/
node/5606

သွေးတိုးရောဂါရှိသူများ ကော်ဖီသောက်လွန်ခြင်းကြောင့် အကြိုသွေးချိုဆီးချိုရောဂါရစေနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကော်ဖီအသောက်များပါက အကြိုသွေးချိုဆီးချိုရောဂါ (Pre Diabetes)ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ အထူးသဖြင့် အစာခြေဖျက်နှုန်းနှေးတဲ့ သွေးတိုးရောဂါသည်တွေမှာ အကြိုသွေးချိုဆီးချိုဖြစ်နိုင်ခြေ အခွင့်အလမ်းပိုများပါတယ်။

Naturally Better 1

          ဘာကြောင့်လည်းဆိုတော့ အစာချေဖျက်နှုန်းနှေးတာဟာ ကဖင်းဓာတ် ချေဖြတ်ရာမှာလည်း နှေးသွားပါတယ်။ ယင်းကဲ့သို့ ကဖင်းဓာတ် လောင်ကျွမ်းမှုနှေးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တည်ရှိမှု အချိန်ကြန့်ကြာနေပြီး သကြားဓာတ်ကို လုံလောက်အောင် ချေဖျက်နိုင်စွမ်းမရှိတော့ပါဘူး။

Naturally Better 2

          သကြားဓာတ်ချေဖျက်နှုန်းလျော့ကျနေချိန်မှာ ကော်ဖီတစ်ခွက်ပြီး တစ်ခွက်ဆင့်ကာ သောက်လိုက်ခြင်းကြောင့် သကြားဓာတ်ကို ချေဖျက်နိုင်စွမ်းမရှိတော့ဘဲ သွေးထဲမှာ သကြားဓာတ်စုပုံသွားပါတယ်။ ၎င်းကဲ့သို့ သွေးတွင်းသကြားဓာတ်ပမာဏများလာခြင်းကြောင့် သွေးချိုဆီးချိုဖြစ်နိုင်တဲ့ အလားအလာလဲ များလားပါတယ်။ ဒါကြောင့် သွေးတိုးလည်းရှိ အစာချေဖျက်နှုန်းလည်း အားနည်းတယ်ဆိုသူတွေအနေနဲ့ တစ်နေ့တာမှာကော်ဖီအများကြီးမသောက်မိစေဖို့ သတိပြုဆင်ခြင်သင့်ပါတယ်။

www.drmyanmar.com