/
node/5601

ပူအိုက်တဲ့ညတွေမှာ ပန်ကာဖွင့် အိပ်သလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ပူအိုက်တဲ့ ညတွေမှာ အိပ်ရာဘေးမှာ ပန်ကာထားကာ ပန်ကာကို မျက်နှာတည့်တည့်မှာ ထားပြီး တစ်ညလုံး ဖွင့်အိပ်တာဟာ အလွန်မှားပါတယ်။ ပန်ကာလေဟာ သဘာဝလေ မဟုတ်တဲ့အပြင် အအေးလွန်ပြီး ခန္ဓာကိုယ် ညောင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ ပန်ကာလေကြောင့် အသားအရေ ခြောက်သွေ့တာတွေ ဖြစ်လာနိုင်ပါတယ်။

          ဒီတော့ ပန်ကာဖွင့်မယ်ဆို ပန်ကာကို နံရံဘက်ကို လှည့်လိုက်ပါ။ နံရံဘက်ကနေ ပြန်ကန်လာမယ့်လေကို အိပ်ရာကို ဦးတည်လာပါစေ။ တိုက်ရိုက်လေ မဟုတ်တဲ့အတွက် အအေး မျှတတာပေါ့။

www.drmyanmar.com