (100 ml) သောက်ပါ။

•        2 ပတ်ကြာ ဆက်သောက်ပါ။

 

3.      သခွားသီးနှင့် မာလကာသီး

          လတ်ဆတ်တဲ့ သခွားသီးနဲ့ မာလကာသီးဖျော်ရည်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့ အင်္ဂါတွေကို လှုံ့ဆော်ပေးပြီး မကောင်းတဲ့ ကိုလက်စရောတွေကို ဖယ်ရှားပေးပါတယ်။

          အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အူကနေပြီး အဆီတွေ စုပ်ယူမှုကို လျော့ကျစေပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        သခွားသီးတစ်ဝက်

•        မာလကာသီး 2 လုံး

•        ရေခွက်တစ်ဝက် (100 ml)

>>    ပြုလုပ်နည်း

•        ပါဝင်ပစ္စည်းများကို လှီးဖြတ်ပြီး ရေနှင့် ရောမွှေပါ။

•        မိနစ် အနည်းငယ်ကြာအောင် မွှေပေးပြီး ချက်ချင်းသောက်ပါ။

>>    သောက်သုံးနည်း

•        မနက်စောစော ဘာမှမစားမီ ဒီအရည်ကို သောက်သုံးပါ။ အနည်းဆုံး တစ်ပတ်ကို 3 ကြိမ် သောက်ပါ။

 

4.      နာနတ်သီးချင်းရည်

          နာနာသီးနဲ့ ချင်းရည်မှာ ပါဝင်တဲ့ ဆီးသွားစေတဲ့အစွမ်းနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်စွမ်းက ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး သွေးကြောထဲမှာ အဆီတွေ စုပ်ယူနိုင်နှုန်းကို လျော့ကျစေပါတယ်။ ဒီဂုဏ်သတ္တိတွေက ခန္ဓာကိုယ်အတွင်းမှာ အရည်တွေ စုပုံနေခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        အခွံပါ နာနတ်သီး 3 စိတ်

•        ရေ 3 ခွက် (600 ml)

•        ကြိတ်ချေထားသော ချင်းစားပွဲတင်ဇွန်း 1 ဇွန်း (10 g)

>>    ပြုလုပ်နည်း

•        နာနတ်သီးများကို အခွံမခွာဘဲ အတုံးသေးသေးလေးများ တုံးပြီး ရေနှင့် ရောကျိုပါ။

•        ဆူလာသောအခါ မီးဖိုပေါ်မှချပြီး ကြိတ်ထားသောချင်းများ ထည့်ပါ။

•        သောက်သုံးရန် သင့်တော်သောအပူချိန် ရောက်အောင်ထားထားပါ။

>>    သောက်သုံးနည်း

•        အစာမစားမီ 1 ခွက်သောက်ပါ။ တစ်နေ့ 3 ကြိမ် သောက်သုံးပါ။

•        တစ်ပတ်လျှင် အနည်းဆုံး 3 ကြိမ် သောက်သုံးပေးပါ။

 

5.      နှမ်း၊ ပန်းသီးနှင့် အုတ်ဂျုံ

          နှမ်းလက်ဖက်ရည်၊ ပန်းသီး၊ အုတ်ဂျုံတို့ဖြင့် ပြုလုပ်ထားတဲ့ ဖျော်ရည်ဟာဆိုရင် သွေးတွင်းကိုလက်စရောနဲ့ Triglyceride အဆီတွေကို ကျစေခြင်းအားဖြင့် သွေးကြောတွေကို သန့်စင်ပေးပါတယ်။ ဒီအစားအစာတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အစာချေအား ကောင်းစေကာ နှလုံးသွေးကြော ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        နှမ်း စားပွဲတင်ဇွန်း 1 ဇွန်း (10 g)

•        ရေ 1 ခွက် (200 ml)

•        ပန်းသီးစိမ်းတစ်လုံး

•        အုတ်ဂျုံ စားပွဲတင်ဇွန်း 2 ဇွန်း (20 g)

>>    ပြုလုပ်နည်း

•        နှမ်း စားပွဲတင်ဇွန်း 1 ဇွန်းကို ရေနွေးဆူဆူတစ်ခွက်ထဲ ထည့်ပြီး တစ်ညလုံးထားထားပါ။

•        နောက်နေ့မနက်တွင် အရည်အဖတ် သတ်သတ်ခွဲလိုက်ပြီး အရည်တွေကို သစ်သီးဖျော်စက်ထဲ ထည့်ပါ။ ပန််းသီးစိမ်း၊ အုတ်ဂျုံတို့ပါ ထည့်ပါ။ ကောင်းကောင်း ရောနှောသွားသည်အထိ ရောမွှေပါ။

>>    သောက်သုံးနည်း

•        မနက်စောစော ဘာမှမစားမီ ဒီအရည်ကို သောက်ပါ။ အရည်သောက်ပြီး မိနစ် 30 ကြာမှ မနက်စာ စားပါ။

•        3 ပတ် ဆက်တိုက် သောက်သုံးပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)