/
node/5634

မျက်ကပ်မှန်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အခုနောက်ပိုင်းမှာ အဝေးမှုန်ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျက်မှန်အစား မျက်လုံးမှာ တိုက်ရိုက်ထည့်ထားနိုင်တဲ့ မျက်ကပ်မှန်တွေကို အသုံးပြုလာကြပါတယ်။

 

>>    ဘာလို့မျက်ကပ်မှန် တပ်တာလဲ?

          မျက်မှန်ထက်စာရင် မျက်ကပ်မှန်တွေဟာ အောက်ပါအချက်တွေ ပိုသာပါတယ်။

●        မျက်မှန် လိုက်ရှာနေရတဲ့ပြဿနာကို ရှောင်နိုင်ပါတယ်။

●        ဘေးဘက်တွေကို ကောင်းကောင်းပိုမြင်နိုင်ပြီး မိုးရေ၊ နှင်း၊ အငွေ့တွေနဲ့ ချွေးတွေကြောင့် ရေငွေ့ရိုက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အားကစားလုပ်ဖို့နဲ့ အပြင်ဘက်သွားတဲ့အခါ အထူးသင့်တော်ပါတယ်။

●        နေကာမျက်မှန်၊ ရေငုပ်မျက်မှန် စတာတွေကို အလွယ်တကူ တပ်နိုင်ပါတယ်။

●        Keratoconus လို့ခေါ်တဲ့ မျက်ကြည်လွှာ ပါးပြီး ခုံးတတ်လာတဲ့ရောဂါနဲ့ Aniseikonia လို့ခေါ်တဲ့ အမြင်အာရုံ လွဲမှားတဲ့ရောဂါတွေမှာ မျက်ကပ်မှန်က ပိုပြီးထိရောက်ပါတယ်။

●        မျက်လုံးအရောင် ပြောင်းလဲနိုင်ပါတယ်။

 

>>    မျက်ကပ်မှန်နဲ့ အဆင်ပြေပါ့မလား?

          မျက်ကပ်မှန် အသုံးမပြုခင်မှာ မျက်စိဆရာဝန်နဲ့ ပြသပြီး ကိုယ်နဲ့ သင့်တော်မယ့် မျက်ကပ်မှန် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ မျက်ကပ်မှန်ကို ဘယ်လိုတပ်ရမယ်၊ ဘယ်လိုသန့်ရှင်းရမယ် ဆိုတာတွေကို သင်ကြားပေးပါလိမ့်မယ်။ မျက်လုံးထဲ ပိုးမွှားတွေ မဝင်ရလေအောင် မျက်ကပ်မှန် တပ်တဲ့အခါ သေချာဆေးကြောပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)