/
node/5517

နွေရာသီမှာ လေ့ကျင့်ခန်း လုပ်ရာဝယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဒီလို ပူအိုက်လှတဲ့ ရာသီဥတုမှာ လှချင်ပချင် ကိုကို၊ ပျိုပျိုတို့ Gym သွား လေ့ကျင့်ခန်း လုပ်ကြမယ် ဆိုရင်တော့ဖြင့် အောက်ပါနည်းလမ်းလေးတွေကို ဆောင်ဖို့၊ ရှောင်ဖို့တော့ လိုမယ်နော်။

 

●        အချိန်ကောင်းရွေးပါ။

          အပူချိန်မပြင်းတဲ့ မနက်စောစောနဲ့ ညနေပိုင်းတွေမှာ လုပ်ပေးသင့်ပါတယ်။

 

●        အဝတ်အစား အရွေးမှန်ပါစေ။

          အပူအောင်းမနေတဲ့ ပေါ့ပေါ့ပါးပါး ပွပွယောင်းယောင်း အဝတ်အစားမျိုးကို ရွေးချယ်ပါ။

 

●        အပူအအေး အပြောင်းအလဲ သတိထားပါ။

          နေပူထဲကနေ အအေးခန်းတွေထဲ ရုတ်တရက် ချက်ချင်း မဝင်ပါနဲ့။ ကိုယ်အပူ တဖြည်းဖြည်း အေးသွားမှသာ ဝင်သင့်ပါတယ်။

 

●        ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။

          ဒီရာသီဥတုကြီးမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် တွန်းလုပ်လိုက်မဟဲ့လို့ မကြွေးကြော်ပါနဲ့။ ဖြည်းဖြည်းသက်သာလုပ်ပါ။

 

●        ရေဟာ အရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့။

          လေ့ကျင့်ခန်း မလုပ်မီ၊ လုပ်စဉ်နဲ့ လုပ်အပြီးမှာ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါဘယတွေကို ရှောင်ကြဉ်ဖို့ ရေများများ သောက်ပါ။

 

          အပူချိန်ကြောင့် ပိုဆိုးနိုင်တဲ့ ကျန်းမာရေးအခြေအနေ တစ်ခုခု ရှိပါက လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)