ပုခုံးကြွက်သား အဆစ်အမြစ်တွေအတွက် ပုံပါအတိုင်း လေ့ကျင့်ခန်း လိုက်လုပ်ကြည့်ပါ။
လုပ်ရတာ လွယ်ကူပါသလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်ပါတယ်။ အသက် ငယ်ရွယ်သေးတဲ့အတွက် ဖြစ်နိုင်သလို ပုခုံးအဆစ်တွေ ပျော့ပြောင်းသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လုပ်တော့ လုပ်နိုင်ပါရဲ့၊ အနည်းငယ် ကသိကအောင့် ဖြစ်ရတယ်ဆိုပါက ပိုလေ့ကျင့်ဖို့ လိုအပ်ပါသေးတယ်။ အကယ်၍ မလုပ်နိုင်ဘူး၊ လုပ်ရတာ ခက်ခဲနေရင်တော့ လက်နောက်ပစ်ပြီး တံတောင်ကို လက်နဲ့ ဆုပ်ကိုင်တဲ့ အနေအထားကို မိနစ်အနည်းငယ်ကြာ လုပ်ပေးပါ။ နောက်ပိုင်းမှာ ပုခုံးရိုးကပ်ရောဂါမျိုး မဖြစ်ချင်ရင် ဒီလေ့ကျင့်ခန်းကို များများလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























