/
node/5724

စိတ်ဓာတ်ကျနေသူကို ဖေးမ,ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      ကိုယ်မပြောခင် သူပြောတာကို သေချာနားထောင်ပေးပါ။

          စိတ်ဓာတ်ကျနေသူတွေကို အတင်း စကားပြောတာ၊ အကြံဉာဏ်ပေးတာတွေ မလုပ်ပါနဲ့။

 

2.      အကောင်းမြင်စိတ်မွေးပြီး ချဉ်းကပ်ပါ။

          စိတ်ဓာတ်ကျနေသူကို ချဉ်းကပ်တဲ့အခါ မကောင်းပြောတာ၊ ဝေဖန်တာမျိုးတွေ မလုပ်ပါနဲ့။ အခြေအနေကို ပိုဆိုးစေပါလိမ့်မယ်။

 

3.      စိတ်ရင်းအမှန်နဲ့ အားပေးပါ။

          အားပေးချင်ဇောနဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးပါနဲ့။ မဖြစ်နိုင်မှန်းသိတဲ့အခါ နောက်ပိုင်း ဘာပြောပြော လက်မခံတော့တာမျိုး ဖြစ်တတ်ပါတယ်။

 

4.      အမြဲအနားမှာ ရှိပေးပါ။

          တစ်ခါတလေ တစ်ယောက်တည်း နေချင်လေ့ရှိပေမယ့် သူလိုအပ်တဲ့အချိန်တိုင်း အနားမှာရှိကြောင်း ပြသပါ။

 

5.      လူမှုရေးတွေမှာ ပါဝင်စေပါ။

          ညင်ညင်သာသာနဲ့ အလိမ္မာလေးသုံးပြီး လူမှုရေးမှာ ပါဝင်စေပါ။ စိတ်ဓာတ် ပိုကျစေနိုင်မယ့် နေရာမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။

 

6.      အရက်နဲ့ဆေး လွဲမှားသုံးစွဲခြင်းကို ရှောင်စေပါ။

          စိတ်ဓာတ်ကျနေသူတွေဟာ အဆုံးစွန်မှာ အရက်နဲ့ဆေးကို အားကိုးတတ်ကြပါတယ်။ ဒါဟာ ပိုဆိုးစေနိုင်တဲ့နည်းလမ်း ဖြစ်တာကြောင့် တတ်နိုင်သမျှ ရှောင်စေပါ။

 

7.      ကိုယ့်ရဲ့အထောက်အပံ့ မလုံလောက်တဲ့အခါ နားလည်တတ်ကျွမ်းသူရဲ့ အကူအညီကို ယူပါ။

          ကိုယ်တိုင် ကြိုးစားမှုနဲ့ မရနိုင်တဲ့အခါ ပိုမိုဆိုးရွားတဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်းလိုမျိုး နောက်ဆက်တွဲတွေ မဖြစ်ရလေအောင် တတ်ကျွမ်းသူနဲ့ ပြသဆွေးနွေးပါ။

Dr. Emerald (www.drmyanmar.com)