/
node/5518

ထီးအရောင်လေး ရွေးကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နွေနေပူပူမှာ အရိပ်ထဲ နားနေသင့်တာ အများစု သိကြပါတယ်။

          ဒါပေမဲ့ မသွားမဖြစ် သွားရမယ့် အချိန်မျိုးမှာတော့ ထီး၊ ဦးထုပ် ဆောင်းခြင်းဖြင့် နေဒဏ်ကို ကာကွယ်ဖို့ လိုပါတယ်။

          ဒါဖြင့် ထီးကို ဘယ်အရောင် ဆောင်းကြမလဲ?

          လေ့လာသူတွေကတော့ နေပူပူမှာ ထီးအမည်းရောင် ဆောင်းတာက နေဒဏ်ကို ပိုကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အမည်းရောင်ဟာ နေရောင်ခြည်ကို စုပ်ယူထားတဲ့အတွက် ကိုယ့်ဆီကို နေရောင်ခြည် သိပ်မရောက်တော့ဘူးပေါ့။

          အပြင်ဘက်မှာ နေရောင်ကာတဲ့ ငွေမှင်တွေရှိပြီး အတွင်းဘက်က အမည်းရောင်ရှိတဲ့ ထီးမျိုးကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ အကောင်းဆုံးပါပဲ။

Dr. Zero (www.drmyanmar.com)