/
node/5852

အင်ဆူလင်ဆိုတာဘာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အင်​ဆူလင်​ဆိုတာ ပန်​ကရိယလို့​ခေါ်တဲ့ မုန်​့ချိုအိတ်​က​နေထွက်​လာတဲ့ ​ဟော်​မုန်​းတစ်​မျိုးပါ။ အင်​ဆူလင်​ရှိမှ ​သွေးထဲကဂလုကို့စ်​အချိုဓာတ်​​တွေ ဆဲလ်​ကလာဒ်​စည်​း​တွေထဲဝင်​နိုင်​တဲ့အတွက်​ ​သွေးတွင်​းအချိုဓာတ်​ကို အဓိကထိန်​းညှိ​ပေးတာဟာ သူဆိုလည်​း မမှားပါဘူး။ ဆီးချို​ရောဂါအမျိုးအစား၁မှာ အင်​ဆူလင်​လုံးဝမထုတ်​​ပေးနိုင်​လို့ အသက်​ရှင်​ရပ်​တည်​နိုင်​ဖို့အတွက်​ အပြင်​က အင်​ဆူလင်​ထိုး​ပေးရတယ်​။ ဆီးချို​ရောဂါအမျိုးအစား၂မှာ​တော့ အင်​ဆူလင်​ထုတ်​​ပေးနိုင်​​ပေမယ်​့ မလုံ​လောက်​တဲ့အခါ အင်​ဆူလင်​ထိုးဖို့လိုအပ်​နိုင်​တယ်​။

          အင်​ဆူလင်​ကို အခုမှစသုံးဖူးမယ်​့သူ​တွေ​ရော၊ သုံးဖူးပြီးသား​ပေမယ်​့ ​ရေ​ရေရာရညမသိ​သေးတဲ့သူ​တွေ​ရောအတွက်​ အင်​ဆူလင်​အ​ကြောင်​း၆ချက်​ကို ​ပြောပြပါမယ်​။

 

၁။ အင်​ဆူလင်​ထိုးတာဟာ​ နောက်​ဆုံးအဆင်​့မဟုတ်​ပါဘူး။

 

          လူအများစုက အင်ဆူလင်​ကို ​​နောက်​ဆုံး​အဆင်​့၊ ​ရောဂါမနိုင်​​တော့မှ ထိုးရတာဆိုပြီး ထင်​တတ်​​၊​ကြောက်​တတ်​ကြတယ်​။ ဆီးချို​ရောဂါဆိုတာ ကြာ​လေ​လေ ပိုဆိုး​လေ​​လေ၊ အင်​ဆူလင်​ထုတ်​လုပ်​ဖို့၊ သုံးစွဲဖို့ပိုခက်​​လေ​လေ ဆိုတာက​တော့ ဟုတ်​ပါတယ်​။ ဒါ​ပေမယ်​့ အင်​ဆူလင်​စထိုးပြီးဆိုတာနဲ့ ​ရောဂါဂိတ်​ဆုံးတာ​တော့ မဟုတ်​ဘူး။ တကယ​်​တော့ အင်​ဆူလင်​ဟာ ဆီးချိုအတွက်​သုံးတဲ့​ဆေး​တွေထဲက ​ဆေးတစ်​မျိုးပါပဲ။ အင်​ဆူလင်​ကိ​ု​နောက်​ဆုံးအဆင်​့လို့ ထင်​တတ်​ကြ​ပေမယ်​့ တစ်​ခါတစ်​​လေ အ​စောဆုံးသုံးရတဲ့ကုသမှုလည်​းဖြစ်​​တတ်​တယ်​။

 

၂။ အင်​ဆူလင်​ထိုးတာမနာပါဘူး။

 

          အခြားဆီးချို​ဆေး​တွေနဲ့မတူတာက အင်​ဆူလင်​ကထိုး​ဆေးဖြစ်​​နေတာပါ။ ဒါ​ကြောင်​့ တစ်​ချို့အပ်​​ကြောက်​သူ​တွေက ထိုးဖု့ိမဝ့ံမရဲဖြစ်​တတ်​တယ်​။ ဒါ​ပေမယ်​့ အင်​ဆူလင်​ထိုးတဲ့အပ်​ဆိုတာ ​သေ​း​သေး​လေး​တွေဖြစ်​လို့ ထင်​သ​လောက်​မနာပါဘူး။ က​လေး​တွေ​တောင်​ ကိုယ်​့ဟာကိုယ်​ထိုးတတ်​ကြတယ်​။ (တစ်​ချို့အင်​ဆူလင်​အမျိုးအစား​တွေဆိုရင်​ အပ်​​တောင်​မလိုပဲနဲ့ အသားထဲအင်​ဆူလင်​ထိုးထည်​့​ပေးတာမျိုး​တောင်​ ​ပေါ​်​​နေပါပြီ။) ဒါ​ကြောင်​့ အင်​ဆူလင်​စထိုးတဲ့လူ​တွေမှာ အစပိုငး်​မှာနာမယ်ထင်​ပြီး ရှုံ့တွ​နေပြီးမှ မနာမှန်​းသိသွားတဲ့ မျက်​နှာကိုကြည်​့ရတာသိပ်​​ကျေနပ်​ဖို့​ကောင်​းတယ်​။

Naturally Better 1

၃။ အင်​ဆူလင်​ထိုးရတာသိပ်​အလုပ်​မရှုပ်​ပါဘူး။

 

အင်​ဆူလင်​ထိုးဖို့ထုတ်​ထားတဲ့ ပစ္စည်​း​လေး​တွေဟာ အရင်​ကထက်​စာရင်​ ပိုပြီးသယ်​ရပြုရလွယ်​လာပြီ။ အများစုက သယ်​ရလွယ်​ကူတဲ့ အင်​ဆူလင်​Pen​လေး​တွေကို သုံးကြတယ်​။ တစ်​ချို့pen​တွေမှာဆို အင်​ဆူလင်​ဖြည်​့ပြီးသား​တောင်​ လာတတ်​တယ်​။ တစ်​ချို့က အင်​ဆူလင်​ထိုး​ပေးတဲ့စက်​က​လေးကို သုံးကြတယ်​။ ဒီစက်​က​လေး​တွေက အင်​ဆူလင်​ကို ပုံမှန်​သူ့အချိန်​နဲ့သူ ထိုး​ပေးမယ်​့ ပရိုဂရမ်​​တွေပါတယ်​။ အကယ်​၍ ပိုထိုးဖို့လိုအပ်​လာမယ်​ဆိုရင်​ ထိုးရမယ်​့ပမာဏကို ရိုက်​ထည်​့လိုက်​ပြီး ခလုတ်​က​လေးနှိပ်​လိုက်​ရုံပဲ။

 

၄။ အင်​ဆူလင်​ထုတ်​လုပ်​မှုဟာ သိသိသာသာကို တိုးတက်​​ပြောင်​းလဲလာပါပြီ။

 

၁၉၂၀ Torontoမြို့မှာ အင်​ဆူလင်​စတီထွင်​တုန်​းက ဝက်​​တွေနွား​တွေရဲ့ ပန်​ကရိယတစ်​ရှူး​တွေက​နေ ထုတ်​ခဲ့ရတယ်​။ ၁၉၈၀ခုနှစ်​အထိ တိရစၦာန်​​တွေဆီက ထုတ်​တုန်​းပါပဲ။ ဒါ​ပေမယ်​့ ဒီ​နေ့​ခေတ်​မှာ​တော့ အင်​ဆူလင်​​တွေက အများကြီးတိုးတက်​လာပါပြီ။ အင်​ဆူလင်​အများစုဟာ အင်​ဆူလင်​ထုတ်​​ပေးတဲ့ လူ့မျိုးရိုးဗီဇနဲ့ ဘတ်​တီရီးယားဆဲလ်​နဲ့​ပေါင်​းစပ်​ ထုတ်​လုပ်လာပါတယ်​။ ဒါ​ကြောင်​့ တကယ်​့လူ့ခန္ဓာကိုယ်​ကထုတ်​လုပ်​တဲ့အတိုင်​း ဖြစ်​လာပါပြီ။

Naturally Better 2

၅။ အင်​ဆူလင်​တိုင်​းကမတူပါဘူး။

 

အခု​ခေတ်​​မှာ လူ​တွေမှာရှိတဲ့ အင်​ဆူလင်​အတိုင်​း အလုပ်​လုပ်​​ပေးနိုင်​ဖို့ အင်​ဆူလင်​အမျိုးအစား​တွေ ကွဲကွွဲဲပြားပြားထုတ်​လာကြတယ်​။ အင်​ဆူလင်​ စအလုပ်​လုပ်​ဖို့ကြာချိန်​၊ အကျိုးအာနိသင်​ကြာချိန်​၊ အာနိသင်​အ​ကောင်​းဆုံးအချိန်​ စသည်​ဖြင်​့ တစ်​ခုနဲ့တစ်​ခု မတူပါဘူး။ ဒါ​ကြောင်​့ လူအမျိုးမျိုးအ​ထွေ​​ထွေ၊ ​နေထိုင်​မှုမျိုးစုံ၊ အသက်​မျိုးစုံ၊ ကျန်​းမာ​ရေးအ​ခြေအ​နေမျိုးစုံ​အ​ပေါ်မူတည်​ပြီး ​​ရွေးချယ်​နိုင်​လာတယ်​။ ကိုယ်​နဲ့ကိုက်​ညီမယ်​့ အင်​ဆူလင်​အမျိုးအစားကို ဆရာဝန်​နဲ့ တိုင်​​ပင်​​ဆွေး​နွေးနိုင်​ပါတယ်​။

 

၆။ အင်​ဆူလင်​ကို​သေချာဂရုစိုက်​ပြီးသိမ်​းရမယ်​။

 

မဖွင်​့ရ​သေးတဲ့ အင်​ဆူလင်​ပုလင်​းကို​တောင်​ ​ရေခဲ​သေတ္တာထဲထည်​့သိမ်​းထားရမယ်​။ ဒါ​ပေမယ်​့ ခဲထားစရာ​တော့မလိုပါဘူး။ ဒါ့တင်​မက​ ဖွင်​့ပြီးသားအင်​ဆူလင်​ပုလင်​းကိုလည်​း ၂၈ရက်​ထက်​ပိုပြီး မသုံးသင်​့ဘူး။ ရက်​လွန်​​နေတဲ့ အင်​ဆူလင်​ကိုလည်​း မသုံးပါနဲ့။ အင်​ဆူလင်​​တွေမှာ တစ်​ချို့ကအကြည်​၊ တစ်​ချို့ကအ​နောက်​ ပုံစံမျိုးစုံရှိတာ​ကြောင်​့ ကိုယ်​ထိုးမယ်​့အင်​ဆူလင်​ပုံစံကို ကိုယ်​့ဟာကိုယ်​သိထားပြီး ထိုးခါနီးတိုင်း သတိထားကြည်​့ရမယ်​။

 

အင်​ဆူလင်​ဟာ ဆီးချို​ရောဂါကို ​ပျောက်​​အောင်​ လုပ်​​ပေးတာ​တော့မဟုတ်​​ပေမယ်​့ ကျန်​းကျန်​းမာမာလူ​ကောင်​းအတိုင်​း​နေနိုင်​ဖို့ လိုအပ်​ချက်​ကို ဖြည်​့စည်​​း​ပေး​​နေတဲ့အရာတစ်​ခု ဖြစ်​တယ်​။ အင်​ဆူလင်​ထိုးသူ​အများစုမှာ အင်​ဆူလင်​ထိုးပြီး​နောက်​ ပိုပြီး​နေထိုင်​​ကောင်​းလာတယ်​ဆိုပြီး ​ပြော​လေ့ရှိကြတယ်​။ ​​စော​စောမစမိတာ​တောင်​ ​နောင်​တရမဆုံး​ဖြစ်​​ကြတယ်​။

    ​

 

Dr. Mya Phoo Ngon (www.drmyanmar.com)