/
node/5522

နွားနို့ မသောက်ရင် ဘာသောက်မလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နေ့စဉ် အစားအစာတွေမှာ နို့ လုံးဝမပါဘူးဆိုရင် ဗီတာမင် D, ကယ်ဆီယမ်၊ ဗီတာမင် B နဲ့ အသားဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် နို့ လုံးဝမသောက်သူတွေမှာ ဗီတာမင်ချို့တဲ့တာတွေကို ကာကွယ်ဖို့ မိမိအသက်အရွယ်၊ အစားအစာ၊ လိင်ပေါ်မှာ မူတည်ပြီး အားဆေးလုံလောက်စွာ သောက်ဖို့ လိုပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ အစားအစာတွေလည်း စားသုံးနိုင်ပါတယ်။ တကယ်လို့ ကိုယ်က နို့နဲ့ မ,တည့်ဘူးထင်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အစားအစာပုံစံ ပြောင်းလဲပါ။ နို့အစား ပဲနို့ကို သောက်သုံးနိုင်ပါတယ်။

www.drmyanmar.com