/
node/5511

တားဆေးသုံးတာ နှစ်ပေါက်နေရင်ရော ကလေး မရနိုင်တာမျိုး ဖြစ်နိုင်လား?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        တားဆေးတွေ ဘယ်လောက်ကြာကြာ သုံးခဲ့သုံးခဲ့ ကလေး ရနိုင်ခြေအပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး။ အမျိုးသမီးအများစုမှာ တားဆေးရပ်ပြီး 3 လအတွင်း ပြန်လည်သားဥကြွေနိုင်စွမ်း ရှိပါတယ်။

          ဒါကြောင့် သားဖွားမီးယပ်ဆရာဝန်များက ကလေးယူဖို့အစီအစဉ် ရှိသူတွေကို တားဆေး 3 လ ကြိုဖြတ်စေပြီး ကလေးမယူခင်စပ်ကြားမှာ ကွန်ဒုံးသုံးခိုင်းလေ့ ရှိပါတယ်။ ဒါမှသာ ရာသီစက်ဝန်း ပြန်မှန်လာပြီး ကိုယ်ဝန်ရလာတဲ့အခါမှာလည်း ကလေးမွေးမယ့်ရက်ကို မှန်မှန်ကန်ကန် ခန့်မှန်းတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

          ချက်ချင်း ကလေးယူချင်သူတွေမှာလည်း ပုံမမှန်သွေးဆင်းမှု မဖြစ်စေရန် လတ်တလော သောက်နေတဲ့ ဆေးကတ်ကိုတော့ ကုန်အောင် သောက်စေလိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)