/
node/5560

သငေ်္ဘာဒန့်သလွန်ရဲ့ ကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      လေပြွန်ရောင်ခြင်းနဲ့ ထိပ်ကပ်နာတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

          သငေ်္ဘာဒန့်သလွန်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် အထူးပင် အကျိုးရှိပါတယ်။ ဒီသငေ်္ဘာဒန့်သလွန်ကို ရှူရှိုက်မိလိုက်တဲ့အခါ မျက်ရည်၊ နှာရည်တွေ ကျလာတာဟာ ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့အတွက် ထပ်ကပ်နာအတွက် ကောင်းသလို လေပြွန်ရောင်ခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးမိခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။

 

2.      သွေးအားနည်းခြင်းကို ကုသပေးနိုင်ပါတယ်။

          သံဓာတ်စတဲ့ သတ္တုပစ္စည်းတွေ ပါဝင်တာကြောင့် သွေးအားနည်းသူတွေအတွက် သင့်တော်ပါတယ်။

 

3.      အစာကြေစေနိုင်ပါတယ်။

          သငေ်္ဘာဒန့်သလွန်မှာ ပါဝင်တဲ့ Phtochemical တွေဟာ တံတွေးထွက်ခြင်း၊ အစာချေရည် ထွက်ခြင်းတို့ကို အားပေးပါတယ်။ Phytochemical တွေနဲ့ အမျှင်ဓာတ်တွေဟာ ပါးစပ်ကစပြီး အူတွေအထိကို အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုတွေကို အားပေးပါတယ်။ ဒါကြောင့် ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေကို နည်းပါးစေနိုင်ပါတယ်။

 

4.      ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

          သငေ်္ဘာဒန့်သလွန်ဟာ ဘက်တီးရီးယားပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် အအေးမိ၊ တုပ်ကွေးရာသီတွေမှာ သငေ်္ဘာဒန့်သလွန် ဖြည့်စွက်စားသုံးပေးခြင်းဖြင့် ဘက်တီးရီးယား မဝင်ရောက်အောင် ကာကွယ်ပေးပါတယ်။

 

5.      သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။

          ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် သငေ်္ဘာဒန့်သလွန်ကို ဝါးပေးခြင်းဖြင့် ပိုးသေစေနိုင်တဲ့အပြင် သွားကိုက်တာကိုလည်း သက်သာစေနိုင်ပြီး သွားဖုံးတွေကို ခိုင်မာစေနိုင်ပါတယ်။

 

6.      ကြွက်သားနာကျင်ခြင်းနဲ့ အဆစ်အမြစ် ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။

          သငေ်္ဘာဒန့်သလွန်ဟာ အရေပြားအောက်လွှာ သွေးအသွားအလာကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားနဲ့ အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

 

7.      ဆီးရွှင်စေပါတယ်။

          ဆီးရွှင်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ပြေပျောက်စေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)