/
node/5762

အစာမကြေလွယ်ဘဲ လေပွတာကို ဘယ်လိုသက်သာအောင်လုပ်သင့်လဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစာမကြေလွယ်ဘဲ လေပွပြီး ဗိုက်တင်းနေတတ်သူတွေအတွက်ပါ။ အစာအိမ်လုပ်ငန်းနှေးကွေးတယ်လို့ ဆိုရမှာပေါ့။ အဘိုးအဘွားတွေ အာရုံကြောရောဂါသည်တွေ ဆီးချိုရောဂါသည်တွေမှာလည်း တွေ့ရတတ်ပါတယ်။

• လေပွမယ်

• ရင်ပူမယ်

• ဗိုက်ကယ်မယ်

• တခါစားပြီးထပ်မစားချင်ဘူး

• အတော်ကြာတဲ့အထိမဆာဘူး

Kremil-S 1

♦♦ ဒီလိုလူတွေအတွက် ဘယ်လိုနည်းတွေက ထိရောက်သလဲ

          ကြည့်ကြည့်ရအောင်ဆောင်ရန်ရှောင်ရန်လေးတွေပေါ့..ရေရှည်သာဆို အာဟာရမပြည့်၀တာနဲ့ ကျန်းမာရေးထိခိုက်တတ်လို့ဖြစ်ပါတယ်။ အစာကြေဆေးတွေစားတာအပြင် အခြားနည်းလမ်းကောင်းလေးတွေကိုလည်း ညွှန်ပါရစေ။

• အစာကိုနည်းနည်းနဲ့ ခဏခဏစားမယ်

• အစားစားချိန် ဟင်းချို သို့မဟုတ် ရေ၊ ဖျော်ရည်တွေ မသောက်သင့်ဘူး။

• ဘာစားစားဖြေးဖြေးနဲ့ အာရုံစိုက်စားမယ်

• အစာကိုကြေညက်အောင်ဝါးမယ်

• စားနေချိန် အထိုင်အထ၊ အိပ်တာ၊ လှဲချတာ မလုပ်သင့်ဘူး

• ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေးစားပါ။

Kremil-S 2

• အဆီများတဲ့ အစားအစာတွေ၊ နို့နဲ့နို့ထွက်စားစရာတွေ၊ ဒိန်ချဉ်၊ နွားနို့၊ ပူတင်းထောပတ် ဒါတွေလျှော့စားပါ။

• ၀က်သား၊ အဆီအခေါက်၊ ဆီပြန်ဟင်းတွေ ရှောင်ကြဉ်ပါ။

• လိမေ္မာ်သီး၊ ဖရဲသီး၊ ဒူးရင်းစတဲ့ အမျှင်များတဲ့ အသီးအနှံတွေကို ရှောင်ပါ။

• သစ်သီးစားတဲ့အခါ အလုံးလိုက်စားစိတ်စားတာထက် ဖျော်ရည်လုပ်သောက်လိုက်တာ အစာမြန်မြန်ကြေလွယ်စေပါတယ်။

• အသီးအနှံတွေကို ချက်စားပါ။ နူးအောင် ရေနွေးလောင်းပါ။ ပြုတ်ပါ။ ကြော်ပါ။ နူးနူးညံ့ညံံ့အစာကြေလွယ်လေ ကောင်းလေပါပဲ။

• ပေါင်မုန့်နုနု၊ ကိတ်မုန့်၊ ဆန်ကြာဇံ၊ မုန့်တီ ခေါက်ဆွဲပြုတ်ချို တွေစားနိုင်ပါတယ်။ ဂျုံနုလေ အစာကြေလွယ်လေပါပဲ။

          ဖော်ပြပါနည်းလမ်းလေးတွေဟာ အစာမကြေလေပွတာ၊ အစာအိမ်လုပ်ငန်းနှေးကွေးတာကို အထိုက်အလျောက်သက်သာစေတာမို့ လိုက်နာကျင့်သုံးကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)